တရားမ၀င်မြန်မာလုပ်သား ၁၈၉ ဦးကို ထိုင်းနိုင်ငံ ရနောင်းကနေ မြန်မာဘက်ကို ပြန်ပို့

ဘန်ကောက်၊ အောက်တိုဘာ-၂၉-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံထဲကို တရားမ၀င်လာရောက်တဲ့ မြန်မာလုပ်သား ၁၈၉ ဦးကို ထိုင်းနိုင်ငံ ရနောင်းကနေ မြန်မာနိုင်ငံဘက်ကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာ ၂၈ ရက်မှာ ပြန်ပို့လိုက်ပါတယ်။

အမျိုးသား ၁၄၃ ဦးနဲ့ အမျိုးသမီး ၄၆ ဦးတို့ဟာ ထိုင်းနိုင်ငံကို တရားမ၀င်လာရောက်မှုကြောင့် တရားဥပဒေအရ အရေးယူခံရပြီးနောက် နေရပ်ပြန်ပို့ရေးအစီအစဉ်မှာ ဆန္ဒအလျောက်ပါ၀င်ခဲ့တယ်လို့ ထိုင်းတာ၀န်ရှိသူတွေက ပြောပါတယ်။

မြန်မာလုပ်သားတွေကို ရနောင်းမှာရှိတဲ့ ခေါင်နန်းဟောင်ကျေးရွာမှာရှိတဲ့ အကောက်ခွန်ဆိပ်ကမ်းတံတားကနေ စက်လှေ ၁၁ စင်းနဲ့ မြန်မာနိုင်ငံ ကော့သောင်းဘက်ကို အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းမှာ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာလုပ်သားတွေကို ပြန်ပို့ရာမှာ ရနောင်းရှိထိုင်းရေကြောင်းလုံခြုံရေးဆိုင်ရာ တာ၀န်ရှိသူတွေ၊ ထိုင်းရဲနဲ့စစ်တပ်တာ၀န်ရှိသူတွေနဲ့ မြန်မာစစ်သံမှူး ဦးတင်အောင်တို့ လိုက်ပါဆောင်ရွက်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Ref: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW