အောက်တိုဘာ ၁၈ ၊ ၂၀၂၂ SP(VOM) ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ မြို့နယ်ထွေ / အုပ်ရုံးနဲ့ စည်ပင်ရုံးဟာ ဒီကနေ့မနက် ၂ နာရီဝန်းကျင်က မီးလောင်ခဲ့သွားတယ်လို့ ဟားခါးမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၁ နာရီဝန်းကျင်က ဟားခါးမြို့ပေါ်မှာ သေနတ်ပစ်သံတွေကြားရတယ် ၊ သေနတ်သံတွေကြားရပြီးနောက် မြို့နယ်စုပေါင်းရုံးဘက်မှာ မီးလောင်တာ”လို့ ဟားခါးမြို့ခံ တယောက်ကပြောပါတယ်။ ဟားခါးမြို့နယ် မီးသတ်တပ်ဖွဲ့ရုံး တာဝန်ရှိသူ တယောက်က ” မြို့နယ် ထွေ/အုပ်ရုံးနဲ့ မြို့နယ် စည်ပင်ရုံးကို မီးပုလင်းတွေ ပစ်ပေါက်ပြီး ရှို့သွားတာဖြစ်တယ် ၊ ရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရ တာမရှိပေမယ့် ရုံးအသုံးအဆောင်ပစ္စည်းတွေနဲ့ ရုံးအဆောက်အဦတွေ ပျက်စီးဆုံးရှုံးတယ် ၊ မီးငြိမ်းသတ်ချိန် ၁ နာရီကျော်ကြာတယ် “လို့ ပြောပါတယ်။ အဲ့ဒီ မြို့နယ် ထွေ/အုပ်ရုံးနဲ့ မြို့နယ်စည်ပင်ရုံး…
Read MoreMonth: October 2022
ထိုင်၀မ်နဲ့ အချိန်တိုအတွင်းပေါင်းစည်းနိုင်ရေး တရုတ်ကြိုးပမ်းနေကြောင်း အမေရိကန်သတိပေး
ဝါရှင်တန်၊ အောက်တိုဘာ-၁၈-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံဟာ ယခင်ကမျှော်လင့်ထားတာထက် ပိုမိုမြန်ဆန်တဲ့ အချိန်အတွင်း ထိုင်၀မ်နဲ့ပေါင်းစည်းရေးကို ကြိုးပမ်းလုပ်ဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က အောက်တိုဘာ ၁၇ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး လက်ရှိ ပိုနေမြဲကျားနေမြဲအခြေအနေကို တရုတ်နိုင်ငံက လက်မခံဖို့ ဆုံးဖြတ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ ထိုင်၀မ်နဲ့ ပေါင်းစည်းရေးအတွက် စစ်ရေးအင်အားအသုံးပြုဖို့ကိစ္စကို စွန့်လွှတ်ခြင်းမရှိကြောင်း ပေကျင်းမှာ ကျင်းပတဲ့ ကွန်မြူနစ်ပါတီကွန်ဂရက် အဖွင့်မိန့်ခွန်းမှာ သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလိုပေါင်းစည်းရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ မအောင်မြင်ရင် အကျပ်ကိုင်တာနဲ့ အင်အားသုံးတာကို တရုတ်နိုင်ငံက အသုံးပြုလာနိုင်ပြီး ဒါဟာ လက်ရှိအနေအထားကို အကြီးအကျယ်အနှောက်အယှက်ဖြစ်စေပြီး တင်းမာမှုကြီးကြီးမားမား ဖြစ်ပေါ်စေကြောင်း ဘလင်ကင်က သတိပေးပြောဆိုပါတယ်။ အမေရိကန်ဟာ ထိုင်၀မ်နဲ့ ပတ်သက်တဲ့ ကတိက၀တ်တွေကို လေးစားပြီး ကျွန်းရဲ့ ခုခံနိုင်စွမ်းကို မြင့်တင်ပေးသွားမှာဖြစ်ကြောင်း သူကပြောပါတယ်။ တကယ်လို့ ထိုင်၀မ်ကို တရုတ်ကစစ်ရေးအရ တိုက်ခိုက်မှုပြုလုပ်လာမယ်ဆိုရင်…
Read Moreရုရှား Su-34 တိုက်လေယာဉ် လူနေရပ်ကွက်ပေါ် ပျက်ကျမီးလောင်မှု လူ ၁၃ ဦးထက်မနည်းသေဆုံး
မော်စကို၊ အောက်တိုဘာ-၁၈-၂၀၂၂ မျိုးဆက်(VOM) ရုရှားနိုင်ငံတောင်ပိုင်း ရေ့စ်ခ်မြို့ရှိ တိုက်ခန်းတွဲအဆောက်အအုံပေါ်ကို ရုရှားဗုံးကြဲတိုက်လေယာဉ်တစင်း ပျက်ကျမှုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ပျက်ကျသွားတဲ့လေယာဉ်ဟာ Su-34 ဂျက်တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး လေ့ကျင့်ပျံသန်းမှုပြုစဉ် ပျက်ကျခဲ့တာဖြစ်ကာ လေယာဉ်မှူးနှစ်ဦးကတော့ အဆောက်အအုံပေါ်ကို လေယာဉ်ပျက်မကျမီ ခုန်ထွက်နိုင်ခဲ့ပါတယ်။ အပျက်အစီးတွေကြားမှာ ရှာဖွေမှုတွေပြုလုပ်ပြီးနောက်မှာ သေဆုံးသွားသူတွေရဲ့ အလောင်း ၁၃ လောင်းကို ရှာတွေ့ရှိခဲ့ပြီး ကလေးငယ်သုံးဦးလည်း ပါ၀င်တယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ ကိုးထပ်တိုက်ဟာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူ ၆၈ ဦးကိုကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာရသူ ၁၉ ဦးကို ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ လေယာဉ်ပျံတက်ချိန်မှာ လေယာဉ်ရဲ့အင်ဂျင်တလုံး မီးလောင်မှုကြောင့် ပျက်ကျခဲ့တာဖြစ်ကြောင်း လေယာဉ်မှူးတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref: BBC Photo:AFP/ Reuters #voiceofmyanmar #VOM #မော်စကို
Read Moreခန္တီးမြို့မရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သား ၁၄ ဦး ထွက်ပြေး၊ ၅ယောက် ပြန်ဖမ်းမိ
အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ခန္တီးမြို့ ၊ ခန္တီးမြို့မရဲစခန်းမှာရှိတဲ့ အချုပ်ခန်းကို ဖောက်ထွင်းပြီး အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ဖြစ်စဥ် ဒီကနေ့မနက် ၃ နာရီဝန်းကျင်က ဖြစ်ပွါးခဲ့တယ်လို့ ခန္တီးခရိုင်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဒီမနက် ၃ နာရီဝန်းကျင်လောက်မှာ အချုပ်ခန်းဖောက်ခံရတာပါ ၊ အချုပ်ခန်း ထောင့်က သံတိုင်တချောင်းကို ဖြတ်တောက် ဖောက်ထွင်းပြီး ထွက်ပြေးသွားတာ အချုပ်သား ၁၄ ယောက်ဖြစ်တယ် ၊ အဲ့ဒီထဲက ဒီမနက်မှာ အချုပ်သား ၅ ယောက် ပြန်မိတယ် ၊ ၉ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ် “လို့ ခန္တီးရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ” ခန္တီးရဲစခန်း အချုပ်ခန်းထဲမှာက လက်နက်မှု…
Read Moreယူကရိန်းမြို့တော် ကိယက်ဗ်ကို ထိုးဆင်းဖောက်ခွဲတဲ့ ကာမီကာဇီဒရုန်းတွေနဲ့ ရုရှားတိုက်ခိုက်
ကိယက်ဗ်၊ အောက်တိုဘာ-၁၈-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မှာ ဒီနေ့ပေါက်ကွဲမှုလေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အောက်ကိုထိုးဆင်းဖောက်ခွဲတိုက်ခိုက်တဲ့ ကာမီကာဇီလို့ခေါ်တဲ့ ဒရုန်းတွေနဲ့ ရုရှားက တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းသမ္မတအကြံပေးဖြစ်သူက ပြောပါတယ်။ ဒါဟာ ရုရှားအနေနဲ့ သွေးရူးတွေးတန်းဖြစ်နေတယ်ဆိုတာ ပြသနေတာလို့ ယူကရိန်းသမ္မတဇီလန်စကီးရဲ့ အကြံပေး အန်ဒရီယာမက်က ပြောပါတယ်။ ကာမီကာဇီဒရုန်းတွေနဲ့ ဒီလိုတိုက်ခိုက်မှုကြောင့် Shevchenkivskiy အလယ်ပိုင်းရှိ လူနေအအောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ မြို့တော်၀န်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ရုရှားဟာ ယူကရိန်းမြို့တော်ကိယက်ဗ်အပါအ၀င် နိုင်ငံနေရာအနှံ့အပြားကို ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ဒီလိုက်တိုက်ခိုက်မှုကြောင်း လူ ၁၉ ဦးသေဆုံးခဲ့ပါတယ်။ ယူကရိန်းဆိပ်ကမ်းမြို့ဖြစ်တဲ့ Mykolaiv ကိုလည်း တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကာမီကာဇီဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့တော်၀န်ကပြောပါတယ်။ မြို့တော်ကိယက်ဗ်ကို မတိုက်ခိုက်မီ နာရီပိုင်းအလိုမှာ နေကြာဆီသိုလှောင်ကန်တွေကို ဒရုန်းသုံးစင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့တော်၀န်ကပြောပါတယ်။ ပေါက်ကွဲမှုတွေဟာ ဒီနေ့မနက် ၆ နာရီ မိနစ်…
Read Moreတရားစွဲဆိုခဲ့ပြီးဖြစ်တယ်လို့ ကြေညာထားတဲ့ နိုင်ငံခြားငွေ ရောင်းဝယ်ရေးတချို့ ပုံမှန်အတိုင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိနေသေးတယ်လို့ သိရ
အောက်တိုဘာ ၁၈-၂၀၂၂ SN (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်တယ်လို့ ကြေညာထားတဲ့ နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ငန်းတချို့က ပြင်ပမှာ ပုံမှန်အတိုင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်နေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားတာပါ။ လက်ရှိမှာ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်တဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုကတော့ Perfect Money နဲ့ B to P Money exchange တို့ဖြစ်ပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိတဲ့အတွက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုခဲ့တာ…
Read Moreမင်းပြားမှာ ကျောင်းဆရာမတဦး နဲ့ ၈ နှစ်အရွယ် ကလေးတဦးအပါအဝင် ၃ ဦး လက်နက်ကြီးမှန်ပြီး သေဆုံး
အောက်တိုဘာ ၁၇- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ထောင့်ချောင်းကျေးရွာမှာ ဒီကနေ့ တနင်္လာနေ့ ညနေအစောပိုင်း ၃ နာရီလောက်က လက်နက်ကြီးထိမှန်ပြီး အစိုးရဝန်ထမ်း ကျောင်းဆရာမတဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာမှာလည်း အမျိုးသမီးတဦးနဲ့ ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးတို့ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာက သေဆုံးသွားတဲ့ ကလေးငယ်ဟာ မရွှေအေးသိန်းလို့ သိရပြီး အသက် (၈)နှစ်ဖြစ်ကာ နောက်ထပ်အမျိုးသမီးတဦးကတော့ အသက် (၂၃) နှစ်အရွယ် မလှဆန်းယဉ် ဖြစ်တယ်လို့ သိရပါတယ်။ မင်းပြားမြို့နယ်၊ ထောင့်ချောင်းကျေးရွာက ဖြစ်စဉ်မှာတော့ နေ့လယ် ၁၂ နာရီလောက်ကစတင်ပြီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေ ဆူညံနေကြောင်းနဲ့ အဲဒီအချိန်ဟာ ကျောင်းသူ၊ ကျောင်းသားလေးတွေကို စာသင်ပြနေချိန်ဖြစ်တာနဲ့အညီ လက်နက်သံတွေကို ကြားလာရတာကြောင့် ထွက်ပြေးကြရာကနေ လက်နက်ကြီးကျည်ထိမှန်ပြီး…
Read Moreချောင်းဦးမြို့နယ်ထဲက ငါးလုံးတင်ကျေးရွာ အိမ်ခြေ ၁ ရာကျော် မီးရှို့ခံရ
အောက်တိုဘာ ၊၁၇ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ မုံရွာ ရေစကြို ပခုက္ကူကားလမ်းဘေးက ငါးလုံတင်ကျေးရွာဟာ အခုလ ၁၅ ရက်နဲ့ ၁၆ ရက်တွေက ၂ ရက်ဆက်တိုက် မီးရှို့ခံရတာကြောင့် ရွာထဲက အခြားအဆောက်အဦတွေ အပါအဝင် လူနေအိမ် ၁ရာကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ချောင်းဦးနယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ငါးလုံးတင်ကျေးရွာက ဂျုံရိုးဦးထုပ်တွေ အဓိကထား ထုတ်လုပ်တယ် ၊ အိမ်တိုင်းမှာလိုလို ဂျုံရိုးကုန်ကြမ်းလှောင်တဲ့ ဂျုံးရိုးတိုက်တွေရှိတယ် ၊ အဲ့ဒီလိုတိုက်တွေ အလုံး ၃၀ ကျော် ၊ လူနေအိမ် ၁၅၀ ဝန်းကျင်နဲ့ လယ်ယာလုပ်ငန်းသုံး ထွန်းစက်တွေ ၊ လှည်းတွေ ၊ ရေတင်စက်တွေ မီးလောင်ပျက်စီးကုန်တာ ” လို့ ငါးလုံတင်ကျေးရွာခံ…
Read Moreနိုင်ဂျီးရီးယားမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးရေဘေး သေဆုံးသူ ၆၀၀ ကျော်ရှိလာ
အဘူဂျာ၊ အောက်တိုဘာ-၁၇-၂၀၂၂ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံမှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေ ၆၀၀ ကျော်ထိရှိလာကြောင်း နိုင်ဂျီးရီးယား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။ ရေကြီးရေလျှံမှုနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမယ့်လည်း ပြည်နယ်အများအပြားမှာ ကောင်းစွာကြိုတင်ပြင်ဆင်မှုမရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် ပြည်သူ ၁ ဒသမ ၃ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အိမ်ခြေနှစ်သိန်းကျော် ပျက်စီးခဲ့ရပါတယ်။ ရေကြီးရေလျှံမှုတွေဟာ နို၀င်ဘာလကုန်ထိ ဆက်လက်ဖြစ်ပွားနေဖွယ်ရှိကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ ရာသီအလိုက်ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလေ့ရှိပေမယ့် ယခုနှစ်မှာ ပုံမှန်ထက် သိသိသာသာ ပိုမိုဆိုးရွားခဲ့ပြီး ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းခြင်းနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့်လို့ နိုင်ဂျီးရီးယားအစိုးရက ပြောပါတယ်။ ရေဘေးနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု အစီအမံတွေအားနည်းမှုနဲ့ အခြေခံအဆောက်အအုံတွေ အရည်အသွေးညံ့ဖျင်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။…
Read Moreဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ၊ ပစ်ခံရချိန် အမျိုးသားတဦးပါဒဏ်ရာရ
အောက်တိုဘာ ၁၇-၂၀၂၂ GG(VOM) မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး သေနတ်နဲ ပစ်ခံရပြီး သေဆုံးမှု ဒီနေ့အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ်ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဝမ်းတွင်းမြို့နယ်က ၊ ထမင်းဆိုင်တဆိုင်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ဧည့်သည်တွေနဲ့အတူ ထမင်းစားနေချိန် ဆိုင်အတွင်းကို သေနတ်နဲ့ဝင်ရောက်ပစ်သတ်ခံရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူး သေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ ” ၁ နာရီလောက်ကဖြစ်တာ၊ အုပ်ချုပ်ရေးမှူး သေတယ်။သူ့နောက်လိုက် တပည့် ဒဏ်ရာရတယ်။ ထမင်းဆိုင်ထဲကိုဝင်ပစ်ခံရတာလို့သိရတယ် “လို့ ဒေသခံ တဦးကပြောပါတယ်။ လက်ရှိမှာ သေဆုံးသူ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ဒဏ်ရာရရှိသူ အမျိုးသားကို ဆေးရုံကိုပို့ဆောင်ထားပြီး အခင်းဖြစ်တဲ့နေရာမှာလည်း စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်မိုးဦးဟာ နစကလက်ထက်မှာ အသစ်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး အသစ်ဖြစ်ကြောင်း ၊ ရဲဘက်ကနေ ရွှေ့ပြောင်းတာဝန်ပေးခံရသူလည်းဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။ အခုလ အောက်တိုဘာ ၉ ရက် ညပိုင်းကလည်း ဝမ်းတွင်းမြို့နယ်…
Read More