တောင်တွင်းကြီးက NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ထောင်ဒဏ် နှစ် တရာကျော် အမိန့်ချခံရ

နိုဝင်ဘာ ၊ ၁ ၊ ၂၀၂၂
SP( VOM)

မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့က NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူကို မကွေးခရိုင်တရားရုံးက မနေ့ အောက်တိုဘာ ၃၁ ရက်က ထောင်ဒဏ် နှစ်တရာကျော် အမိန့်ချမှတ်ခဲ့တယ်လို့ မကွေး တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က မကွေးခရိုင်တရားရုံးကနေ တောင်တွင်းကြီး မဲဆန္ဒနယ်မြေက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင်ဆိုသူကို အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၈ ခုနဲ့ ထောင်ဒဏ် ၁၄၈ နှစ် ချမှတ်လိုက်တာဖြစ်တယ် ” လို့ မကွေးမြို့ခံ တရားလွှတ်တော်ရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် ထောင်ဒဏ် နှစ်တရာကျော် ချမှတ်ခံရတဲ့ တောင်တွင်းကြီး မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင် ဟာ အရင်က ပုဒ်မ ၅၀၅ – က အပါအဝင် အမှု ၅ မှုနဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။

အဲ့ဒါကြောင့် မနေ့က ချမှတ်တဲ့ ထောင်ဒဏ် ၁၄၈ နှစ်နဲ့ အရင်အမိန့်ချထားပြီးသား ထောင်ဒဏ် ၂၅ နှစ်တို့ဟာ သီးခြားကျခံရမှာ ဖြစ်တာကြောင့် စုစုပေါင်း ထောင်ဒဏ်ဟာ ၁၇၃ နှစ် ကျခံရမှာဖြစ်တယ်လို့ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

#voiceofmyanmar #VOM #တောင်တွင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW