ဒေလီမှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားရ

ဒေလီ၊ အောက်တိုဘာ-၅-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ လေထုညစ်ညမ်းမှုအခြေအနေ ပိုမိုဆိုးရွားလာတောကြောင့် မူလတန်းကျောင်းအားလုံးကို နို၀င်ဘာ ၅ ရက်မှစပြီး အာဏာပိုင်တွေက ပိတ်ပစ်လိုက်ပါတယ်။

လေထုထဲမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အမှုန်အမွှားတွေပါ၀င်မှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ပမာဏထက် အဆ ၃၀ ထိမြင့်တက်လာကြောင်း လေထုအရည်အသွေးတိုင်းတာရေး ကိရိယာတွေမှာ နို၀င်ဘာ ၄ ရက်က မှတ်တမ်းတင်ထားပါတယ်။

လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက် နေ့ဘက်မှာ မော်တော်ယာဉ်တွေမောင်းနှင်မှုကို ကန့်သတ်ဖို့ အာဏာပိုင်တွေက စဉ်းစားနေပြီး မြို့တော်ဒေလီအနီးတစ်ဝိုက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း ယာယီရပ်ဆိုင်းဖို့ တိုက်တွန်းထားပါတယ်။

ဒီပါ၀လီပွဲတော်ကာလအတွင်း မီးရှူးမီးပန်းပစ်ဖောက်ခြင်းအပါအ၀င် လူအများအပြားဟာ ပျှော်ပွဲရွှုင်ပွဲတွေ ဆင်နွှဲပြီးနောက် ဒေလီရှိဆေးရုံမှာ လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးရောဂါဝေဒနာရှင် အများအပြား ဆေးရုံတက်နေရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

နယူးဒေလီရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ ယခုနှစ်မှာ အလွန်ဆိုးရွားနေပြီး လယ်သမားတွေက လယ်ယာမြေတွေမီးရှိြု့ုခင်း`၊ မီးရှူးမီးပန်း ပစ်ဖောက်ခြင်းနှဲ့ မော်တော်ယာဉ်တွေကနေ ထုတ်လွှတ်တဲ့ ဓါတ်ငွေ့တွေကြောင့် အခြေအနေပိုမိုဆိုးရွားနေပါတယ်။

Ref: NHK
Photo:Reuters/ AFP
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW