ရွှေဘိုခရိုင်ထဲက လမ်းနဲ့တံတားတွေ မိုင်းခွဲခံထားရလို့ သွားလာရေး ခက်ခဲနေ

နိုဝင်ဘာ ၊ ၁၉ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်တွေက လမ်းနဲ့ တံတားတချို့ မိုင်းခွဲဖျက်ဆီးခံရတာတွေ ဖြစ်ပွားပြီး ခရိုင်ချင်းဆက်လမ်းတချို့နဲ့ ကျေးရွာချင်းဆက်လမ်းတွေ သွားလာလို့ မရဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

.” မနေ့ နိုဝင်ဘာ ၁၈ ရက် ၊ ညနေ ၅ နာရီဝန်းကျင်မှာ ရွှေဘိုမြို့နယ် ၊ ကျောက်မြို့နားက စစ်ကိုင်း ရွှေဘို အမှတ် ၃ ခရိုင်ချင်းဆက်လမ်းက သဲဖြူချောင်းကူးတံတား မိုင်းခွဲဖျက်ဆီးခံရတယ် ၊ ဒီမနက်အထိ အဲ့ဒီလမ်းမှာ ကားတွေ ၊ ဆိုင်ကယ်တွေ လူတွေ သွားလာတာ မရှိတော့ဘူး “လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ သဲဖြူချောင်းတံတား မိုင်းခွဲ ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ၊ ကျောက်မြောင်း ဒေသခံ တယောက်က” အမှတ် ၃ ခရိုင်ချင်းဆက်လမ်းဆိုတာ ကျောက်မြှောင်း စစ်ကိုင်းကို အချိန်တိုအတွင်း သွားလာလို့ရတဲ့လမ်းဖြစ်တယ် ၊ ကျောက်မြှောင်း ဒေသထွက် စဥ့်ထည်နဲ့ ကြွေထည်မြေထည်တွေကို စစ်ကိုင်းဘက်တင်ပို့တဲ့အခါ အဓိက အသုံးပြုတဲ့လမ်းဖြစ်တယ် ၊ အဲ့ဒီလမ်းကို တံတားတချို့ မိုင်းခွဲဖျက်ဆီးခံရတဲ့အတွက် ၊ စစ်ကိုင်းဘက်က ကုန်စည်တွေ ကျောက်မြှောင်းဘက်ကို တင်ပို့နိုင်တာ မရှိသလို ၊ ကျောက်မြှောင်းဘက်က ဒေသထွက်ကုန်တွေလည်း စစ်ကိုင်းဘက်ကို မတင်ပို့နိုင်ဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ဖွတ်ချောင်းတံတား ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ ပေါက်ကန်ကျေးရွာနားက ပေါက်ကန်တံတား ၊ အဲ့ဒီအပြင် တမာကန်ကျေးရွာနဲ့ တပ်ကျေးရွာကြားက တံတားတွေကလည်း မိုင်းခွဲဖျက်ဆီးခံရတာ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလို မိုင်းခွဲတာတွေကို ဘယ်အဖွဲ့အစည်းက ဘာကြောင့် လုပ်တာလဲဆိုတာကို VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

အောက်တိုဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေက မုံရွာခရိုင် လုံခြုံရေးအဖွဲ့တွေက မုံရွာမြို့နယ် ၊ လယ်ဇင်ကျေးရွာရဲ့ ရွာဝင်လမ်းနေရာ ၊ ဗောဓိတထောင်နဲ့ ကျောက္ကာအကြား နေရာနဲ့ မုံရွာ-အမြင့် တောကျောင်း ကားလမ်း ကျောက်ပေါက်ကွေ့နေရာတွေမှာ လမ်းမြေသားတွေကို မြေကော်စက်နဲ့ တူးယူပြီး လမ်းဖြတ်တောက်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Photo- အောက်တိုဘာလက ဝက်လက်မြို့နယ်ထဲက တံတားတွေမိုင်းခွဲဖျက်ဆီးခံထားရပုံ

Related posts

Leave a Comment

VOM News

FREE
VIEW