ဗာဂျီးနီးယားရှိ Walmart ကုန်တိုက်မှာ သေနတ်ပစ်ခတ်မှု လူ ၁၀ ဦးသေဆုံး

ဝါရှင်တန်၊ နို၀င်ဘာ-၂၃-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Chesapeake မြို့က Walmart ကုန်တိုက်တခုမှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဆိုင်မန်နေဂျာလို့ ယူဆရတဲ့အမျိုးသားတဦးက စျေး၀ယ်တွေကို သေနတ်နဲ့ပစ်ခတ်ပြီးနောက်မှာ ကိုယ့်ကိုကိုယ်လည်း သတ်သေသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုဟာ ဒေသစံတော်ချိန် ည ၁၀ နာရီကျော်မှာ ဖြစ်ပွားခဲ့ပြီး လူအများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ထားပြီး ပစ်ခတ်မှုရဲ့ ရည်ရွယ်ချက်ကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။

နောက်ထပ်အစုလိုက်အပြုံလိုက်ပစ်ခတ်မှုသတင်းကြောင့် လွန်စွာတုန်လှုပ်ရကြောင်းနှင့် သေနတ်ကိုင် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးလုပ်ဆောင်သွားမယ်လို့ ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက်တစ်လွှတ်တော်အမတ် မာ့ခ်ဝါနာကပြောပါတယ်။

အမေရိကန် ကော်လိုရာဒိုပြည်နယ်က လိင်တူချစ်သူကလပ်တခုမှာ မကြာသေးမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူငါးဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW