ယူကရိန်းကို ခရုဇ်ဒုံးကျည်အစင်း ၆၈ စင်းနဲ့ ယူကရိန်းကို ရုရှားတိုက်ခိုက်

ကိဗ်ယက်၊ နို၀င်ဘာ-၂၄-၂၀၂၂
မျိူးဆက်(VOM)

ရုရှားဟာ ယူကရိန်းကို ခရုဇ်ဒုံးကျည်အစင်း ၆၈ နဲ့ နို၀င်ဘာ၂၃ ရက်မှာ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။

ယူကရိန်းနိုင်ငံတ၀န်း လျှပ်စစ်ဓါတ်အား အကြီးအကျယ်ပြတ်တောက်စေခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုကျုးလွန်ခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲပြောဆိုပါတယ်။

ပစ်ခတ်လိုက်တဲ့ ခရုဇ်ဒုံးကျည်တွေထဲက ၅၁ စင်းကို ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အဲဒီနောက်မှာ ရုရှားက တိုက်ခိုက်ရေးဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူခုနှစ်ဦးသေဆုံးခဲ့ပြီး နျူကလီးယားဓါတ်အားပေးလိုင်းတွေ ပြတ်တောက်ခဲ့ကာ ဓါတ်အားပေးစက်ရုံအများစုကို ပိတ်ပစ်ခဲ့ရကြောင်း ယူကရိန်းစွမ်းအင်၀န်ကြီးကပြောပါတယ်။

စွမ်းအင်ကွန်ရက်ဆက်နွယ်နေတဲ့ ယူကရိန်းရဲ့ အိမ်နီးချင်း မော်လ်ဒိုဗာနိုင်ငံမှာလည်း ဓါတ်အားပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ရုရှားဟာ ဆောင်းရာသီမှာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုအရှိန်မြှင့်တင်နေပြီး လက်ရှိချိန်ထိ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံ ထက်၀က်နီးပါး ပျက်စီးခဲ့ကြောင်း ယူကရိန်းက ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီလိုပျက်စီးမှုကြောင့် ဆောင်းရာသီကာလအတွင်း ယူကရိန်းပြည်သူသန်းပေါင်းများစွာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW