ရုရှားကို အကြမ်းဖက်ဝါဒ အားပေးတဲ့နိုင်ငံအဖြစ် ဥရောပပါလီမန် သတ်မှတ်

ဘရပ်ဆဲလ်၊ နို၀င်ဘာ-၂၄-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းရှိ စွမ်းအင်အခြေခံအဆောက်အအုံတွေ ၊ ဆေးရုံနှင့် စာသင်ကျောင်းကဲ့သို့ အရပ်ဘက် ပစ်မှတ်တွေကို ရုရှားက စစ်ရေးအရတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်တာကြောင့် ရုရှားကို အကြမ်းဖက်ဝါဒအားပေးတဲ့ နိုင်ငံအဖြစ် ဥရောပပါလီမန်က သတ်မှတ်လိုက်ပါတယ်။
အကြမ်းဖက်ဝါဒအားပေးတဲ့ နိုင်ငံအဖြစ် ရုရှားကိုသတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ကို ဥရောပပါလီမန်အမတ်တွေက နို၀င်ဘာ ၂၃ ရက်မှာ မဲပေးဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယူကရိန်းကို ကျူုးကျော်တိုက်ခိုက်မှုကြောင့် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဥရောပသမဂ္ဂကလည်း ချမှတ်ထားပြီး ဖြစ်ပါတယ်။

ဥရောပပါလီမန်ရဲ့ အဲဒီဆုံးဖြတ်ချက်ကို ရုရှားဘက်က ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ဥရောပပါလီမန်ကိုလည်း ရိုင်းစိုင်းမှုကိုအားပေးတဲ့ ပါလီမန်အဖြစ်သတ်မှတ်ဖို့ အဆိုပြုကြောင်း ရုရှားနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောဆိုပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးကမူ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး ယူကရိန်းနဲ့ ကမ္ဘာ့အနှံ့ ကာလရှည်ကြာတည်ရှိနေတဲ့ အကြမ်းဖက်ဝါဒကို အဆုံးသတ်ဖို့အတွက် ရုရှားအနေနဲ့ တာ၀န်ခံရမှာဖြစ်ပြီး ကဏ္ဍတိုင်းမှာ ရုရှားအထီးကျန်စေရမယ်လို့ ပြောပါတယ်။

အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီပြီး အားပေးအားမြောက်ပြုတဲ့ နိုင်ငံအဖြစ် ရုရှားကို သတ်မှတ်ဖို့ အမေရိကန်နဲ့ အခြားနိုင်ငံတွေကို ယူကရိန်းသမ္မတ ဇီလန်စကီးက တိုက်တွန်းထားပါတယ်။

Ref: Reuters
Photo: Reuters

#voiceofmyanmar #VOM #အကြမ်းဖက်ဝါဒ အားပေးတဲ့နိုင်ငံ #ရုရှား #ယူကရိန်း

Related posts

Leave a Comment

VOM News

FREE
VIEW