ဖလမ်းမြို့နယ် ဗားရ်ရဲစခန်းက ရဲအုပ် တယောက် သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး သေဆုံး

နိုဝင်ဘာ ၊ ၂၅ ၊ ၂၀၂၂
SP (VOM)

ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့ ၊ ဗားရ်ကျေးရွာမှာရှိတဲ့ ဗားရ်ရဲကင်းစခန်းမှာ စခန်းမှူးတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိဖြစ်သူဟာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်လောက်က သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်ပြီး သေဆုံးသွားတယ်လို့ ဖလမ်းမြို့ခံတွေဆီက သိရပါတယ်။

“ဒီမနက် ၅ နာရီခွဲဝန်းကျင်မှာ ဗားရ်ရဲစခန်းမှူး ရဲအုပ် ရဲမင်းထက် အသက် ၄၂ နှစ်ဆိုသူဟာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်ပြီး သေသွားတယ် ၊ အဲ့ဒါကြောင့် သူ့အလောင်းကို ဒီမနက်ပိုင်းက ဖလမ်းပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ် “လို့ ဖလမ်းဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ဗားရ်ကျေးရွာနေ ဒေသခံတယောက်က ” ဒီမနက် သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်​သေသွားတဲ့ ရဲအုပ် ရဲမင်းထက် ဆိုတာ ဖလမ်းကနေ ပြောင်းလာတာ မကြာသေးဘူး ၊ အသောက်အစားလည်း မရှိသလို ၊ နေတာထိုင်တာ ရိုးအေးတယ် ၊ ဘာကြောင့် အခုလို ပစ်သတ်သွားတယ်ဆိုတာ မသိရသေဘူး “လို့ ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့ ၊ ရေဦးခရိုင်ရဲတပ်ဖွဲ့ရုံးမှာ ခရိုင်ရဲတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်နေတဲ့ ယာယီ ဒု ရဲမှူးကြီးဟာ အခုလို သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး သေဆုံးသွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဖလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW