နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၂ SP( VOM) မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ ကျိုက်မရောမြို့နယ် ၊ ကြာအင်းဆိပ်ကြီး – မုဒုံကားလမ်းဘေးမှာရှိတဲ့ ၊ တောင်ကလေး ရဲကင်းစခန်းမှာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရဲ တချို့ ထိခိုက်သေဆုံး ၊ ဒဏ်ရာရတယ်လို့ မွန်ပြည်နယ် ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက် ၅ နာရီဝန်းကျင်မှာ အမည်မသိလက်နက်ကိုင် တွေက ရဲကင်းစခန်းကို ဒရုန်းနဲ့ ဗုံးချတယ် ၊ နောက်ပြီး မြေပြင်ကနေ ၄၀ မမ ဗုံးပစ်သေနတ်တွေနဲ့ ပစ်တယ် ၊ အဲ့ဒီအချိန် တောင်ကလေးရဲကင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေဖြစ်တာ”လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒါ့အပြင် ” ထိတွေ့ပစ်ခတ်မှု…
Read MoreMonth: November 2022
ဖျာပုံမှာ ဖမ်းခံရတဲ့ ရဲတပ်ဖွဲဝင်ရဲ့ဇနီး ၁ဦးနဲ့ စီးပွားရေးလုပ်ငန်းရှင် ၂ ဦးကိုအကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်
နိုဝင်ဘာလ ၊ ၂၁-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်မှာ တရားမဝင်အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီး အဖမ်းခံခဲ့ရတဲ့ ၂၀ အယောက်ကျော်ထဲက ရဲတပ်ဖွဲ့ဝင်ရဲ့ဇနီး ၁ယောက်နဲ့ အခြားစီးပွားရေးလုပ်ငန်းရှင် ၂ ယောက်ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ၅ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီး ၁ ယောက် အပါအဝင် လူအယောက် ၂၀ ကျော်ကို ပြီးခဲ့တဲ့ အောက်တိုဘာလက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ့အဖမ်းခံရတဲ့ လူအယောက် ၂၀ ကျော်ထဲက ဖျာပုံမြို့နယ် ၊ ရဲတပ်ဖွဲ့ဝင် ထင်လင်းရဲ့ ဇနီး မကေသီဝင်း (ခ)ငယ်ငယ် ၊ Brother လ္ဘက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးမျိုး ၊ ဆွေသဟာ တည်းခိုခန်းလုပ်ငန်းရှင် မဆွေဆွေလှိုင်တို့ကို မနေ့ ၂၀ ရက်က အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) ၊…
Read Moreဗုံးခွဲတိုက်ခိုက်မှု လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နှင့်ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွတွေကို တူရကီက လေကြောင်းတိုက်ခိုက်
အစ္စတန်ဘူလ်၊ နို၀င်ဘာ-၂၁-၂၀၂၂ မျိူးဆက်(VOM) တူရကီဟာ မြို့တော်အစ္စတန်ဘူလ်မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွတွေရဲ့ အခြေစိုက်စခန်းတွေကို နို၀င်ဘာ ၂၀ ရက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြို့တော်အစ္စတန်ဘူလ်မှာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကာ့ဒ်စစ်သွေးကြွတွေကို တူရကီက ပြစ်တင်ထားပြီးနောက် တပတ်အကြာမှာ ကာ့ဒ်အခြေစိုက်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တူရကီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေနေထိုင်တဲ့ ကျေးရွာနှစ်ရွာကို ထိခိုက်ခဲ့ကြောင်း ဆီးရီးယားရှိ ကာ့ဒ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားတွေရဲ့ အဆောက်အအုံတွေ၊ ကတုတ်ကျင်းတွေ၊ လှိုဏ်ခေါင်းတွေနဲ့ ဂိုထောင်တွေကို အောင်မြင်စွာ ဖျက်စီးနိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေး၀န်ကြီး ဟူလူစီအက်ခါက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားမြောက်ပိုင်းနဲ့ အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေးကြွတွေရဲ့ ပစ်မှတ် ၈၉ ခုပျက်စီးခဲ့ကြောင်း တူရကီကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref: BBC Photo:TDM #voiceofmyanmar #VOM #အစ္စတန်ဘူလ်
Read Moreသာကေတမှာ ကုန်စုံဆိုင် ဓားပြတိုက်လုယက်ခံရပြီး အိမ်ပိုင်ရှင်ကိုပါသတ်သွား
နိုဝင်ဘာ ၂၁-၂၀၂၂ VOM (GG) ရန်ကုန်၊ သာကေတမြို့နယ်၊ ၄/ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းက နေအိမ်နဲ့တွဲလျက် ကုန်စုံဆိုင် ပိုင်ရှင်ကို သတ်ပြီး ရွေထည်နဲ့ငွေသားအချို့ကို နေအိမ်တွင်း ဝင်ရောက်လုယက်ခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ ဒီနေ့နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၇ နာရီလောက်မှာ အမည်မသိအမျိုးသား ၃ ယောက်က ချောရတနာနေအိမ်ကုန်စုံဆိုင်ကို ဝင်ရောက်ပြီး မိသားစုဝင်တွေဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းအချို့နဲ့ ငွေသားအချို့လုယက်ကာ ဆိုင်ပိုင်ရှင် အမျိုးသမီးကြီးကိုလည်း ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ ” စျေးရောင်းနေချိန် လူ၃ယောက်ရောက်လာပြီး လုသွားတာ၊ဓားတွေနဲ့ဆိုတော့ သူတို့လည်း မအော်ရဲကြတာပါမယ်။ ဆွဲကြိုး လက်စွပ် နားကပ်ပါသွားတယ်လို့ကြားတယ်။ပိုက်ဆံက၃သိန်း တဲ့။ ဓားနဲ့အထိုးခံရတာကတော့ အမေဖြစ်သူ ဒေါ်ချောချော တဲ့၊ ရွှေတွေကတော့ သူ့သမီးတွေဆီက လုယူသွားတာ ၊ခေတ်ကပျက်နေပါပြီ “လို့ ရပ်ကွက်နေထိုင်သူတဦးကပြောပါတယ်။ ဓားနဲ့ထိုးခံရတဲ့ အိမ်ပိုင်ရှင် ဒေါ်ချောချောဆိုသူဟာ ရန်ကုန်ဆေးရုံကြီး ပို့ဆောင်စဥ်မှာပဲ ရရှိခဲ့တဲ့…
Read Moreရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း နျူကလီးယားစက်ရုံအနီး ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်ပွားနေ
ကိဗ်ယက်၊ နို၀င်ဘာ-၂၁-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းတောင်ပိုင်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ နျူကလီးယားဓါတ်အားပေးစက်ရုံအနီးမှာ စနေနေ့ကစပြီး ပေါက်ကွဲမှုကြီးတွေ တဒါဇင်ကျော်ဖြစ်ပွားခဲ့ပါတယ်။ ဒီလိပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် ဥရောပရဲ့ အကြီးဆုံး ဇာပိုရစ်ဇီးယားစက်ရုံအနီးမှာ တိုက်ပွဲတွေရပ်ဖို့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲ ရာဖေးလ်ဂရော့ဆီက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာရှိတဲ့ ဘယ်သူမဆို ဒါကိုချက်ချင်းရပ်ရမှာဖြစ်ပြီး ဒီလုပ်ရပ်ဟာ မီးနဲ့ကစားနေတာဖြစ်ကြောင်း အိုင်အေအီးအေ အကြီးအကဲက ဆိုပါတယ်။ အဲဒီစက်ရုံဟာ နှစ်ဘက်အကြား စစ်ပွဲမျက်နှာစာဖြစ်တဲ့ ဒီနီပရိုမြစ်ပေါ်မှာရှိပါတယ်။ မြစ်တဘက်ကမ်းရှိ ယူကရိန်းတပ်တွေဟာ ရုရှားရဲ့ထိန်းချုပ်မျှုအောက်မှာရှိနေတဲ့ အဲဒီနျူကလီးယားဓါတ်အားပေးစက်ရုံ ဒေသကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရုရှားက စွပ်စွဲထားပါတယ်။ ယူကရိန်းဘက်ကတော့ ဒီကိစ္စအပေါ် တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။ အဲဒီနေရာမှာရှိတဲ့ အဆောက်အအုံတွေ၊ စနစ်တွေနဲ့ စက်ပစ္စည်းအချို့ ပျက်စီးခဲ့ပေမယ့် နျူကလီးယားဆိုင်ရာ ဘေးကင်းလုံခြုံမှုကို မထိခိုက်သေးကြောင်း ရရှိသောအချက်အလက်တွေအပေါ် အခြေခံပြီး အိုင်အေအီးအေက ထုတ်ပြန်ထားပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VON…
Read Moreဆားလင်းကြီးမှာ လူနာတင်ယာဥ် ၃ စီးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ယူဆောင်သွားမှုဖြစ်ပွား
နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ အမှတ် ၂ ရပ်ကွက်မှာ အခြေပြုတဲ့ လူမှုကူညီရေး အသင်းပိုင် လူနာတင်ယာဥ် ၃ စီးကို မနေ့ နိုဝင်ဘာ ၂၀ ရက် ၊ မနက်ပိုင်းက အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက ယူသွားခဲ့တယ်လို့ စစ်ကိုင်းတိုင်း လူမှုကူညီရေးအဖွဲ့ ကွန်ရက်ဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ လက်လုပ်သေနတ်တွေကိုင်ထားတဲ့ အမည်မသိ လူ ၁၀ ယောက်လောက်က ဆားလင်းကြီး အမှတ် ၂ ရပ်ကွက်နေ ဦးဘိုဆောင်းရဲ့နေအိမ်မှာ အခြေပြုထားတဲ့ ကရုဏာရှင် လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ် ၃ စီးကို ဝင်ရောက်လုယူသွားတာဖြစ်တယ် ” လို့ စစ်ကိုင်းတိုင်း လူမှုကူညီရေးအသင်း…
Read Moreကော်လိုရာဒိုပြည်နယ် လိင်တူချစ်သူကလပ်မှာ သေနတ်ပစ်ခတ်မှု ၅ ဦးသေဆုံး၊ ၂၅ ဦးဒဏ်ရာရ
ဝါရှင်တန်၊ နို၀င်ဘာ-၂၁-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ရှိ လိင်တူချစ်သူကလပ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူငါးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူများက နို၀င်ဘာ ၂၀ ရက်မှာပြောပါတယ်။ သံသယရှိသူကို ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဒဏ်ရာတွေကို ကုသပေးနေတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ကလပ်ထဲမှာရှိနေတဲ့ လူနှစ်ဦးက သေနတ်သမားကို ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ အရေးပေါ်ဖုန်းခေါ်ဆိုမှုလက်ခံရရှိပြီးနောက် အခင်းဖြစ်ရာ ကလပ်ကျူကို ရောက်ရှိချိန်မှာ သံသယရှိသူကို ရိုင်ဖယ်သေနတ်အရှည်လို့ ယူဆရတဲ့ သေနတ်အပါအ၀င် သေနတ်နှစ်လက်နဲ့ အတူ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သေဆုံးဒဏ်ရာရရှိသူတွေ ဘယ်သူဘယ်ဝါစိစစ်နေပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ထားပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို သည်းခံတော့မှာမဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိူးဘိုင်ဒင်ကပြောပါတယ်။ ပစ်ခတ်မှုရဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးသော်လည်း အမုန်းတရားဆိုင်ရာ ရာဇ၀တ်မှု ဟုတ်မဟုတ်နဲ့ လူတဦးထက်ပိုပြီး ပါ၀င်ပတ်သက်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ Ref:…
Read Moreဇီးကုန်းမြို့မစျေး မီးလောင်ပြီး စျေးဆိုင်ခန်း ၇ ခန်း မီးထဲပါသွား
နိုဝင်ဘာ၂၁-၂၀၂၂ GG(VOM) ပဲခူးတိုင်း အနောက်ပိုင်း၊သာယာဝတီခရိုင်၊ဇီးကုန်းမြို့နယ်က မြို့မစျေးဟာ မနေ့ နိုဝင်ဘာ ၂၀ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားကာ စျေးဆိုင်ခန်းအချို့လောင်ကျွမ်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။ စျေးမီးလောင်းကျွမ်းမှုကြောင့် ကုန်မာဆိုင်အပါအဝင် ဆိုင်ခန်း ၇ ခန်း မီးထဲပါသွားပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ စိစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ” ညက ၁၀ နာရီ၁၅ လောက် မီးစလောင်တယ်။ ၁၀ ခွဲကျော်လောက်မှာ မီးညွှန့်ထိန်းနိုင်တယ်။ မီးထဲပါတာက ကုန်မာဆိုင်၊သံဆိုင်၊ အုန်းသီးတို့ ပန်းတို့ရောင်းတဲ့ဆိုင်တွေလည်းပါတယ်။ တန်ဖိုးဆုံးရှုံးမှုကတော့ ဘုတ်အဖွဲ့က စိစစ်နေတုန်းပဲ။ စျေးကြီး ဘေးပတ်ပတ်လည်ထောင့်တွေမှာ ရေလှောင်ကန်တွေ၊ ရေပိုက်ငုတ်တွေရှိပေမယ့် အခုလိုမီးလောင်ချိန် ဘာမှအသုံးပြုလို့မရဘူး။ ရေပုံးနဲ့ပက်ဖို့တောင် ဘာမှစီစဥ်မထားဘူး။ မီးချိတ် မီးကတ်တွေလည်းမရှိဘူး “လို့ ဇီးကုန်းမြို့ခံတဦးကပြောပါတယ်။ ဇီးကုန်းမြို့မစျေးမီးလောင်ချိန်ဟာ လျှပ်စစ်မီး ပြတ်တောက်နေချိန်ဖြစ်တဲ့အပြင် စျေးလည်းပိတ်ထားချိန်ဖြစ်တာကြောင့် ဝါယာရှော့ကြောင့် မီးလောင်ခြင်းတော့မဖြစ်နိုင်ဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ မီးလောင်ကျွမ်းမှုကို ဇီးကုန်းမြို့နယ်မီးသတ်က…
Read Moreရုရှားငွေကြေးနဲ့ တိုက်ရိုက်ချိတ်ဆက်မှုက ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို မထိန်းချုပ်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေ ပြော
နိုဝင်ဘာ ၂၁ – ၂၀၂၂ SN (VOM) ရုရှား ရူဘယ်နဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်ချိတ်ဆက် အသုံးပြုမှုက ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို မထိန်းချုပ်နိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ မြန်မာကျပ်ငွေနဲ့ ရုရှားငွေကြေးဖြစ်တဲ့ ရူဘယ်တို့ တိုက်ရိုက်ချိတ်ဆက်ပြီး ဖလှယ်အသုံးပြုမယ်ဆိုရင် ကျပ်ငွေတန်ဖိုး မြင့်တက်လာနိုင်တယ်လို့ နစကက နိုဝင်ဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ “ဒါက ဖြစ်နိုင်ချေမရှိဘူး။ မြန်မာကျပ်ငွေတန်ဖိုး တက်လာအောင် လုပ်ဖို့က ဒီလို နှစ်နိုင်ငံငွေကြေး ချိတ်ဆက်နိုင်ရုံနဲ့ ဖြစ်မလာနိုင်ဘူး။ ပြီးတော့ ဒီအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ရုရှားနဲ့ ကုန်သွယ်မှု ပြုလုပ်ထားတာလည်း ဘာမှမရှိတဲ့အတွက် နှစ်နိုင်ငံငွေကြေး တိုက်ရိုက်ချိတ်ဆက်ဖို့ဆိုတာ မလွယ်ဘူး။ ငွေကြေး ဖလှယ်သုံးဖို့ဆိုတာက ကုန်ဖလှယ်ပြီး ဝယ်လိုအား ရောင်းလိုအားနဲ့ သွားရတာလေ။ လက်ရှိမှာ မြန်မာနိုင်ငံမှာက ကျပ်ငွေတန်ဖိုး ဒီ့ထက်ကျမသွားအောင်ဘဲ မနည်းထိန်းနေရတာ။…
Read Moreရွှေဘိုမြို့နယ် ဆင်အင်းနယ်မြေရဲစခန်းနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွား
နိုဝင်ဘာ ၊ ၂၀ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ဆင်အင်းကျေးရွာ ၊ ဆင်အင်းနယ်မြေရဲစခန်းနားမှာ ဒီကနေ့ မနက်ပိုင်းက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေကို စစ်ကြောင်းအဖွဲ့က သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဆင်အင်းရွာရဲ့ အနောက်တောင်ဘက် မူးမြစ်နားမှာ ဒီမနက် ၈ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ပစ်ခတ်သံတွေကြားရတော့ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ဘယ်အဖွဲ့နဲ့ ဖြစ်တယ်ဆိုတာ သေခြာမသိရဘူး ၊ ပစ်ခတ်ချိန် အနည်းငယ်ကြာတယ်”လို့ ဆင်အင်းနယ် ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” ဆင်အင်းရွာမှာ အခြေပြုတဲ့ စခန်းတခုကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ဝင်ရောက်စီးနင်း သိမ်းဆည်းတာဖြစ်တယ်…
Read More