ရန်ကုန်တိုင်းမှာ ဘုန်းကြီးကျောင်းအတွင်း ညအိပ်ဧည့်သည်လက်မခံဖို့နဲ့လက်ခံပါက အုပ်ချုပ်ရေးအဖွဲ့ကိုအသိပေးရမယ်

ဒီဇင်ဘာ ၁-၂၀၂၂
GG(VOM)

ရန်ကုန်တိုင်းအတွင်းက ဘုန်းကြီးကျောင်းတွေမှာ ညအိပ် ဧည့်သည် လက်မခံဖို့၊ အကယ်၍ လက်ခံမယ်ဆိုပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နဲ့ချိတ်ဆက်ဆောင်ရွက်ရမှာ​ဖြစ်တယ်လို့ဘုန်းကြီးကျောင်းတွေဆီက သိရပါတယ်။

” ဟုတ်တယ် ညအိပ်ညနေကို လက်မခံဖို့ပေါ့။ လက်ခံမယ်ဆိုရင်လည်း အုပ်ချုပ်ရေးမှူးတွေကိုအသိပေးရမယ်။ ဖြစ်နိုင်ရင်တော့ လက်မခံတာအကောင်းဆုံးပေါ့။ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင်လို့ပြောတယ် ၊ဧည့်စာရင်းတိုင်ရမယ့်သဘောပေါ့ “လို့ ကျောင်းထိုင်ဘုန်းတော်ကြီးတပါးကမိန့်ပါတယ်။

ဒါ့ကြောင့် ကျောင်းထိုင်ပဓာန နာယက၊ တိုက်အုပ်၊ တိုက်ကြပ်၊ စာချဆရာတော်တွေ စတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ သိရှိခြင်း၊ ခွင့်ပြုခြင်းမရှိဘဲ ညအိပ် ညနေဧည့်သည်တွေ လက်ခံခြင်း မပြုဖို့နဲ့ တကယ်လို့ ညအိပ်လက်ခံမယ်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ တိုင်းဒေသကြီး သံဃနာယက အဖွဲ့က ညွှန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းထဲက ဘုန်းကြီးကျောင်းအချို့မှာ ည အိပ် ညနေဧည့်သည် လက်ခံခြင်းကြောင့် လုယက်မှု၊ ခိုက်ရန်ဖြစ်မှုနဲ့ စတဲ့ ဒုစရိုက်မှုခင်းတွေ ဖြစ်ပေါ် တယ်ဆိုပြီး တိုင်းသံဃာနာယကအဖွဲ့ဆီ လျှောက်ထားလာမှုတွေကြောင့် အခုလို ညအိပ်ဧည့်သည်လက်ခံတဲ့ကိစ္စနဲ့ပတ်သက်ပြီး ညွှန်ကြားတာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW