မြန်မာပတ်စပို့ကိုင်သူတွေကို ထိုင်းမှာ ၄၅ ရက် ဗီဇာကင်းလွတ်ခွင့်နဲ့နေခွင့်ပြုလိုက်တယ်ဆိုပေမယ့် ၁၄ ရက်သာ နေခွင့်ရသူတွေရှိနေ

ဒီဇင်ဘာ ၁-၂၀၂၂
GG (VOM)

ထိုင်းနိုင်ငံကိုလာမယ့် မြန်မာနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ကြေညာထားပေမယ့် လက်တွေ့မှာတော့ ၁၄ ရက်သာ နေခွင့်ရသူတွေရှိနေတယ်လို့ သိရပါတယ်။

“ကျနော်တို့ အခုလ ၁၀ရက်နေ့ကမှ သွားတာ အဲ့
ဒီအချိန်အထိ ၁၄ရက်ပဲ ရပါတယ်။ အသိတွေသွားကြတာလည်းမနေ့ကအထိကို ၁၄ ရက်ပဲရပါတယ်။ ထိုင်းဘက်ကကြေညာထားတာကတော့ နိုင်ငံခြားသားတွေကို ၄၅ ရက်အထိ ကင်းလွတ်ခွင့်ပြုမယ်၊မြန်မာတွေလည်းအပါအဝင်ဆိုပြီးပြောထားပေမယ့်တကယ်တမ်းကျ မရသေးဘူးဗျ “လို့ ထိုင်းကပြန်ရောက်လာသူတဦးကပြောပါတယ်။

မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားခရီးသွားအားလုံးကို ထိုင်းနိုင်ငံမှာ ၄၅ရက် visa free သက်တမ်း နေထိုင်ခွင့်ပြုကြောင်းကို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကောင်စစ်ဝန်ဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဆီကသိရပါတယ်။

“ထုတ်ပြန်ချက်မှာ မြန်မာလည်း ၄၅ ရက် ဗီဇာကင်းလွတ်ခွင့်နဲ့နေထိုင်လို့ရတယ်လို့ ပါတယ်။ ဒါပေမယ့်တကယ်တမ်း မရသေးတာတွေ့ရတယ်။ မနေ့ကတော့ စရပြီလို့လည်းသတင်းထပ်ကြားရတယ်။ကင်းလွတ်ခွင့်ပြုတယ်လို့ထုတ်ပြန်ပြီးရင်လည်း တကယ်အမှန်ဖြစ်စေချင်တယ်။ အခုက ဘာမှန်းမသိဘူး။ မြန်မာက ထိုင်းသံရုံးဘက်ကတော့ အခုထိကြေညာတာ မတွေ့ရသေးဘူး။ ” လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတဦးကပြောပါတယ်။

အရင်က ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေကို visa free အတွက် နေထိုင်နိုင်မယ့် ကာလကို ၃၀ ရက်ပေးခဲ့ပြီး မြန်မာနိုင်ငံသားတွေကိုတော့ ဗီဇာကင်းလွတ်ခွင့် ၁၄ ရက်သာပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့်မြန်မာနိုင်ငံသားတွေဟာ ထိုင်းမှာရက်ကြာကြာနေထိုင်နိုင်ဖို့အတွက် Tourist visa ရက် ၆၀ လျှောက်ထားပြီး သွားလာကြရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #ဗီဇာကင်းလွတ်ခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW