ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေကြေးအဖွဲ့အစည်းတွေ ရုံးနေရာပြောင်းရွှေ့ရင် ဗဟိုဘဏ်ကို ငွေသွင်းရမယ်

ဒီဇင်ဘာ ၁ – ၂၀၂၂
SN (VOM)

ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေအနေနဲ့ ရုံးချုပ်အပါအဝင် ရုံးခွဲတွေကို နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းအတွက် ပြောင်းရွေ့ခအဖြစ် ဗဟိုဘဏ်ကို ငွေပေးသွင်းရမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ (၁၈၄)မှာ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ အခုလို ညွှန်ကြားချက်ကို ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။

“ဒါကတော့ ရှင်းပါတယ်။ သူတို့လိုချင်တဲ့ပိုက်ဆံကို နည်းလမ်းအမျိုးမျိုးနဲ့ ညှစ်ယူနေတဲ့သဘောပေါ့။ မြန်မာနိုင်ငံက သားရေကွင်း ဥပဒေတွေကတော့ ယုံစားချင်စရာ တခုမှမရှိပါဘူး”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်တွင်းက ဘဏ်တွေအနေနဲ့ ရုံးချုပ်အပါအဝင် ဖွင့်လှစ်ပြီးဘဏ်ခွဲများ လုပ်ငန်းနေရာပြောင်းရွှေ့ ဖွင့်လှစ်မယ်ဆိုရင် ပြောင်းရွှေ့ဖွင့်လှစ်မယ့်နေရာဟာ အရင်လုပ်ငန်းနေရာနဲ့ မြို့နယ်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လုပ်ငန်းနေရာ ပြောင်းရွှေ့ခြင်းအတွက် အခကြေးငွေကျပ် ၅ သိန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို ပေးသွင်းရမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းနေရာ ပြောင်းရွှေ့တာနဲ့ ပိတ်သိမ်းတာတွေ ဆောင်ရွက်မယ်ဆိုရင်လည်း အခကြေးငွေ ကျပ်၂သိန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ပေးသွင်းရမှာဖြစ်တယ်လို့ ညွှန်ကြားချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဗဟိုဘဏ် #ဘဏ်အပြောင်းအရွှေ့

Related posts

Leave a Comment

VOM News

FREE
VIEW