အင်ဒိုနီးရှားမှာ လက်မထပ်ဘဲအတူနေရင် ထောင်ချအပြစ်ပေးမယ့် ဥပဒေပြဌာန်းတော့မယ်

ဂျကာတာ၊ ဒီဇင်ဘာ-၃-၂၀၂၂
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံမှာ လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ အတူနေတာကို ထောင်ဒဏ်တနှစ်ထိ ချမှတ်အပြစ်ပေးနိုင်တဲ့ ရာဇ၀တ်ဆိုင်ရာ ဥပဒေသစ်တရပ်ကို ပါလီမန်က ယခုလအတွင်း အတည်ပြုဖွယ်ရှိနေပါတယ်။

အဲဒီဥပဒေကို လာမယ့် သီတင်းပတ်အစောပိုင်းမှာ ပါလီမန်က အတည်ပြုနိုင်ကြောင်း ဥပဒေမူကြမ်းရေဆွဲရာမှာ ပါ၀င်တဲ့ လွှတ်တော်အမတ်တဦးက ပြောပါတယ်။ ဥပဒေအရ အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ ပြည်ပနိုင်ငံသားတွေပါ အကြုံး၀င်မှာဖြစ်ပါတယ်။

အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ပြစ်ဒဏ်ပေးတာတွေကတော့ အာဏာပိုင်ဆီကို တိုင်တန်းမှုရှိမှသာဖြစ်ပြီး ပြစ်မှုကျူးလွန်သူရဲ့ ဇနီးသို့မဟုတ် ခင်ပွန်းသာအကြုံး၀င်မှာ ဖြစ်ပါတယ်။

လက်မထပ်ရသေးဘဲ အတူနေတာနဲ့ ပတ်သက်ပြီးမိဘတွေက တိုင်ကြားမှုပြုနိုင်ကြောင်း ဥပဒေကြမ်းမှာ ပါ၀င်ပါတယ်။ ယခင်ကဥပဒေမူကြမ်းကို ၂၀၁၉ ခုနှစ်မှာ အတည်ပြုဖို့ သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့တော်ဂျကာတာအပါအ၀င် နိုင်ငံတ၀န်းရှိ မြို့ကြီးတွေမှာ လူသောင်းပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW