ပုသိမ်မှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံပိတ်လို့ အလုပ်သမားတွေအခက်တွေ့

ဒီဇင်ဘာ၊၃-၂၀၂၂ MM (VOM) အလုပ်သမား ၁၀၀၀ ကျော်ရှိတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၁၁) ရပ်ကွက်၊ တဲကြီးကုန်းလမ်းက Myanmar All Rich အထည်ချုပ်စက်ရုံကို ၂ လ ပိတ်သိမ်းမှာဖြစ်ပြီး စက်ရုံကို အလုပ်ဆင်းခွင့်မပြုတော့ဘူးလို့ သိရပါတယ်။ Myanmar All Rich အထည်ချုပ်စက်ရုံကို အော်ဒါ အထည်မှာယူတာ မရှိလို့ဆိုပြီး ဒီဇင်ဘာ ၂၅ ရက်ကနေ စတင်ကာ နှစ်လပိတ်သိမ်းမယ်လို့ အလုပ်သမားတွေကို တစ်ကြိမ် ပြောဆိုခဲ့ပြီး အထည်ချုပ်စက်ရုံကို ဒီဇင်ဘာ ၁ ရက်ကနေစတင်လို့ အလုပ်ဆင်းခွင့်မပြုတော့တဲ့အတွက် အလုပ်သမားတွေ အခက်ဖြစ်ပေါ်နေတယ်လို့ အထည်ချုပ်အလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။ ”အဲ့ဒီ့ Myanmar All Rich အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံပါ ၊ စက်ရုံကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀…

Read More

တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားပေမယ့် ယူကရိန်းကတပ်တွေကို မရုပ်သိမ်းဘူးလို့ ရုရှားပြော

မော်စကို၊ ဒီဇင်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းပဋိပက္ခမှာ ဖြစ်နိုင်ခြေရှိတဲ့ဖြေရှင်းနည်းတွေအတွက် ဆွေးနွေးပွဲတွေလုပ်ဖို့ လမ်းဖွင့်ထားပြီး သံတမန်နည်းလမ်းအရ အဖြေရှာနိုင်မယ်လို့ ယုံကြည်ကြောင်း ရုရှားသမ္မတရုံးက ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဖို့ ပြင်ဆင်ထားကြောင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုပြီးနောက် ရုရှားဘက်က အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ တခုတည်းသောနည်းလမ်းကတော့ ရုရှားတပ်တွေကို ရုပ်သိမ်းဖို့ဖြစ်ပြီး ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ပူတင်အနေနဲ့ ကြိုးပမ်းနေတယ်ဆိုရင် တွေ့ဆုံဖို့ အသင့်ရှိကြောင်း ပြင်သစ်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန်သမ္မတက ပြောပါတယ်။ သမ္မတပူတင်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားပေမယ့်လည်း ယူကရိန်းက တပ်တွေကို ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်ကပြောပါတယ်။ ယူကရိန်းအပေါ် စစ်ရေးအရ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နောင်တရစရာမရှိကြောင်း ပူတင်က ပြောဆိုထားပါတယ်။ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ ပူတင်ဟာ နယ်ချဲ့တဲ့ပုံစံစစ်ဆင်နွှဲတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။ Ref: Reuters…

Read More

အင်ဒိုနီးရှားမှာ လက်မထပ်ဘဲအတူနေရင် ထောင်ချအပြစ်ပေးမယ့် ဥပဒေပြဌာန်းတော့မယ်

ဂျကာတာ၊ ဒီဇင်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံမှာ လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ အတူနေတာကို ထောင်ဒဏ်တနှစ်ထိ ချမှတ်အပြစ်ပေးနိုင်တဲ့ ရာဇ၀တ်ဆိုင်ရာ ဥပဒေသစ်တရပ်ကို ပါလီမန်က ယခုလအတွင်း အတည်ပြုဖွယ်ရှိနေပါတယ်။ အဲဒီဥပဒေကို လာမယ့် သီတင်းပတ်အစောပိုင်းမှာ ပါလီမန်က အတည်ပြုနိုင်ကြောင်း ဥပဒေမူကြမ်းရေဆွဲရာမှာ ပါ၀င်တဲ့ လွှတ်တော်အမတ်တဦးက ပြောပါတယ်။ ဥပဒေအရ အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ ပြည်ပနိုင်ငံသားတွေပါ အကြုံး၀င်မှာဖြစ်ပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ပြစ်ဒဏ်ပေးတာတွေကတော့ အာဏာပိုင်ဆီကို တိုင်တန်းမှုရှိမှသာဖြစ်ပြီး ပြစ်မှုကျူးလွန်သူရဲ့ ဇနီးသို့မဟုတ် ခင်ပွန်းသာအကြုံး၀င်မှာ ဖြစ်ပါတယ်။ လက်မထပ်ရသေးဘဲ အတူနေတာနဲ့ ပတ်သက်ပြီးမိဘတွေက တိုင်ကြားမှုပြုနိုင်ကြောင်း ဥပဒေကြမ်းမှာ ပါ၀င်ပါတယ်။ ယခင်ကဥပဒေမူကြမ်းကို ၂၀၁၉ ခုနှစ်မှာ အတည်ပြုဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့တော်ဂျကာတာအပါအ၀င် နိုင်ငံတ၀န်းရှိ မြို့ကြီးတွေမှာ လူသောင်းပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဂျကာတာ

Read More

အမေရိကန်မရှိရင် ဥရောပအကြပ်ရိုက် ဒုက္ခရောက်လိမ့်မယ်လို့ ဖင်လန်၀န်ကြီးချုပ် သတိပေး

ဆစ်ဒနီ၊ ဒီဇင်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဥရောပဟာ ကိုယ်ပိုင်ရပ်တည်ဖို့ လုံလောက်တဲ့ အင်အားမရှိဘဲ ချိနဲ့နေပြီး အမေရိကန်ရဲ့ အထောက်အပံ့ကို မှီခိုနေရကြောင်း ဖင်လန်၀န်ကြီးချုပ် ဆန်နာမာရင်က ဒီဇင်ဘာ ၂ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ဖင်လန်၀န်ကြီးချုပ် ဆန်နာမာရင်က သူ့ရဲ့သြစတြေးလျခရီးစဉ်အတွင်း အခုလိုမှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပြီး လုံး၀အရိုးသားဆုံးပြောရမယ်ဆိုရင် ဥရောပဟာ ခိုင်မာတောင့်တင်းမှုမရှိသေးကြောင်းနနဲ့ အမေရိကန်မရှိရင် ဒုက္ခရောက် အကြပ်ရိုက်လ်ိမ့်မယ်လို့ သူကပြောပါတယ်။ အမေရိကန်ဟာ လက်ရှိချိန်ထိ ယူကရိန်းအတွက် စစ်ရေးအကူအညီအပေးဆုံးနိုင်ငံဖြစ်ပြီး ဖေဖော်ဝါရီလမှာ စစ်ပွဲစတင်ချိန်ကစပြီး ဒေါ်လာ ၁၈ ဒသမ ၆ ဘီလီယံထိ ကူညီမယ်လို့ ကတိပြုထားပါတယ်။ ဥရောပသမဂ္ဂဟာ ယူကရိန်းအတွက် အမေရိကန်ပြီးရင် ဒုတိယမြောက် ထောက်ပံ့မှုအများဆုံးအဖြစ် ရပ်တည်နေပြီး ဗြိတိန်ကမူ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဥရောပအနေနဲ့ ကာကွယ်ရေးစွမ်းရည်ကို ယခုထက်ပိုပြီး ခိုင်မာအားကောင်းဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း ဖင်လန်၀န်ကြီးချုပ်က အကြံပြုပြောဆိုပါတယ်။…

Read More

ရွှေအသင်းရဲ့ ရည်ညွှန်းဈေး ရွှေလုပ်ငန်းရှင်အချို့ စိတ်ဝင်စားမှု မရှိ

ဒီဇင်ဘာ ၃ – ၂၀၂၂ SN (VOM) ရန်ကုန်တိုင်း ရွှေအသင်းက နေ့စဉ် ကြေညာပေးနေတဲ့ အခြေခံရည်ညွှန်းဈေးနှုန်းကို ရွှေလုပ်ငန်းရှင်အချို့အနေနဲ့ စိတ်ဝင်စားမှုမရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာ ရွှေအသင်းအနေနဲ့ ကမ္ဘာ့ရွှေဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနဲ့အညီ ရည်ညွှန်းဈေးတွေကို နေ့စဉ် သတ်မှတ်ကြေညာပေးနေတာ ဖြစ်ပါတယ်။ “အဲ့ဒီ့ ရည်ညွှန်းဈေးတွေဖွင့်နေတာကတော့ တော်တော်လေးကို ကြာသွားပါပြီ။ သူတို့ဘာသာသူတို့ ဖွင့်နေတာပါ။ ဘယ်သူမှလည်း စိတ်မဝင်စားဘူး။ ဘယ်သူမှလည်း ဒီရည်ညွှန်းဈေးကို ကြည့်တာလည်းမဟုတ်ဘူး။ ဒီရည်ညွှန်းဈေးကြီးက ဘယ်နေရာမှလည်း သုံးလို့မရဘူးလေ။ သူတို့ ဖွင့်ချင်သလိုဖွင့်နေတာက အလုပ်မှ လုပ်လို့မရတာ”လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ရွှေအသင်းအနေနဲ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်း ဈေးကွက်ဖွင့်ချိန်မှာ အခေါက်ရွှေ ၁ ကျပ်သား ရည်ညွှန်းဈေး ၂,၀၉၁,၀၀၀ ကျပ်လို့ သတ်မှတ်ခဲ့ပြီး အဲ့ဒီ့ သတ်မှတ်ဈေးဟာ အရင်လ တလလုံးနဲ့ နှိုင်းယှဉ်ရင်…

Read More

နွေ မိုး ဆောင်း တောင်သမန်

ဆူးငှက် အမရပူရ၏ အထင်ကရဖြစ်သော တောင်သမန်အင်းနှင့် ဦးပိန်တံတား ဝန်းကျင်က လွန်ခဲ့သော ဆယ်စုလေးစုနှစ်များ မတိုင်ခင်အထိ လွမ်းဆွတ်ဖွယ် ရှေးဟောင်းမြို့ပြပုံရိပ်များကို ထင်ဟပ်ဆဲဖြစ်ခဲ့၏။ သက္ကရာဇ် ၁၂၁၃ (ခရစ် ၁၈၆၁)က ပုဂံမင်း၏ မြို့စာရေးဦးပိန်က အင်းဝနန်းတော်ဟောင်းက သစ်သားဟောင်းများဖြင့် မူလက ၉၈၄တိုင် (ယခုနောက်တိုးဖြင့် ၁၀၈၆တိုင်)၊ အရှည် ၃၉၆၇ပေရှိသည့် သစ်သားတံတားကြီးကို တည်ဆောက်ခဲ့ရာ ယခုအချိန်အထိ ထိုမူတံတားပုံစံနှင့် မယွင်းမတိမ်းစေရအောင် မဟာဂန္ဓာရုံ ဆရာတော်များနှင့် တောင်လေးလုံးဆရာတော်တို့က ၁၉၉၀ ဝန်းကျင်ကာလအထိ အဆက်ဆက် ကြပ်မတ်ခဲ့ကြသည်။ တောင်သမန်အင်းကလည်း သဘာဝအတိုင်း ရှိသောကြောင့် တစ်နှစ်တွင် မိုးတွင်းလေးလခန့်သာ အင်းအတွင်း ရေရှိသည်။ ရေရှိချိန်သာ တံတားတိုင်တွေ ရေနှင့်ထိစပ်သည်။ ကျန်ရှစ်လမှာက ကိုင်းမြေတွေပေါ် မားမားရပ်နေသော တံတားတိုင်ခြေတွေ ကို ရေနံချေး ဝနေအောင် သုတ်လိမ်းထိန်းသိမ်းပြီး အခြားလိုအပ်မှုတွေကို ပြုပြင်ကြသည်။ ထို့ကြောင့်လည်း ကျွန်းသားအဟောင်းနှင့်…

Read More
VOM News

FREE
VIEW