တာချီလိတ်မှာ ရွှေရောင်စက္ကူပတ် ချောကလက်စားမိရာကနေ ကလေးငယ် ၂ ဦး အပါအဝင် လူ ၅ ဦး အစာ အဆိပ်သင့်

ဒီဇင်ဘာ ၊ ၇ ၊ ၂၀၂၂
SP (VOM)

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့ ၊ အောင်မြေပါလျှံ ၁ ရပ်ကွက် ၊ အလိုတော်ပြည့် ဘုန်းကြီးကျောင်းနားမှာ ဒီကနေ့ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းက ချောကလက်စားသုံးမိရာက ကလေးငယ် ၂ ဦး အပါအဝင် လူ ၅ ဦး အစာအဆိပ်တဲ့အတွက် အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ တာချီလိတ်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အလိုတော်ပြည့် ဘုန်းကြီးကျောင်းနားမှာ အိမ်ငှားနဲ့ နေထိုင်တဲ့ မိသားစုထဲက ဖြစ်တာပါ ၊ ရွှေရောင်စက္ကူပတ် ချောကလက် စားပြီးနောက် မူးဝေးအော့အန်တဲ့အတွက် အရေးပေါ် ဆေးကုသမှုခံယူနေရတာဖြစ်တယ် ၊ လူနာတွေကတော့ မသီတာသိမ့်(၂၉)နှစ် ၊ မယမင်း (၂၁)နှစ် မောင်အောင်ကျော်လင်း (၁၇) နှစ် ၊ မောင်ထူးမြတ်ဝေ(၂)နှစ် (၄)လ ၊မနန်းသဇင်မိုး(၁)နှစ်(၄)လတို့ ဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ချောကလက်စားပြီး အစာအဆိပ်သင့်တယ်လို့ ယူဆရတဲ့ လူနာ ၅ ယောက်နဲ့ ပတ်သက်ပြီး တာချီလိတ် ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် အရေးပေါ် ဆေးကုသခံနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်ကလည်း ရခိုင်ပြည်နယ် ၊ကျောက်တော်မြို့နယ် ၊ ပီချောင်းဒေသ ၊ သင်ထင်ကျေးရွာက မိသားစု ၆ ယောက်ဟာ မှိုဟင်းနဲ့ ပြောင်းဖူးစားသုံးမိရာက မိသားစု ၆ ယောက်စလုံး အစာအဆိပ်သင့်ရောဂါနဲ့ သေဆုံးခဲ့ရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလက တာချီလိတ်မြို့က ဘုန်းကြီးကျောင်း တကျောင်းမှာ နိုက်ကလပ်တွေမှာ အသုံးပြုတဲ့ ကော်ဖီမစ်ကို ဘုန်းပေးမိရာက အစာအဆိပ်သင့်ရောဂါဖြစ်ပြီး အရေးပေါ် ဆေးကုသခဲ့ရတာ ဖြစ်ခဲ့ပါတယ်။

Photo -တာချီလိတ် လူမှုကူညီရေး
#voiceofmyanmar #VOM #တာချီလိတ်

Related posts

Leave a Comment

VOM News

FREE
VIEW