ကား တင်သွင်းခွင့်ပါမစ် ရပ်ဆိုင်းတာကြာမြင့်လာလို့ အရောင်းစင်တာတချို့ Deposit ငွေပြန်ထုတ်ပြီး လိုင်စင်ပိတ်သိမ်းဖို့ ပြင်ဆင်

ဒီဇင်ဘာ ၁၀ – ၂၀၂၂ SN (VOM) ပြည်ပကနေ မော်တော်ယာဉ်တင်သွင်းခွင့်အတွက် ပါမစ်ထုတ်ပေးခြင်းကို အချိန်ကြာမြင့်စွာ ရပ်ဆိုင်းထားတာကြောင့် အရောင်းစင်တာတချို့မှာ ရောင်းရမယ့်ကား မရှိသလောက် ဖြစ်လာတဲ့အတွက် Deposit ငွေပြန်ထုတ်ပြီး လုပ်ငန်းပိတ်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ မော်တော်ကား တင်သွင်းရောင်းချသူတွေဆီက သိရပါတယ်။ ပြည်တွင်း နိုင်ငံခြားငွေကြေးလိုအပ်ချက် ကြီးမားလာတဲ့အခြေအနေနဲ့ အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ စီးပွား/ကူးသန်း ဝန်ကြီးဌာနက ပြည်ပကနေ မော်တော်ယာဉ်အပါအဝင် အခြားဇိမ်ခံပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်ထားတာ အချိန် ၁ နှစ်နီးပါးခန့် ကြာမြင့်လာပြီဖြစ်တာကြောင့် ကားအရောင်းစင်တာတွေအနေနဲ့ အခုလို လိုင်စင်ပိတ်သိမ်းဖို့ စီစဉ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ အရောင်းစင်တာတွေဆိုတာ နိုင်ငံခြားကနေ ကားတင်သွင်းရောင်းချတာလေ။ အဲ့ဒါကို အခု ပါမစ်မပေးတာ ၁ နှစ်လောက် ရှိသွားပြီဆိုတော့ ထပ်ပြီးတော့လည်း ပါမစ်ပေးမလား၊ မပေးဘူးလား တိကျတဲ့မူဝါဒ မရှိတဲ့အခါကျတော့ တချို့လူတွေက…

Read More

ကမ္ဘာ့ ရာထူးသက်တမ်းအရှည်ဆုံးသမ္မတ ခြောက်ကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆို

မာလာဘို ၊ ဒီဇင်ဘာ-၁၀-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာ့သက်တမ်းအရှည်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ အီကွေတိုရီရယ်ဂီနီသမ္မတဟာ သူ့ရဲ့၆ ကြိမ်မြောက် ရာထူးသက်တမ်းအတွက် ဒီဇင်ဘာ ၉ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အသက် ၈၀ နှစ်အရွယ် သီအိုဒိုရိုအိုဘီရန်နဂွါမာအမ်ဘာဆိုဂိုဟာ စစ်ရေးပြအခမ်းအနားကို ကြည့်ရှုစစ်ဆေးခြင်းမပြုမီ ဒီဇင်ဘာ ၉ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ သူဟာ အီကွေတိုရီရယ်ဂီနီနိုင်ငံသားအားလုံးရဲ့ ထာ၀ရခေါင်းဆောင်ဖြစ်ရမယ်လို့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဆိုပါတယ်။ သူဟာ၁၉၇၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုမှာ ပထမဆုံး အာဏာရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာ အတိုက်အခံတွေကို နိုင်ငံရေးမှာပါ၀င်ခွင့်ကို ပိတ်ပင်တားဆီးခဲ့ပြီး အစိုးရနဲ့ မဟာမိတ်တွေက သတင်းဌာနတွေကိုထိန်းချုပ်ခြင်းနဲ့အတူ ရွေးကောက်ပွဲ မသမာမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း ဝေဖန်သူတွေက ပြောဆိုပါတယ်။ အိုဘီရန်ဟာ ဘုရင်စနစ်ကျင့်သုံးခြင်းမရှိတဲ့ နိုင်ငံမှာ ရာထူးသက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်အဖြစ် မှတ်တမ်း၀င်ခဲ့ပြီး နိုင်ငံကို ၄၃ နှစ်ကျော်ကြာ အုပ်ချုပ်ခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM…

Read More

ဘုတလင်မြို့နယ်မှာ ဆိုင်ကယ်ရပ်မပေးလို့ ပစ်ခတ်ဖမ်းဆီးရာ လူငယ် ၃ ဦးသေဆုံး

ဒီဇင်ဘာ ၊ ၁၀ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘူတလင်မြို့နယ် ၊ ကူတော်ကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၉ ရက် ၊ ညနေပိုင်းက စစ်ဆေးခံဖို့ ဆိုင်ကယ်ရပ်မပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးတဲ့အခါ ဆိုင်ကယ်စီး လူငယ် ၃ ယောက်သေဆုံးခဲ့တယ်လို့ ကူတော်ရွာခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေ ၅ ခွဲလောက်မှာ ကူတော်ရွာနားမှာ ဖြစ်တာပါ ၊ ကဘက်ကျေးရွာဘက်ကနေ ဆိုင်ကယ် ၁ စီး ၊ လူ ၃ ယောက်စီးလာတယ် ၊ အဲ့ဒါကို ကင်းအဖွဲ့က စစ်ဆေးဖို့ ဆိုင်ကယ်ရပ်ခိုင်းတဲ့အခါ ဆိုင်ကယ်ရပ်မပေးဘဲ မောင်းပြေးသွားတယ် ၊ အဲ့ဒီ အချိန်မှာ ကင်းအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတယ် ၊ ဆိုင်ကယ်သမား…

Read More

ကာကွယ်ရေးမဟာမိတ်အဖြစ် အီရန်နဲ့ပူးပေါင်းဖို့ ရုရှားကြိုးပမ်းနေကြောင်း အမေရိကန်သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၀-၂၀၂၂ မျိုးဆက်(VOM) ရုရှားနဲ့အီရန်တို့ဟာ ကာကွယ်ရေးမဟာမိတ်အဖြစ် ပိုမိုနီးကပ်လာကြောင်း အမေရိကန်က ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားနဲ့အီရန်တို့ဟာ တိုက်ခိုက်ရေးဒရုန်းတွေ ပူးတွဲထုတ်လုပ်ဖို့စီစဉ်နေတဲ့ သတင်းတွေကို ကြားသိနေရကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။ တိုက်ခိုက်ရေးဒရုန်းတွေ ပူးတွဲထုတ်လုပ်ဖို့ အီရန်နဲ့ရုရှားအကြား ပူးပေါင်းဆောင်ရွက်မှုဟာ ယူကရိန်း၊ အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အန္တရာယ်ဖြစ်စေကြောင်း သူကပြောပါတယ်။ အီရန်နဲ့ ရုရှားတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအဖြစ် ယူကရိန်းကို တိုက်ခိုက်မှုတွေမှာ ရုရှားဟာ အီရန်လုပ်ဒရုန်းတွေကို အသုံးပြုခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲထားပါတယ်။ ယူကရိန်းမှာ အသုံးပြုမယ့် ဒရုန်းတွေကိုထောက်ပ့ံ့ပေးနေတဲ့ အီရန်နိုင်ငံသားသုံးဦးနဲ့ စီးပွားရေးလုပ်ငန်းတခုကို အရေးယူပိတ်ဆို့ကြောင်း သြစတြေးလျက ကြေညာထားပါတယ်။ ရုရှားဟာ လက်နက်ထုတ်လုပ်ရေး၊ လေ့ကျင့်ရေးစတဲ့နယ်ပယ်တွေမှာ အီရန်နဲ့ပူးပေါင်းဖို့ ကြိုးစားနေတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီကပြောပါတယ်။ Ref: BBC Photo: Reuters…

Read More

တမူးမြို့မှာ စီးပွားရေး လုပ်ငန်းရှင် ၈ ဦး အဖမ်းခံရပြီးနောက် မြို့ခံလုပ်ငန်းရှင်တချို့ နေရပ်စွန့်ခွာ

ဒီဇင်ဘာ ၊ ၁၀ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့မှာ မနေ့ ဒီဇင်ဘာ ၉ ရက်က နယ်စပ်ဒေသ စီးပွားရေး လုပ်ငန်းရှင် ၈ ဦးထက်မနည်း အဖမ်းခံရပြီးနောက် စီးပွားရေး လုပ်ငန်းရှင်တချို့ နေရပ်စွန့်ခွာ နေထိုင်လျက်ရှိတယ်လို့ နယ်စပ်ကုန်သွယ်ရေး စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်း ဆီက သိရပါတယ်။ ” တမူးမြို့မှာ အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးခံနေရတဲ့ လုပ်ငန်းရှင်တွေကတော့ ၊ တမူး စော်ဘွား အမှတ် ၄ ရပ်ကွက်နေ ဦးကျော်ဆန်းမင်း ဆိုင်ကယ်ပြုပြင်ရေးနဲ့ အပိုပစ္စည်းဆိုင် ၊ စျေးတန်း အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ဦးဇော်သန့် ကွန်ပျူတာနဲ့ လျှပ်စစ် ပစ္စည်းဆိုင် ၊ မြို့မ အမှတ် ၅ ရပ်ကွက်နေ…

Read More

လက်ရှိ ရခိုင်အရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းနဲ့ တွေ့ဆုံမေးမြန်းချက်

ဒီဇင်ဘာ ၁၁- ၂၀၂၂ SW (VOM) ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ ပြည်နယ်ကောင်စီအနေနဲ့ ရခိုင်ပြည်အရေးဘာတွေဆောင်ရွက်နေပါသလဲ။ ရခိုင်ပြည်နယ်တိုးတက်ရေးဘာတွေ လုပ်ဆောင်နေပါသလဲ စတာတွေနဲ့ ပတ်သက်ပြီး ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူနဲ့ VOMတို့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ #voiceofmyanmar #VOM #ရခိုင်ပြည်နယ်အရေး #ပြည်နယ်ကောင်စီပြောခွင့်ရ #တွေ့ဆုံမေးမြန်းချက် Youtube Link – https://youtu.be/6S4zZICj-EA

Read More
VOM News

FREE
VIEW