ကာကွယ်ရေးမဟာမိတ်အဖြစ် အီရန်နဲ့ပူးပေါင်းဖို့ ရုရှားကြိုးပမ်းနေကြောင်း အမေရိကန်သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၀-၂၀၂၂
မျိုးဆက်(VOM)

ရုရှားနဲ့အီရန်တို့ဟာ ကာကွယ်ရေးမဟာမိတ်အဖြစ် ပိုမိုနီးကပ်လာကြောင်း အမေရိကန်က ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားနဲ့အီရန်တို့ဟာ တိုက်ခိုက်ရေးဒရုန်းတွေ ပူးတွဲထုတ်လုပ်ဖို့စီစဉ်နေတဲ့ သတင်းတွေကို ကြားသိနေရကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။

တိုက်ခိုက်ရေးဒရုန်းတွေ ပူးတွဲထုတ်လုပ်ဖို့ အီရန်နဲ့ရုရှားအကြား ပူးပေါင်းဆောင်ရွက်မှုဟာ ယူကရိန်း၊ အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အန္တရာယ်ဖြစ်စေကြောင်း သူကပြောပါတယ်။

အီရန်နဲ့ ရုရှားတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအဖြစ် ယူကရိန်းကို တိုက်ခိုက်မှုတွေမှာ ရုရှားဟာ အီရန်လုပ်ဒရုန်းတွေကို အသုံးပြုခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲထားပါတယ်။

ယူကရိန်းမှာ အသုံးပြုမယ့် ဒရုန်းတွေကိုထောက်ပ့ံ့ပေးနေတဲ့ အီရန်နိုင်ငံသားသုံးဦးနဲ့ စီးပွားရေးလုပ်ငန်းတခုကို အရေးယူပိတ်ဆို့ကြောင်း သြစတြေးလျက ကြေညာထားပါတယ်။

ရုရှားဟာ လက်နက်ထုတ်လုပ်ရေး၊ လေ့ကျင့်ရေးစတဲ့နယ်ပယ်တွေမှာ အီရန်နဲ့ပူးပေါင်းဖို့ ကြိုးစားနေတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီကပြောပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW