ထိုင်းမှာ ရွှေဆိုင်ကရွှေခိုးပြီး ရဲအရာရှိအိမ်ဝင်ပုန်းတဲ့ မြန်မာလုပ်သားတဦး ဖမ်းဆီးခံရ

ဘန်ကောက်၊ ဒီဇင်ဘာ-၂၅-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနီုင်ငံ ဘန်ကောက်အနီး ဘန်ဘွန်မှာရှိတဲ့ ရွှေဆိုင်က ဘတ် တသိန်းခွဲဖိုးရွှေတွေ ခိုးယူသွားပြီး ရဲအရာရှိတဦးနေအိမ်မှာ ပုန်းနေတဲ့ မြန်မာလုပ်သားတဦးကို ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အဲဒီမြန်မာလုပ်သားဟာ ရွှေဆိုင်ကရွှေတွေကို ဝယ်ယူမလို့ ကြည့်ရှုပြီးနောက် ယူဆောင်ထွက်ပြေးသွားခဲ့ပြီး အဝတ်အစားတွေလဲကာ စျေးထဲကနေထွက်ပြေးသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

အဲဒီနောက် စျေးအပြင်က နေအိမ်ထဲကို ဝင်ရောက်ပုန်းအောင်းနေခဲ့ပြီး အဲဒီအိမ်ဟာ အမှတ် ၇ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီးရဲ့နေအိမ်ဖြစ်နေပါတယ်။

ရဲမင်းကြီးအိမ်ပြန်ရောက်ချိန်မှာတော့ ခြံထဲက သုံးမီတာအမြင့်ရှိ သစ်ပင်ပေါ်မှာ ပုန်းနေတဲ့ အသက် ၃၀ အရွယ် သက်ဦးဆိုသူ မြန်မာလုပ်သားကို တွေ့ရှိပြီး ဖမ်းမိခဲ့တာဖြစ်ပါတယ်။

သူဟာ အထည်ချုပ်စက်ရုံမှာ တလကို ဘတ်ငါးထောင်နဲ့ အလုပ်လုပ်နေသူဖြစ်ပြီး မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့မိသားစုကို ထောက်ပံ့ဖို့ ဘတ်ခုနှစ်သောင်းချေးငှားခဲ့ပြီး လစဥ်ဘတ်သုံးထောင်ပြန်ဆပ်ဖို့မလုံလောက်တာကြောင့် အခုလိုရွှေတွေခိုးယူခဲ့တာလို့ သိရပါတယ်။

သူယူခဲ့တဲ့ ရွှေထည်ငါးမျိုးထဲက သုံးမျိုးကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး ကျန်နှစ်ခုက ပြေးရင်းနဲကျကျန်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူ့ကိုအရေးယူဖို့ ရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။

Ref: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW