အမေရိကန်ပြည်သူ သန်း ၂၀၀ ကျော် ဆိုးရွားတဲ့နှင်းမုန်တိုင်းနဲ့ ရင်ဆိုင်နေရ

ဝါရှင်တန် ၊ဒီဇင်ဘာ-၂၄-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်မှာ အားလပ်ရက် ပိတ်ရက်မတိုင်မီ ပြင်းထန်တဲ့ဆောင်းမုန်တိုင်းဒဏ်ကို အမေရိကန် ​ပြည်သူသန်း ၂၀၀ ပျော်ခံစားနေကြရပါတယ်။

နှင်းမုန်တိုင်း လူ၁၂ ဦးထက်မနည်း သေးဆုံးပြီးလူပေါင်း ၁.၅ သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေကာ လေကြောင်းခရီးစဉ် ထောင်ပေါင်းများစွာကို သောကြာနေ့ကဖျက်သိမ်းခဲ့ရပါတယ်။

ကြီးမားတဲ့မုန်တိုင်းသည် Texas မှ Quebec အထိ မိုင် 2,000 (3,200 ကီလိုမီတာ) ကျော် ရှည်လျားတယ်လို့ သိရပါတယ်။

လေထုဖိအား ကျဆင်း​​ခြင်းအပါအဝင် နှင်းမုန်တိုင်းကြောင့် အမေရိကန်-ကနေဒါနယ်စပ်မှာလည်း ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

အမေရိကန် မွန်တားနားနဲ့ အယ်ခ်ပါ့ခ်တို့မှာ အပူချိန် အနှုတ် ၄၅ ဒီဂရီစင်တီဂရိတ်ထိကျဆင်းနေပြီး တောင်ဒါကိုတာမှာလည်း ဆီးနှင်းထူထပ်စွာကျနေပြီး အနွေးဓာတ်အတွက် လောင်စာကုန်သွားတဲ့ လူမျိုးစုတွေဟာ အဝတ်အစားတွေကိုပါ မီးရှို့ပြီး မီးလှုံနေကြရတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။

ပန်ဆယ်ဗေးနီးယားနဲ့ မီချီဂန်တို့မှလည်း ဆီးနှင်းတွေ ထူထပ်စွာကျဆင်းမယ်လို့ ခန့်မှန်းထား​​ပြီး နယူးယောက်၊ ဘတ်ဖ်လိုတို့မှာ အနည်းဆုံး ၈၉ စင်တီမီတာ ထိကျဆင်းနေပြီး လူရှစ်သန်းကျော် နှင်းမုန်တိုင်းသတိပေးချက်အောက်မှာ ဆက်လက်ရှိနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Ref: BBC
#VOM #voiceofmyanmar #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW