ဟင်္သာတမှာ ကျောက်တင်ကားနဲ့ပါလာတဲ့ အထောက်အထားမဲ့သူ ကလေး ၁၀ ဦးအပါအဝင် ၃၉ ဦးဖမ်းမိ

ဇန်နဝါရီ ၂-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့က လယ်တီကွင်း စစ်ဆေး ရေးဂိတ်မှာ ဒီကနေ့ ဇန်နဝါရီ ၂ ရက်မနက်ပိုင်းကဘကျောက်သယ်တဲ့ကားနဲ့ ကလေး ၁၀ ယောက်ထက်မနည်း ပါဝင်တဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၃၉ ယောက်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ”မနက်က ၁၀ နာရီကျော်ကျော်လောက်ဖမ်းမိတာ ၊ ဟင်္သာတမြို့နယ် ၊ လယ်တီကွင်းမြို့အဝင် စစ်ဆေးရေး ဂိတ်မှာဖမ်းမိတာ ၊မောင်းလာတဲ့ ကျောက်တင်ကားကို လုံခြုံရေးတွေက ရပ်တန့်စစ်ဆေးတာ ကားထဲမှာပါလာတာ၊ အထောက်အထားမဲ့ ကလေး ၁၀ ယောက်ထက် မနည်းပါတယ် ၊ အားလုံးပေါင်း ၃၉ ယောက်ပါ ၊ ယာဉ်မောင်းက ထွက်ပြေးသွားတယ် ။”လို့ လုံခြုံရေးအဖွဲ့ နဲ့ နီးစပ်သူတယောက်က VOM ကိုပြောပါတယ်။ အခု ဖမ်းမိတဲ့ အထောက်အထားမဲ့သူ ၃၉ ယောက်ဟာ…

Read More

ဗင်နီဇွဲလားစင်ပြိုင်အစိုးရ ဖျက်သိမ်းဖို့ အတိုက်အခံတွေ မဲခွဲဆုံးဖြတ်

ကရာကတ်စ်၊ ဇန်နဝါရီ-၂-၂၀၂၃ မျိုးဆက်(VOM) ဗင်နီဇွဲလားအတိုင်အခံတွေဟာ တည်ထောင်ထားတဲ့ စင်ပြိုင်အစိုးရကို ဖျက်သိမ်းပြီး ခေါင်းဆောင်ဖြစ်သူ ဂွိုင်ဒိုကိုဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ သမ္မတ နီကိုးလက်စ်မာဒူရို ပြန်လည်ရွေးချယ်ခံရပြီးနောက် မစ္စတာဂွိုင်ဒိုက သူ့ကိုယ်သူသမ္မတအဖြစ်ကြေညာခြဲ့့ပီးနောက် လေးနှစ်အကြာမှာ စင်ပြိုင်အစိုးရကို ဖျက်သိမ်းသိမ်းလိုက်တာဖြစ်ပါတယ်။ ဂွိုင်ဒိုကို အမေရိကန်အပါအ၀င် အနောက်နိုင်ငံအများအပြားက အသိအမှတ်ပြုထောက်ခံခဲ့ကြသော်လည်း အတိုက်အခံခေါင်းဆောင်ဟာ လက်ဝဲယိမ်းသမ္မတ မာဒူရိုကို ဖြုတ်ချနိုင်ခြင်းမရှိခဲ့ပါဘူး။ အတိုက်အခံနိုင်ငံရေးသမားတွေဟာ မစ္စတာဂွိုင်ဒိုအပေါ် ယုံကြည်မှုပျက်ပြားမှုနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ခဲ့ကြကာ ကြားဖြတ်အစိုးရကို ဖျက်သိမ်းဖို့ကိုလည်း မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဗင်နီဇွဲလားမှာ ကာရှည်ကြာဖြစ်ပွားနေတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာမှုဆိုင်ရာ အကျပ်အတည်းကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြည်သူခုနှစ်သန်းကျော် နိုင်ငံတွင်းမှထွက်ပြေးစွန့်ခွာခဲ့ကြပါတယ်။ Ref: BBC #voiceofmyanmar #VOM #ကရာကတ်စ်

Read More

ကြိုတင်ကြေညာမှုမရှိဘဲ တနိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ ခေတ္တပိတ်

ဇန်နဝါရီ ၂ – ၂၀၂၃ SN (VOM) ရန်ကုန်အပါအဝင် တနိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ် လျှောက်ထားထုတ်ပေးရေးရုံးတွေ အားလုံးကို ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့က စ၊ ပိတ်သိမ်းလိုက်ပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ အခုလို ရုံးတွေ ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး တရားဝင် ကြိုတင်ကြေညာမှုမရှိသလို နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုတွေလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့ကစပြီး ရပ်တန့်သွားတာဖြစ်ပါတယ်။ အရင်က Online Booking စနစ် ရပ်နားထားချိန်၊ နယ်ရုံးတွေမှာ ဆက်လက် ထုတ်ပေးနေပေမယ့်လည်း ဒီနေ့မှာတော့ တနိုင်ငံလုံးပိတ်လိုက်တာဖြစ်ပြီး ပြန်ဖွင့်မယ့်ရက်ကို အတိအကျ မသိရဘဲ Website ကနေ ပြန်ကြေညာပေးမယ်လို့သာ ပြောတယ်လို့ နိုင်ငံကူးလက်မှတ် သွားရောက်ပြုလုပ်ခဲ့သူတွေဆီက သိရပါတယ်။ “ကျွန်တော်တို့‌ ရောက်သွားတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကတော့ နည်းပညာအဆင့်မြှင့်တင်ဖို့ အခုလိုနားထားတာဆိုပြီး ရုံးအပြင်မှာ စာကပ်ကြေညာထားတာ တွေ့ရတယ်။…

Read More

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး သုံးပုံတပုံကျဆင်းမယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ-၂-၂၀၂၂ မျိုးဆက်(VOM) ၂၀၂၃ ခုနှစ်အတွင်းမှာ ကမ္ဘာ့စီးပွားရေး သုံးပုံတပုံခန့် ဆုတ်ယုတ်ကျဆင်းလိမ့်မယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်) အကြီးအကဲက ဇန်နဝါရီ ၁ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။ အမေရိကန်၊ အီးယူနဲ့ တရုတ်တို့ရဲ့ စီးပွားရေးနှေးကွေးမှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့စီင်္းပွားရေး ဆုတ်ယုတ်ကျဆင်းမှုဟာ ယခင်နှစ်ကထက် ပိုမိုပြင်းထန်မယ်လို့ အိုင်အမ်အက်ဖ်အကြီးအကဲ ခရစ်စတာလီနာဂျော်ဂျီဗာက ပြောပါတယ်။ ယူကရိန်းစစ်ပွဲ၊ ကုန်စျေးနှုန်းမြင့်တက်မှု၊ အတိုးနှုန်းမြင့်မားမှုနဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေခြင်းတွေက ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိလာလိမ့်မယ်လို့ သူကပြောပါတယ်။ ကမ္ဘာ့စီးပွားရေးရဲ့ သုံးပုံတပုံ ဆုတ်ယုတ်ကျဆင်းမယ်လို့ မိမိတို့ခန့်မှန်းထားပြီး စီးပွားပျက်ကပ်မဖြစ်သေးတဲ့ နိုင်ငံတွေမှာလည်း သန်းပေါင်းများစွာသောပြည်သူတွေဟာ စီးပွားရေးဆုတ်ယုတ်မှုကို ခံစားရလိမ့်မယ်လို့ အိုင်အမ်အက်ဖ်အကြီးအကဲက ထုတ်ဖော်ပြောဆိုပါတယ်။ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီး တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ စီပွားရေးနဲ့ပတ်သက်ပြီး အခက်အခဲတွေကို စတင်ကြုံတွေ့ရမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်လာလိမ့်မယ်လို့ သူကသတိပေးပြောဆိုပါတယ်။ Ref: BBC…

Read More

ရန်ကုန် – မြိတ် ပြေးဆွဲနေတဲ့ ရွှေဝယ်သူ ခရီးသည်တင်ကား ဓားပြတိုက်ခံရ

ဇန်နဝါရီ ၂ -၂၀၂၃ SP (VOM) မွန်ပြည်နယ် ၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်ကြား ကနင်ကမော့ရွာအနီး မလွဲတောင်နားမှာ ဒီကနေ့မနက် အစောပိုင်းက ရန်ကုန်ကနေ မြိတ်မြို့ကို ခရီးသည်တင်ပြေးဆွဲလာတဲ့ ရွှေဝယ်သူ ခရီးသည်တင်ကား ဓားပြတိုက်ခံရပြီး ခရီးသည်တွေရဲ့ ရွှေထည် လက်ဝတ် လက်စားတွေပါသွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ဒီမနက် ၄ နာရီခွဲလောက်မှာ မလွဲတောင်နားကိုရောက်တော့ အမည်မသိ သေနတ်သမား ၆ ယောက်က သေနတ်ပစ်ဖောက်ပြီး ကားကိုတားတယ် ၊ နောက်ပြီး ကားပေါ်ပါတဲ့ ခရီးသည်တွေကို ဆင်းခိုင်းပြီး ရွှေထည် လက်ဝတ်လက်စားနဲ့ ပိုက်ဆံအိတ်တွေကို ပေးရတယ် ၊ မှတ်ပုံတင်တွေရော ၊ ပိုက်ဆံတွေပါ ၊ ပါသွားတယ် ၊ အဲ့ဒီအပြင် ခရီးသည်တွေရဲ့ ဖုန်းတွေပါ ယူသွားတာ”လို့ ဓားပြတိုက်ခံရတဲ့ ခရီးသည် တယောက်က ပြောပါတယ်။…

Read More

တရုတ်ဘက် တင်ပို့နေတဲ့ ဖရဲ၊ သခွား ဈေး ပြန်ကောင်းလာ

ဇန်နဝါရီ ၂၊ ၂၀၂၃ Shy V ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ ကျင်စန်းကျော့ – ဝမ်တိန် ကနေ တရုတ်ဘက် တင်ပို့နေတဲ့ မြန်မာ့ ဖရဲ၊ သခွားတွေဟာ အခုရက်ပိုင်းအတွင်း ဈေးကောင်းလာတယ်လို့ နယ်စပ် သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ဖရဲ သခွား အခုရက်ပိုင်း ဈေးကောင်းပါတယ်၊ ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာတော့ ဖရဲ 855 ၁ ကီလိုဂရမ်ကို အမြင့်ဆုံးဈေး တရုတ်ငွေ ၄ ယွမ်၊ ထင့်ဝမ် ၁ ကီလိုဂရမ်ကို တရုတ်ငွေ ၄.၇ ကနေ ၄.၈ ယွမ်၊ သခွားမွှေးလည်း ၁ ကီလိုဂရမ်ကို တရုတ်ငွေ ၄.၇ ကနေ ၄.၈ ယွမ် ရတယ်၊ အဝင်နည်းတာရယ်၊ နှစ်သစ်ကူးချိန်ရောက်တော့မှာ ဖြစ်တာရယ်ကြောင့် နံနက် ၇…

Read More

ဧရာဝတီတိုင်းမှာ (၁)နှစ်အတွင်း စက်ရုံတွေ ပိတ်သိမ်းတာတွေကြောင့် လူ ၃၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေရ

ဇန်နဝါရီ ၂-၂၀၂၂ MM(VOM) ဧရာ၀တီတိုင်းမှာ အထည်ချုပ်စက်ရုံတွေ ပိတ်တာ ၊ အလုပ်သမားတွေလျှော့ချတာကြောင့် ၂၀၂၂ခုနှစ်အတွင်း အလုပ်သမား အယောက် ၃၀၀၀ နီးပါး အလုပ်လက်မဲ့ ဖြစ်နေရတယ်လို့ အလုပ်သမား အရေးကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။ ” တနှစ်အတွင်း ပိတ်သိမ်းခဲ့တဲ့ အထည်ချုပ် စက်ရုံ ၂ ရှိတယ် ၊ အလုပ်သမား အင်အား ၉၀၀ နီးပါးနဲ့ လည်ပတ်နေတဲ့ ပုသိမ်မြို့ ၊ အမှတ်(၁၃)ရပ်ကွက် စက်မှုဇုန်မှာရှိတဲ့ Chai Moon Sport အထည်ချုပ်စက်ရုံနဲ့ အလုပ်သမားအင်အား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ပုသိမ်မြို့၊ကွင်းအမှတ် ၅၀/သစ်ညိုကုန်းကွင်း၊ တဲကြီးကုန်းလမ်း အမှတ် ၁၁ ရပ်ကွက်မှ Myanmar All Rich အထည်ချုပ်စက်ရုံတို့ ဖြစ်တယ် ၊ မအူပင် ၊ ကန်ကြီးထောင့် သာပေါင်း ဘက်မှာလည်း…

Read More
VOM News

FREE
VIEW