ကျောက်ကြီးနယ်မှာ ဗုံးပေါက်ကွဲလို့ လူ၃ဦး သေဆုံး ၄ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၁၄ -၂၀၂၃
GG(VOM)

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်၊နတ်သံကွင်းရွာ ၊ ကျောက်ကြီး- ပဲနွယ်ကုန်းသွား ကားလမ်းပေါ်က သံဘောင်ဘေလီတံတားအနီးမှာ မနေ့ ဇန်နဝါရီ ၁၃ရက် ညနေပိုင်းက ဗုံးပေါက်ကွဲလို့ ၃ ယောက်သေပြီး ၄ယောက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

မနေ့က ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၅ နာ
ရီလောက်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်၊ တံတားရဲ့ အရှေ့မြောက်ဘက်လောက်မှာ ဗုံးကပေါက်တာ နတ်သံကွင်းရွာနားပေါ့ ၊ မြို့နယ် တာဝန်ရှိသူတွေကတော့ ဒါက ဒရုန်းနဲ့ပစ်တာလို့ ပြောတယ်။ “လို့ ဒေသခံတဦးက ပြောပြပါတယ် ။

သေဆုံးသူတွေဟာ တောင်ယာလုပ်ငန်းခွင်ကနေ အလုပ်သိမ်းပြန်လာကြတဲ့ ဒေသခံပြည်သူတွေဖြစ်ကြောင်းနဲ့ လက်ရှိမှာ သေဆုံးနဲ့ဒဏ်ရာရသူတွေကို နတ်သံကွင်းတိုက်နယ်ဆေးရုံ ပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ကလည်း ကျောက်ကြီး၊ နတ်သံကွင်းလမ်းမှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေရှိပြီး သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ်ထဲမှာက နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၊သတ်ဖြတ်ခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်ကြီး #ဗုံးပေါက်ကွဲမှု #လူသုံးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW