မတူပီမြို့နယ်ထဲမှာ ရုပ်အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ဇန်နဝါရီ ၁၆ -၂၀၂၃
SP (VOM)

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ တလန်းကျေးရွာနားမှာ မနေ့ ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက လူသေရုပ်အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ တလန်းရွာခံတွေဆီက သိရပါတယ်။

“မနေ့က ရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ ၂ ဘက် ပစ်ကြတာ အချိန်အတော်ကြာတယ် ၊ အဲ့ဒီ တိုက်ပွဲ အပြီးမှာ ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းဆည်းရမိတာဖြစ်တယ်”လို့ တလန်းရွာခံတယောက်က ပြောပါတယ်။

တလန်းရွာ ထိတွေ့တိုက်ပွဲဖြစ်တာနဲ့ ပတ်သတ်ပြီး ချင်းပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” မတူပီမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းနေတာဖြစ်တယ် ၊ မနေ့က တလန်းရွာနားမှာ CDF အဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ် ၊ အမျိုးသား ၂ လောင်း ၊ အမ် ၄ သေနတ် ၁ လက် ၊၅.၅၆ကျည် ၅၀၇ တောင့်
၊ ၁၂ ဗို့သေနတ် ၃ လက် ၊ ၁၂ ဗို့ကျည် ၃၄ တောင့် ၊ ပြောက်ကျားအင်္ကျီ ၅၀ ထည် ၊ ပြောက်ကျားကျောပိုးအိတ် ၁၀ လုံး ၊ ပြောက်ကျားဦးထုတ် ၁၀ လုံး ၊ ဆေးပစ္စည်း ၁ ဖာတို့အား သိမ်းဆည်းရမိတယ် ၊ အဲ့ဒီအပြင် လိုက်လံရှင်းလင်းတဲ့အခါ ၊ လက်လုပ်သေနတ် ၁ လက်၊ ၁၂ ဗို့သေနတ် ၁ လက်၊ အမ်၁၆ ကျည်အိမ် ၁ ခု၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်မိုင်း ၂၇ လုံး၊ ၅.၅၆ ကျည် ၃၀ တောင့် ၊ယမ်းကြိုး၁ ခွေ၊ စနိုက်ပါမှန်ပြောင်း ၁ ခု ထပ်မံသိမ်းဆည်းရမိတယ်”လို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မတူပီ ၊ ဟားခါး ၊ တီးတိန် ၊ ဖလမ်း စတဲ့မြို့နယ်တွေဘက်မှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တွေက မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်မှာရှိတဲ့ ချင်းအမျိုးသား တပ်ဦးရဲ့ ဗဟို ဌာနချုပ်စခန်းကို လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မတူပီ

Related posts

Leave a Comment

VOM News

FREE
VIEW