အာဖဂန်လွှတ်တော်အမတ်ဟောင်း အမျိုးသမီးတဦးနဲ့ သက်တော်စောင့် နေအိမ်မှာ ပစ်သတ်ခံရ

ကဘူးလ်၊ ဇန်နဝါရီ-၁၆-၂၀၂၃
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်နိုင်ငံမှာ လွှတ်တော်အမတ်ဟောင်းတဦးနဲ့ သူ့ရဲ့သက်တော်စောင့်တဦးတို့ဟာ မြို့တော်ကဘူးလ်ရှိ နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။

အသက် ၃၂ နှစ်အရွယ် မာဆယ်လ်နာဘီဇာဒါဟာ ၂၀၂၁ ခုနှစ်သြဂုတ်လမှာ တာလီဘန်တွေ အာဏာရယူပြီးနောက်ပိုင်း ကဘူးလ်မြို့မှာ ဆက်လက်နေထိုင်တဲ့ အမျိုးသမီးအမတ်အနည်းငယ်ထဲမှ တဦးဖြစ်ပါတယ်။

ဇန်နဝါရီ ၁၅ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း သူ့ရဲ့ အကိုဖြစ်သူနဲ့ အခြားလုံခြုံရေးတဦးလည်း ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

မစ္စနာဘီဇာဒါဟာ အာဖဂန်နစ္စတန်အတွက် ကြောက်ရွံ့မှုကင်းစွာ တာ၀န်ထမ်းဆာင်ခဲ့သူဖြစ်ပြီး နိုင်ငံမှထွက်ခွာပြီး အခြားမှာအခြေချနေထိုင်နိုင်တဲ့အခွင့်အရေးကို ပယ်ချခဲ့သူဖြစ်ကြောင်း လုပ်ဆောင်ကိုင်ဘက်တွေကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အာဖဂန်မှာ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တို့အာဏာပြန်ရခဲ့ပြီးနောက် လူမှုဘ၀နယ်ပယ်အားလုံးနီးပါးကနေ အမျိုးသမီးတွေရဲ့ပါ၀င်ဆောင်ရွက်မှုတွေကို ပိတ်ပင်ခံထားရပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ကဘူးလ်

Related posts

✕
VOM News

FREE
VIEW