ကိဗ်ယက်မြို့အနီးမှာ ရဟတ်ယာဉ်ပျက်ကျမှု ယူကရိန်းပြည်ထဲရေး၀န်ကြီး အပါအ၀င် လူ ၁၆ ဦးသေဆုံး

ကိဗ်ယက်၊ ဇန်နဝါရီ-၁၈-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်ယက်အရှေ့ဘက် ဆင်ခြေဖုံးရှိ မူကြိုကျောင်းအနီးမှာ ရဟတ်ယာဉ်တစင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ ယူကရိန်းပြည်ထဲရေး၀န်ကြီးအပါအ၀င် လူ ၁၆ ဦးသေဆုံးသွားပါတယ်။

ပြည်ထဲရေး၀န်ကြီး ဒန်နီစ်မိုနာစကီဟာ အခြားသူရှစ်ဦးနဲ့အတူ ရဟတ်ယာဉ်ပေါ်မှ လိုက်ပါခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်နှစ်ဦးလည်းပါ၀င်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ရဟတ်ယာဉ်ဟာ ဘရိုဘာရီဒေသ ဆင်ခြေဖုံးမှာဆင်းသက်စဉ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး ပြည်ထဲရေး၀န်ကြီးဌာန လက်ထောက်၀န်ကြီးနဲ့ပြည်နယ်အတွင်း၀န်လည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ မူကြိုကျောင်းအနီးမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တွေနဲ့ ၀န်ထမ်းတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

လက်ရှိမှာတော့ ကလေးငယ် ၁၀ ဦးအပါအ၀င် လူ ၂၂ ဦးကို ဆေးရုံတင်ထားရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ရဟတ်ယာဉ်ပျက်ကျချိန်မှာ မြူတွေထူထပ်စွာကျနေတာကြောင့် မြင်ကွင်းမရှင်းဖြစ်နေပြီး ကနဦးအစီရင်ခံစာတွေအရ ရဟတ်ယာဉ်ဟာ မူကြိုကျောင်းနဲ့တိုက်မိပြီးနောက် လူနေအဆောက်အအုံတခုနဲ့ နီးကပ်စွာပျံသန်းခဲ့တယ်လို့ သိရပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ကိဗ်ယက် #ရဟတ်ယာဉ်ပျက်ကျမှု #ပြည်ထဲရေးဝန်ကြီး #လူတဆယ့်ခြောက်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW