ကမ္ဘာ့အသက်အကြီးဆုံးလူသား အသက် ၁၁၈ နှစ်မှာ ကွယ်လွန်

ပါရီ၊ ဇန်နဝါရီ-၁၉-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်အမျိုးသမီးဟာ ဇန်နဝါရီ ၁၈ ရက် အသက် ၁၁၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတွေအရ လူစီလီရွန်ဒန်ဟာ ၁၉၀၄ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ဆရာမအဖြစ် လုပ်ကိုင်ပြီးနောက် စစ္စတာအန်ဒရီအမည်နဲ့ ၁၉၄၄ ခုနှစ်မှာ ကက်သလစ်သီလရှင်တဦး ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး သူမရဲ့ဘ၀ အချိန်အများစုကို ဘာသာရေးနဲ့သာအချိန်ကုန်ဆုံးခဲ့ပါတယ်။

ရွန်ဒန်ဟာ အသက် ၁၁၆ နှစ်အရွယ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမြှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသော်လည်း သုံးပတ်အကြာမှာ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

သူဟာ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျပန်အမျိုးသမီး တာနာကာကာနီ ကွယ်လွန်ပြီးနောက် ကမ္ဘာပေါ်မှာ သက်ရှိထင်ရှားရှိတဲ့ အသက်အကြီးဆုံးလူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သူဟာ ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ ဘိုးဘွားရိပ်သာတခုမှာ ဇန်နဝါရီ ၁၇ ရက်က ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ပြင်သစ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ပါရီ

Related posts

VOM News

FREE
VIEW