ဆူးငှက် “မောင် .. ဝါသနာထုံတဲ့ ကဗျာ၊ စာပေ၊ ဂီတတွေ … အဖိုးတန်အမြုတေ မြန်မာမှုတွေ .. ထီးစဉ်နန်းဆက် .. မန်မာ့ယဉ်ကျေးမှုအမွေ၊ ဆွေးနွေးလေ့လာနိုင်သလေ … တစ်မြို့တစ်ဘာသာမတူတာတွေ … ဆရာအဆူဆူ သဘောဖြူ မိတ်ဟောင်းဆွေရင်းလို့ပဲ … ခင်မင်သူတွေ …” မန္တလေး တေးပြုစာဆိုကြီး ဦးဘသိန်း(မန္တလေး) က သူ့ “ဖိတ်ခေါ်သံ” သီချင်းတွင် အထက်ပါအတိုင်းရးစပ်သီကုံးခဲ့သည်။ ကျွန်တော်သည် ထိုသီချင်းကို သတိရလေတိုင်း ထိုအပိုဒ်ကို မြတ်မြတ်နိုးနိုး မြိန်မြိန်ယှက်ယှက် သီဆိုမိသည်ချည်းဖြစ်သည်။ တကယ်တမ်း မန္တလေးသားပညာရှင်ဆရာကြီးတစ်ယောက်၏ အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖူးလိုက်ပါမှ ထိုသီချင်းစာသားအဓိပ္ပာယ်လေးနက်မှုမှာ ပိုမိုသိသာထင်ရှားသွားတော့သည်။ ၂၆ ဘီ(အာဇာနည်လမ်း)ပေါ်က အမှတ် ၂၁ အ.ထ.က၏ အနောက်ဘက် ကပ်လျက် လမ်းကြားလေးအတိုင်း မြောက်ဘက်သို့ဝင်ပြီး အိမ်ဝင်း ၃၊ ၄ ဝင်းကျော်တာနှင့် ထိုပညာရှင်…
Read MoreDay: January 21, 2023
နိုင်ငံကျော် ဓမ္မကထိက မြစင်္ကြာမဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသရဲ့ အန္တိမစျာပနအခမ်း အနားမြင်ကွင်း
စစ်ကိုင်း၊ ဇန်နဝါရီ- ၂၂- ၂၀၂၃ (Voice of Myanmar) နိုင်ငံကျော် ဓမ္မကထိက မြစင်္ကြာကျောင်းတိုက်များရဲ့ မဟာနာယကဆရာတော်ဖြစ်တဲ့ ဘဒ္ဒန္တဣန္ဒကာဘိဝံသ (သက်တော်(၅၈)၊ သိက္ခာတော် (၃၈)ဝါ)ရဲ့ ရုပ်ကလာပ်တော် ပြင်ဆင်ထားမှုမြင်ကွင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ မြစင်္ကြာကျောင်းတိုက်ရဲ့ မဟာနာယကဆရာတော်ဖြစ်တဲ့ ဘဒ္ဒန္တဣန္ဒကာဘိဝံသ(သက်တော်(၅၈)၊ သိက္ခာတော် (၃၈)ဝါ)ဟာ မန္တလေးမြို့က ငြိမ်း အထူးကုဆေးရုံကြီးမှာ ဦးနှောက်ကျုံ့တဲ့ရောဂါအတွက် ဆေးကုသမှုခံယူနေရင်း ဇန်နဝါရီ ၁၇ ရက်နေ့က ဘဝနတ်ထံပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ဒီကနေ့နေ့လည် ၂ နာရီအချိန် ကျောင်းတိုက်အတွင်းကနေ ကရဝိတ်ယာဥ်နဲ့ ပင့်ဆောင်ပြီး စစ်ကိုင်းမြို့ ကမ်းနားလမ်းမှာ မီးပူဇော်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ဘဒ္ဒန္တဣန္ဒကာဘိဝံသ ဆရာတော်ဟာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ၊ သိမ်တော်ရပ် ခမည်းတော် ဦးကျော့ရွှေ၊ မယ်တော် ဒေါ်မြစိန်တို့က ၁၃၂၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်၊…
Read Moreဟုမ္မလင်းမြို့မရဲစခန်းက ရဲအရာရှိတွေကို ဖမ်းဆီးချုပ်နှောင်ပြီး အကြမ်းဖက်မှုနဲ့ ဆက်နွယ်တယ်ဆိုကာ စစ်ဆေးခံနေရ
ဇန်နဝါရီ ၊ ၂၁ -၂၀၂၃ Voice Of Myanmar(VOM) စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ် ၊ ဟုမ္မလင်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတွေကို အကြမ်းဖက်မှုနဲ့ ဖမ်းဆီးချုပ်နှောင်းထားတဲ့ အချုပ်တရားခံတွေနဲ့ ဆက်နွယ်နေတယ်ဆိုကာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးချုပ်နှောင်လိုက်တယ်လို့ ဟုမ္မလင်းမြို့ခံတွေဆီက သိရပါတယ်။ ” အကြမ်းဖက်မှုနဲ့ ရဲစခန်း အချုပ်ခန်းမှာ တရားရင်ဆိုင်နေရတဲ့ အချုပ်တရားခံတွေရှိတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက အချုပ်ခန်းထဲကို သက်ဆိုင်ရာက ရှာဖွေ စစ်ဆေးတဲ့အခါ ၊ ကီးပက်ဖုန်း ၄ လုံး သိမ်းဆည်းရမိတယ် ၊ အဲ့ဒီလို အကြမ်းဖက်မှု အချုပ်တရားခံတွေဆီက ဖုန်းတွေ သိမ်းဆည်းရမိတယ်ဆိုတာ ၊ တာဝန်ကျရဲတွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီး ၊ ရဲစခန်းတာဝန်ကျ ရဲအရာရှိတွေကို ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်တယ်”လို့ ဟုမ္မလင်းမြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီ အခြေအနေနဲ့…
Read Moreပုဂံမှာ အမှိုက်တွေမီးရှို့မှု ဘုရားတွေနဲ့ဝေးတဲ့နေရာမှာ လုပ်ဆောင်ခြင်းဖြစ်လို့ ထိခိုက်မှုမရှိလို့ ရှေး/သုဌာန ပြော
ဇန်နဝါရီ ၂၁-၂၀၂၃ GG(VOM) ပုဂံ ရှေးဟောင်းဇုန်က ဘုရားတွေကြားထဲမှာ ရှေးဟောင်းသုတေသနဌာနကဦးဆောင်ပြီး အမှိုက်တွေကို မီးရှို့တယ်ဆိုကာ ပြည်သူတွေအကြား ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ ဘုရားတွေအနီးမှာ အမှိုက်တွေကို မီးရှိူ့မယ်ဆိုရင် လေထုညစ်ညမ်းမှုကတဆင့် ရှေးဟောင်းဘုရားတွေကိုထိခိုက်စေတာကြောင့် မလုပ်သင့်ဘူးဆိုပြီး ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။ အဲ့ဒီလို ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ပုဂံရှေးသုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ” အမှိုက်တွေစွန့်ပစ်ထားတဲ့နေရာကြီး ချောင်းကောကြီး၊ရွာသားတွေလာပုံထားတဲ့နေရာကြီး၊တင်တဲ့သူက နေရာလည်းမသိဘာလည်း မသိလျှောက်ရေးနေတာ။ ငါတို့က နာလပိန်းတုန်းတွေမှမဟုတ်တာ ၊ ငါတို့သိတာပေါ့ နားလည်တာပေါ့။ဒေသခံတွေကလည်း အကုန်သိတယ်။သရပါတို့ ဘာတို့မှ မဟုတ်တာ။ဘုရားကြားမဟုတ်ဘူး။ပုဂံကရွာတွေ၊မင်းနန်သူရွာတွေလိုက်မေးကြည့်လိုက်”လို့ ပြန်လည်ပြောဆိုပါတယ်။ အပတ်စဥ် စနေနေ့တိုင်းမှာ ဌာနဆိုင်ရာအားလုံးပါတဲ့ ခရိုင်အလိုက် စုပေါင်းအမှိုက်လှဲရတာရှိကြောင်း အဲ့ဒီ အမှိုက်တွေကိုလည်း ဘုရားနဲ့ဝေးတဲ့နေရာတွေမှာ မီးရှို့ရကြောင်း၊ မီးရှို့ဖျက်ဆီးတာမှန်ပေမယ့် ဘုရားတွေနဲ့ဝေးရာမှာလုပ်တာဖြစ်တယ်လို့ ပြောပါတယ်။ ပုဂံဒေသအခြေစိုက်ဖြစ်တဲ့ Bagan Heritage Trust အဖွဲ့ဝင်တဦးကလည်း ” ဘုရားနဲ့ဝေးဝေးမှာ မီးရှို့တာတော့ရှိပါတယ်။အဲ့ဒီလို ဘုရားနဲ့ဝေးတဲ့နေရာမှာရှို့ဖို့လည်း အကြံပြုထားတာရှိပါတယ်။ဘုရားတွေနဲ့တအားအနီးကပ်လုပ်ရင်တော့…
Read Moreတရုတ်နိုင်ငံ တိဗက်ဒေသရှိ အဝေးပြေးလမ်းပေါ်မှာ ဆီးနှင်းပြိုကျမှု လူ ၂၉ ဦးသေဆုံး
ပေကျင်း၊ ဇန်နဝါရီ-၂၁-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံ တိဗက်ဒေသရှိ အဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဆီးနှင်းပြိုကျမှုအတွင်း ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်လိုက်ပြီး သေဆုံးသူ ၂၈ ဦးထက်မနည်းရှိကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဇန်နဝါရီ ၂၁ ရက်မှာ ဖော်ပြထားပါတယ်။ ဇန်နဝါရီ ၁၇ ရက်ညပိုင်းက နိုင်ငံအရှေ့တောင်ပိုင်း နင်ချီမြို့ရှိ ဥမင်လှိုဏ်ခေါင်းတခုရဲ့ ထွက်ပေါက်မှာ ဆီးနှင်းပြိုကျမှုကြောင့် မော်တော်ယာဉ်နဲ့ လူများစွာ ပိတ်မိနေခဲ့ပါတယ်။ ဆီးနှင်းပြိုကျမှုဟာ လေပြင်းတွေ အလွန်တိုက်ခတ်ခြင်းကြောင့်လို့ ဒေသခံကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ပိတ်မိနေသူများထဲမှာ အသက်ရှင်ကျန်ရစ်သူ ၅၃ ဦးကို တွေ့ရှိခဲ့ရပြီး သူတို့ထဲက ငါးဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသဆိုင်ရာအစိုးရတာ၀န်ရှိသူတဦးက ပြောပါတယ်။ ၄ ဒသမ ၆၆ မိုင်အရှည်ရှိသော ဥမင်လှိုဏ်ခေါင်းကို တူးဖော်ပြီး ကယ်ဆယ်ရေးတွေဆောင်ရွက်ရာမှာ စက်ပစ္စည်းကိရိယာ ၂၃၆ ခုနဲ့အတူ ကယ်ဆယ်ရေးလုပ်သား ၁၃၄၈ ဦးပါ၀င်ခဲ့ကြောင်း တာ၀န်ရှိသူတွေက…
Read Moreစက်သုံးဆီစျေး ပြန်မြင့်တက်လာပြီး ၉၂ တလီတာကို ၂၃၀၀ ကျော်အထိဖြစ်လာ
ဇန်နဝါရီ ၂၁ – ၂၀၂၃ GG(VOM) ပြည်တွင်းစက်သုံးဆီစျေးကွက် ထပ်မံမြင့်တက်လာပြီး ဓာတ်ဆီ 92 တစ်လီတာကို ၂၃၀၀ ကျော်ကနေ ၃၀၀၀ ကျပ် နီးပါးအထိ စျေးတက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်တွေနဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီ၂၁ ရက်နေ့ စက်သုံးဆီစျေးတွေက 92 တလီတာကို ၂၃၀၅ ကျပ် ကနေ ၂၉၀၀ ကျပ်အထိ ၊ ၉၅ တလီတာကို ၂၃၈၅ ကျပ်ကနေ ၂၉၀၀ ကျပ်အထိ၊ ဒီဇယ် တလီတာကို၂၄၀၀ ကနေ ၃၅၀၀ ကျပ်အထိ၊ ပရီမီယံဒီဇယ်က တလီတာကို ၂၅၆၀ ကနေ ၃၅၆၀ ကျပ် အထိဖြစ်နေပါတယ်။ 92 ဓာတ်ဆီ တလီတာ ၂၃၀၅ ကျပ်ဆိုတာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတချို့က စက်သုံးဆီအရောင်းဆိုင်တွေရဲ့ စျေးဖြစ်ပြီး…
Read Moreကားပေါ်မှာ ထိုင်ခုံခါးပတ်မပတ်မိတဲ့ ဗြိတိန်၀န်ကြီးချုပ် ဆူနက်ခ် ဒဏ်ရိုက်ခံရ
လန်ဒန်၊ ဇန်နဝါရီ-၂၁-၂၀၂၃ မျိုးဆက်(VOM) ဗြိတိန်၀န်ကြီးချုပ် ရီရှီဆူနက်ခ်ဟာ ကားစီးနေချိန် လူမှုကွန်ရက်မှာ ရုပ်သံလွှင့်ချိန်မှာ ထိုင်ခုံခါးပတ်မပတ်တဲ့တာကို တွေ့ရှိတဲ့အတွက် တာ၀န်ရှိသူတွေရဲ့ ဒဏ်ရိုက်ခြင်းကို ခံခဲ့ရပါတယ်။ အသက် ၄၂ နှစ်အရွယ် ၀န်ကြီးချုပ်ဆူနက်ခ်အပေါ် သတ်မှတ်စည်းကမ်းချိုးဖောက်မှုကြောင့် ဒဏ်ငွေရိုက်ခဲ့တာဖြစ်တယ်လို့ လန်ကာရှိုင်းယားရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကိစ္စဟာ အမှားလုပ်မှုတာဖြစ်တယ်ဆိုတာကို ၀န်ကြီးချုပ်က အပြည့်အ၀လက်ခံပြီး တောင်းပန်ကြောင်းနဲ့ ဒဏ်ငွေကို ပေးသွားသွားမှာဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ထိုင်ခုံခါးပတ်မပတ်တဲ့ ခရီးသည်တွေကို ဒဏ်ငွေပေါင် ၁၀၀ ချမှတ်နိုင်ပြီး တရားရုံးကိုတင်မယ်ဆိုရင်တော့ ပေါင် ၅၀၀ ထိ ဒဏ်ငွေချမှတ်နိုင်ပါတယ်။ ၀န်ကြီးချုပ်ဟာ အင်္ဂလန်မြောက်ပိုင်းကို ခရီးထွက်ချိန် ဒီရုပ်သံကို လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ မစ္စတာဆူနက်ခ်ဟာ ဒီအစိုးရသက်တမ်းအတွင်း ပြစ်ဒဏ်သတိပေးချက် နှစ်ကြိမ်တိုင် ရရှိခဲ့သူဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဇွန်လအတွင်း ကိုဗစ်ကာလမှာ ၀န်ကြီးချုပ်ရုံးမှာကျင်းပတဲ့ မွေးနေ့ပွဲတက်ရောက်ခဲ့တာကြောင့် ၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နဲ့အတူ ဒဏ်ရိုက်ခံခဲ့ရပါတယ်။ Ref:BBC…
Read Moreမအူပင်မှာ စပါးရောင်းဝယ်ရေးလုပ်ငန်းရှင် ၁ဦးရဲ့ အိမ်ဖောက်ထွင်းခံရပြီး ငွေသားသိန်း ၄၀၀ နီးပါးနဲ့ ဆိုင်ကယ် ၁စီးပါသွား
ဇန်နဝါရီ ၂၁-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က စပါးအရောင်းအဝယ် လုပ်ငန်း ရှင်တယောက်ရဲ့ နေအိမ်ဖောက်ထွင်းခိုးယူခံရပြီး ငွေကျပ်သိန်း ၄၀၀ နီးပါးနဲ့ ဆိုင်ကယ် ၁ စီးပါသွားတယ် လို့တာဝန်ရှိသူတွေ ဆီကနေသိရပါတယ်။ ”ဖြစ်စဉ်က မနေ့ ဇန်နဝါရီ ၂၀ အာရုဏ်တက်အချိန် မနက်စောစောပိုင်းမှာ အချိန်မှာဖြစ်တာ ၊ အိပ်နေတဲ့ အချိန်လို့ပြောတယ် ၊ဖောက်ထွင်းခိုးယူခံရတဲ့အိမ်က မအူပင်မြို့နယ် ၊ အိုင်ဝိုင်း ကျေးရွာက စပါးရောင်းဝယ်ရေးလုပ်ငန်းရှင် တဦးရဲ့အိမ်ပါ ၊ ငွေသားက သက်သက်သိန်း ၃၀၀ နဲ့ ရွှေထည်ပစ္စည်းတွေအပြင် ဆိုင်ကယ်က ၁ စီးပါ ပါသွားတာ ၊ ရဲစခန်းတိုင်ထားတယ်လို့သိရတယ် ၊နေအိမ်ပိုင်ရှင် နာမည်ကိုတော့ ပြောလို့ မဖြစ်ဘူး”လို့ ကျေးရွာတာဝန်ခံတယောက်က ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိုင်ဝိုင်းကျေးရွာက ဒေသခံတယောက်ကလည်း” ဒါမျိုး ဒီဘက်မှာတစ်ခါမှမဖြစ်ဖူးဘူး ၊ အခုမှ…
Read More