မအူပင်မှာ စပါးရောင်းဝယ်ရေးလုပ်ငန်းရှင် ၁ဦးရဲ့ အိမ်ဖောက်ထွင်းခံရပြီး ငွေသားသိန်း ၄၀၀ နီးပါးနဲ့ ဆိုင်ကယ် ၁စီးပါသွား

ဇန်နဝါရီ ၂၁-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က စပါးအရောင်းအဝယ် လုပ်ငန်း ရှင်တယောက်ရဲ့ နေအိမ်ဖောက်ထွင်းခိုးယူခံရပြီး ငွေကျပ်သိန်း ၄၀၀ နီးပါးနဲ့ ဆိုင်ကယ် ၁ စီးပါသွားတယ် လို့တာဝန်ရှိသူတွေ ဆီကနေသိရပါတယ်။

”ဖြစ်စဉ်က မနေ့ ဇန်နဝါရီ ၂၀ အာရုဏ်တက်အချိန် မနက်စောစောပိုင်းမှာ အချိန်မှာဖြစ်တာ ၊ အိပ်နေတဲ့ အချိန်လို့ပြောတယ် ၊ဖောက်ထွင်းခိုးယူခံရတဲ့အိမ်က မအူပင်မြို့နယ် ၊ အိုင်ဝိုင်း ကျေးရွာက စပါးရောင်းဝယ်ရေးလုပ်ငန်းရှင် တဦးရဲ့အိမ်ပါ ၊ ငွေသားက သက်သက်သိန်း ၃၀၀ နဲ့ ရွှေထည်ပစ္စည်းတွေအပြင် ဆိုင်ကယ်က ၁ စီးပါ ပါသွားတာ ၊ ရဲစခန်းတိုင်ထားတယ်လို့သိရတယ် ၊နေအိမ်ပိုင်ရှင် နာမည်ကိုတော့ ပြောလို့ မဖြစ်ဘူး”လို့ ကျေးရွာတာဝန်ခံတယောက်က ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိုင်ဝိုင်းကျေးရွာက ဒေသခံတယောက်ကလည်း” ဒါမျိုး ဒီဘက်မှာတစ်ခါမှမဖြစ်ဖူးဘူး ၊ အခုမှ နောက်ပိုင်း မကြာခဏ ဆိုသလိုဖြစ်လာတယ် ၊ ဖောက်ထွင်း ခိုးယူခံရတဲ့ အချိန်ကလည်း လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ အချိန်ပါ ၊ အခုလို ဖောက်ထွင်း ခိုးယူ လုယက်တဲ့ ဖြစ်ရပ်တွေဖြစ်လာတာက လောင်းကစားတွေကြောင့်နဲ့ စီးပွားရေး ကျပ်တည်းလာတာကြောင့်လို့ပဲ ပြောချင်တယ် ၊ အခု ဖောက်ထွင်း ခိုးယူခံရတဲ့မိသားစုတွေက အသက်အန္တရာယ်အတွက်ပါ စိုးရိမ်နေတာတဲ့ ။”လို့ ပြောပါတယ်။

အဲ့ဒီ ဖောက်ထွင်း ခိုးယူခံရတဲ့ နေအိမ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာစစ်ဆေးသွားတယ်လို့သိရပြီး တရားခံကိုတော့ ဒီကနေ့ ညနေအထိ ဖမ်းမိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ် ။

မအူပင်မြို့နယ်မှာ အိမ်ပေါ်တက် ဖောက်ထွင်းခိုးယူခံရတဲ့ဖြစ်စဉ်တွေဟာ ပြီးခဲ့တဲ့ နှစ် တွေက ဖြစ်ပွားတာမရှိဘူလို့ သိရပြီး အခု ဖောက်ထွင်းခိုးယူခံရပြီး ငွေသိန်းရာသီပါသွားတဲ့ ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် ည ၁၀ နာရီလောက်ကလည်း မအူပင်မြို့နယ်၊ ငါးဖယ်အိုးကျေးရွာအနီးမှာဆန်အိတ်တွေ တင်မောင်းလာတဲ့ ကားရပ်တန့်ခိုင်းပြီး ဆန်ကုန်သည် တယောက်ကိုဝိုင်းရိုက်နှက်ပြီး ဆန်အိတ်တွေ လုယက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မအူပင်

Related posts

Leave a Comment

VOM News

FREE
VIEW