ကားပေါ်မှာ ထိုင်ခုံခါးပတ်မပတ်မိတဲ့ ဗြိတိန်၀န်ကြီးချုပ် ဆူနက်ခ် ဒဏ်ရိုက်ခံရ

လန်ဒန်၊ ဇန်နဝါရီ-၂၁-၂၀၂၃
မျိုးဆက်(VOM)

ဗြိတိန်၀န်ကြီးချုပ် ရီရှီဆူနက်ခ်ဟာ ကားစီးနေချိန် လူမှုကွန်ရက်မှာ ရုပ်သံလွှင့်ချိန်မှာ ထိုင်ခုံခါးပတ်မပတ်တဲ့တာကို တွေ့ရှိတဲ့အတွက် တာ၀န်ရှိသူတွေရဲ့ ဒဏ်ရိုက်ခြင်းကို ခံခဲ့ရပါတယ်။

အသက် ၄၂ နှစ်အရွယ် ၀န်ကြီးချုပ်ဆူနက်ခ်အပေါ် သတ်မှတ်စည်းကမ်းချိုးဖောက်မှုကြောင့် ဒဏ်ငွေရိုက်ခဲ့တာဖြစ်တယ်လို့ လန်ကာရှိုင်းယားရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီကိစ္စဟာ အမှားလုပ်မှုတာဖြစ်တယ်ဆိုတာကို ၀န်ကြီးချုပ်က အပြည့်အ၀လက်ခံပြီး တောင်းပန်ကြောင်းနဲ့ ဒဏ်ငွေကို ပေးသွားသွားမှာဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ထိုင်ခုံခါးပတ်မပတ်တဲ့ ခရီးသည်တွေကို ဒဏ်ငွေပေါင် ၁၀၀ ချမှတ်နိုင်ပြီး တရားရုံးကိုတင်မယ်ဆိုရင်တော့ ပေါင် ၅၀၀ ထိ ဒဏ်ငွေချမှတ်နိုင်ပါတယ်။

၀န်ကြီးချုပ်ဟာ အင်္ဂလန်မြောက်ပိုင်းကို ခရီးထွက်ချိန် ဒီရုပ်သံကို လွှင့်တင်ခဲ့တာဖြစ်ပါတယ်။

မစ္စတာဆူနက်ခ်ဟာ ဒီအစိုးရသက်တမ်းအတွင်း ပြစ်ဒဏ်သတိပေးချက် နှစ်ကြိမ်တိုင် ရရှိခဲ့သူဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ဇွန်လအတွင်း ကိုဗစ်ကာလမှာ ၀န်ကြီးချုပ်ရုံးမှာကျင်းပတဲ့ မွေးနေ့ပွဲတက်ရောက်ခဲ့တာကြောင့် ၀န်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နဲ့အတူ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW