တောင်ကြီးမြို့မှာ တောင်ချွန်း တောင်တက်ခရီးသွားအဖွဲ့ ဖုန်းနဲ့ငွေသားတွေ ဓားပြတိုက်ခံရ

ဇန်နဝါရီ၊ ၂၃-၂၀၂၂
MM(VOM)

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့၊တောင်ချွန်း တောင်တက် ခရီးသွားအဖွဲ့ဟာ မနေ့ ဇန်နဝါရီ ၂၂ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ဖုန်းတွေနဲ့ ငွေသားတွေပါသွားတယ်လို့ ခရီးသွားအဖွဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

”ရှမ်းပြည်နယ် ၊အရှေ့ဘက် တောင်ချွန်းတောင်ပေါ်ကို လာတဲ့ တောင်တက်ခရီးသွားအဖွဲ့ တခု ဓားပြတိုက်ခံရတာဟုတ်ပါတယ် ၊မနေ့ ၂၂ ရက်ကတိုက်ခံရတာပါ ၊ ခရီးသွားတွေ အပြန်လမ်းခရီးတစ်နေရာ ဖြစ်တဲ့ ပတ္တမြားဂူအနီး တော အလယ်ကြားမှာဖြစ်တာ ၊ နေ့ခင်းကြောင်တောင်ကြီး မျက်နှာဖုံးစွပ်ထားတဲ့ ဓားပြ အမျိုးသား ၆ ယောက်က ဓားထောက်ပြီး ပါလာတာတွေ အကုန်တောင်းတာတဲ့ ၊ ဖုန်းတွေ နဲ့ ပိုက်ဆံတွေပါသွားတယ်လို့ သိရတာ။”လို့တောင်ကြီးမြို့ခံ ခရီးသွားလုပ်ငန်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူ တယောက်ကVOM ကိုပြောပါတယ်။

ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်ပွားတဲ့ နေရာအနီးမှာရှိတဲ့သူ တယောက်က”ဓားပြတိုက်ခံရတာမှန်တယ် ၊
ခရီးသွားတွေရဲ့လည်ပင်းကို ဓားမြောင်နဲ့ထောက် ထားတော့ တစ်ဖွဲ့လုံးက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတာ ၊ပါလာတဲ့ပစ္စည်းတွေ အကုန်ပေးခဲ့ရတယ်၊ ငွေကသိန်း ၂၀ လောက်နဲ့ ဖုန်းက ၆ လုံးပါသွားတာ ၊ခရီးသွားတွေက အကုန်ကြောက်လန့်ကုန်တာ ၊ဘာလုပ်ရမှန်းကိုမသိဖြစ်နေတာ ၊ ဒါမျိုး ဒီနေရာမှာ အရင်ကတော့ မဖြစ်ဖူးဘူး၊ လူတွေကတော့ ဘာမှမဖြစ်ပါဘူး၊ ပစ္စည်းတွေပဲ ပေးလိုက်ရတာ။”လို့ VOM ကိုပြောပါတယ်။

ရှမ်းပြည်နယ် အရှေ့ဘက် တောင်ချွန်းတောင်တက် လမ်းခရီးသွားတွေ ဓားပြတိုက်ခံရတဲ့ သတင်းကြောင့် တခြား ခရီးသွားတွေလည်း စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်ရဲ့ တောင်ချွန်းဘက်သို့ ခရီးသွားမယ်ဆိုရင် လတ်တလောအနေနဲ့ ခရီးသွားမယ် ဆိုပါက လုံခြုံမှုမရှိတဲ့ အခြေအနေဖြစ်နေတာကြောင့် လာမယ့် နွေရာသီ ကျောင်းပိတ်ရက်မှာ ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်တယ်လို့ ခရီးသွားအဖွဲ့တွေရဲ့ပြောပြချက်အရ သိရပါတယ်။

အလားတူ ဇန်နဝါရီ ၂၂ရက် ရက် ညနေဘက်ကလည်း တောင်ကြီးမြို့ရှိ စူဋာမုနိဘုရား ဆိုင်ကယ်ဝန်းအတွင်းမှာ ရပ်ထားတဲ့ Wave 100 အမျိုးအစား ဆိုင်ကယ် ၁စီး ခိုးယူခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #တောင်တက်အဖွဲ့ #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW