မုံရွာမှာ ၄ ရက်ဆက်တိုက် ဓားပြတိုက်ခံရ ၊ လူ (၁)ဦးသေဆုံး

ဇန်နဝါရီ ၊ ၂၂-၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေမှာ အခုလ ၁၈ ရက်ကနေ ၂၁ ရက်အထိ ၄ ရက်ဆက်တိုက် ဓားပြတိုက်ခံရပြီး အိမ်ရှင် (၁) ဦးသေဆုံးကာ ၊ (၁)ဦး ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ရက်ပိုင်း ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ ကျောက်ကျင်းနယ်မြေဘက်မှာနေတဲ့ ဒေါ်မိရဲ့နေအိမ် ဓားပြတိုက်ခံရတာ ၊ ရွှေထည်ပစ္စည်းတချို့နဲ့ ဆန်အိတ်တွေအပြင် ပိုက်ဆံတွေ ပါသွားတယ် ၊ ၁၉ ရက်နေ့က ချမ်းမြဝတီရပ်ကွက်ထဲက အငြိမ်းစားဝန်ထမ်းတယောက်ရဲ့ နေအိမ် တိုက်ခံရတယ် ပိုက်ဆံတွေပါသွားတယ် ၊ ၂၀ ရက် ည ၈ နာရီဝန်းကျင်က အောင်ချမ်းသာရပ်ကွက် ၊ ဗဟိုလမ်းမှာရှိတဲ့…

Read More

မုံရွာ – ကလေးဝ ကားလမ်းမှာ ထိတွေ့တိုက်ပွဲတွေကြောင့် ကားတွေပိတ်မိနေတာ ၁ ပတ်ကျော်ကြာ

ဇန်နဝါရီ ၂၃ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ နဲ့ ကလေးဝမြို့ကို ဆက်သွယ်ထားတဲ့ မဟာမြိုင်ကားလမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မုံရွာ ၊ ကလေးဝ ၊ ကလေး ၊ တမူး ကားတွေ ပိတ်မိနေတာ ဒီကနေ့အထိဖြစ်တယ်လို့ မုံရွာအခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မဟာမြိုင်တောထဲက သက္ကယ်ကျင်း ၊ ပျဥ်းကိုင်း ၊ ယုဇလယ် စတဲ့ရွာတွေဘက်မှာ နယ်မြေရှင်းလင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ် ၊ အဲ့ဒါကြောင့် မုံရွာ – မော်လိုက် – ဖောင်းပြင် – ဟုမ္မလင်း – ခန္တီး ကားတွေနဲ့ မုံရွာ – ကလေး – ကလေးဝ – တမူး ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတာ…

Read More

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း ရွေးကောက်ပွဲကော်မရှင်ရုံး ၁၃ ရုံး ပျက်စီးခဲ့

  ဇန်နဝါရီ ၊ ၂၃ -၂၀၂၃ SP (VOM) ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီကနေ ဒီနှစ် ဇန်နဝါရီ အထိ တနိုင်ငံလုံး အတိုင်းအတာနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးပေါင်း ၁၃ ခု ပျက်စီးခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိုင်းအဝိုင်းဆီက သိရပါတယ် ။ ” ဖျက်ဆီးခံရတဲ့ အမျိုးအစားကတော့ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ဖျက်ဆီးတာပါသလို မီးရှို့ဖျက်ဆီးတာတွေ ပါတယ် ၊ ရုံးအဆောက်အဦ ၁၃ ခုနဲ့ ရုံးသုံး ပရိဘောဂ အများအပြား ပျက်စီးတယ် ” လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ​ဖျက်ဆီးခံရတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးတွေကတော့ ပင်လည်ဘူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဖာပွန်ခရိုင် ကော်မရှင်အဖွဲ့ခွဲရုံးနှဲ့ ဖာပွန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၊ ကြားအင်းဆိပ်ကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဆားလင်းကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ၂၀၂၂ က ပုလောမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ထီးလင်းမြို့နယ်…

Read More

ပျဥ်းမနားမြို့မှာ ပင်စင်လာထုတ်သူတွေကို စတုဒီသာ ကျွေးမွေးခြင်းနဲ့ ထီလက်မှတ်တွေ လှူဒါန်း

ဇန်နဝါရီ ၂၃-၂၀၂၃ KT(VOM) ပျဥ်းမနားမြို့၊ ရွှေချီ (၆)လမ်း၊မြန်မာ့စီးပွားရေးဘဏ်မှာ ဌာနဆိုင်ရာအသီးသီးက အငြိမ်းစားယူခဲ့ကြတဲ့ ပင်စင်စားတွေကို ပင်စင်ထုတ်ရက်ဖြစ်တဲ့ ဒီနေ့ ဇန်နဝါရီ ၂၃ရက်က စတုဒီသာ(မုန့်ဟင်းငါး)ကျွေးခြင်းနဲ့ ထီလက်မှတ် လှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလို လှူဒါန်းခြင်းကို ‘ဆုလာဘ်ပိုင်’အိမ်ခြံမြေနှင့်အထွေထွေအကျိုးဆောင်ကုပ္မဏီ က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း စတုဒီသာကျွေးမွေးခြင်းဟာ (၇)ကြိမ်မြောက် ကျွေမွေးခြင်းဖြစ်ပြီး ပင်စင်လာထုတ်တဲ့ သက်ကြီးဘိုးဘွား ၂၀၀၀ ကျော်လာရောက်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ #voiceofmyanmar #VOM #ပျဥ်းမနား

Read More

အာရှနွယ်ဖွားအများစုနေထိုင်ရာ မွန်တာရီပါ့ခတ်မှာ သေနတ်ပစ်ခတ်မှု လူ ၁၀ ဦးသေဆုံး

ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ကယ်လီဖိုနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့အနီးရှိ အကသင်တန်းခန်းမတခုမှ လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ သေနတ်သမားကို ဗင်ကားအဖြူရောင်တစီးပေါ်မှာ သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။ အသက် ၇၂ နှစ်အရွယ် ဟူချန်ထရန် ဆိုသူသေနတ်သမားဟာ သူ့ကိုယ်သူသေနတ်နဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ အာရှဒေသမှလူအများစုနေထိုင်ရာ မွန်တာရီပါ့ခ်မှာ တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန် အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးဒဏ်ရာရရှိခဲ့ပြီး ခုနှစ်ဦးဟာ ဆေးရုံမှာ ကုသမှုခံယူနေရဆဲဖြစ်ပြီး အချို့ကတော့ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ သေဆုံးသူ ၁၀ ဦးကို မည်သူမည်ဖြစ်ကြောင်း ဖော်ထုတ်နေဆဲဖြစ်သော်လည်း အမျိုးသားငါးဦးနဲ့ အမျိုးသမီး ငါးဦးပါ၀င်ကာ သူတို့အားလုံးဟာ အာရှနွယ်ဖွားတွေဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။…

Read More

ထီးချိုင့်-ကသာလမ်းမှာ ဘုရားဖူးယာဥ် တိမ်းမှောက်မှုဖြစ်ပွားပြီး လူ(၁၈)ဦး ထိခိုက်ဒဏ်ရာရ

ဇန်နဝါရီ ၂၃-၂၀၂၃ Voice Of Myanmar (VOM) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရင်ကွဲတောင် အဆင်း၊ ကသာ-ထီးချိုင့်သွား ကားလမ်းမှာ ဒီနေ့မနက် ၁၁နာရီခန့် မန္တလေးကနေ ဘုရားဖူးလာတဲ့ ဒိုင်နာကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ​”ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေပါတယ်၊ ကသာ ထီးချိုင့် အမှတ် (၃)ခရိုင်ချင်းဆက် လမ်းအတိုင်းမောင်းနှင်းလာပြီး ထီးချိုင့်မြို့နယ်အဝင် ၄ မိုင်ခန့်အကွာမှာ ဒိုင်နာအဖြူရောင်တစ်စီး ရင်ကွဲတောင်အနီးအရောက် တောင်အတက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း ဝဲဘက်ကို တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်”လို့ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။ ယာဥ်တိမ်းမှောက်မှုကြောင့် ရဟန်း (၂) ပါး ၊သာမဏေ (၁)ပါး ၊သီလရှင် (၁)ပါး ၊အမျိုးသား (၂)ဦး ၊အမျိုးသမီး(၁၅)ဦးလိုက်ပါတဲ့အနက် (၁၈)ဦး ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသူ (၅)ဦး ရှိတယ်လို့ သိရပါတယ်။…

Read More

တောင်ကြီးမြို့မှာ တောင်ချွန်း တောင်တက်ခရီးသွားအဖွဲ့ ဖုန်းနဲ့ငွေသားတွေ ဓားပြတိုက်ခံရ

ဇန်နဝါရီ၊ ၂၃-၂၀၂၂ MM(VOM) ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့၊တောင်ချွန်း တောင်တက် ခရီးသွားအဖွဲ့ဟာ မနေ့ ဇန်နဝါရီ ၂၂ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ဖုန်းတွေနဲ့ ငွေသားတွေပါသွားတယ်လို့ ခရီးသွားအဖွဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ”ရှမ်းပြည်နယ် ၊အရှေ့ဘက် တောင်ချွန်းတောင်ပေါ်ကို လာတဲ့ တောင်တက်ခရီးသွားအဖွဲ့ တခု ဓားပြတိုက်ခံရတာဟုတ်ပါတယ် ၊မနေ့ ၂၂ ရက်ကတိုက်ခံရတာပါ ၊ ခရီးသွားတွေ အပြန်လမ်းခရီးတစ်နေရာ ဖြစ်တဲ့ ပတ္တမြားဂူအနီး တော အလယ်ကြားမှာဖြစ်တာ ၊ နေ့ခင်းကြောင်တောင်ကြီး မျက်နှာဖုံးစွပ်ထားတဲ့ ဓားပြ အမျိုးသား ၆ ယောက်က ဓားထောက်ပြီး ပါလာတာတွေ အကုန်တောင်းတာတဲ့ ၊ ဖုန်းတွေ နဲ့ ပိုက်ဆံတွေပါသွားတယ်လို့ သိရတာ။”လို့တောင်ကြီးမြို့ခံ ခရီးသွားလုပ်ငန်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူ တယောက်ကVOM ကိုပြောပါတယ်။ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်ပွားတဲ့ နေရာအနီးမှာရှိတဲ့သူ တယောက်က”ဓားပြတိုက်ခံရတာမှန်တယ် ၊ ခရီးသွားတွေရဲ့လည်ပင်းကို…

Read More

တရုတ်မှာ တပတ်အတွင်း ကိုဗစ်ကြောင့် လူ ၁၂၀၀၀ ကျော်သေဆုံး

ပေကျင်း၊ ဇန်နဝါရီ-၂၃-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံတ၀န်းမှာ ဇန်နဝါရီ ၁၉ ရက်ထိ တပတ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၂၀၀၀ ကျော်သေဆုံးခဲ့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်ထိ နိုင်ငံတွင်းရှိ ဆေးဘက်ဆိုင်ရာဌာနတွေမှာ ကိုဗစ်လူနာ ၁၂၆၅၈ ဦးသေဆုံးခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ထုတ်ပြန်ထားပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာချို့ယွင်းမှုကြောင့် လူ ၆၈၁ ဦးသေဆုံးခဲ့ပြီး ၁၁၉၇၇ ဦးကတော့ နောက်ဆက်တွဲရောဂါတွေကြောင့် သေဆုံးခဲ့သည်ဟု အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး ကူးစက်မှုများ မြင့်တက်ပြီးနောက် တပတ်တာအတွက် သေဆုံးမှုကို ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ စနေ့နေ့မှာ စတင်ခဲ့တဲ့ နှစ်သစ်ကူးအားလပ်ရက်တွေအတွင်း ပြည်သူတွေဟာ ဇာတိရပ်ရွာတွေကို ခရီးသွားရောက်ကြခြင်းတွေကြောင့် ကျေးလက်ဒေသတွေမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အားလပ်ရက်မတိုင်မီနဲ့ အားလပ်ရက်အပြီး…

Read More
VOM News

FREE
VIEW