ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း ရွေးကောက်ပွဲကော်မရှင်ရုံး ၁၃ ရုံး ပျက်စီးခဲ့

 

ဇန်နဝါရီ ၊ ၂၃ -၂၀၂၃
SP (VOM)

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီကနေ ဒီနှစ် ဇန်နဝါရီ အထိ တနိုင်ငံလုံး အတိုင်းအတာနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးပေါင်း ၁၃ ခု ပျက်စီးခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိုင်းအဝိုင်းဆီက သိရပါတယ် ။

” ဖျက်ဆီးခံရတဲ့ အမျိုးအစားကတော့ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ဖျက်ဆီးတာပါသလို မီးရှို့ဖျက်ဆီးတာတွေ ပါတယ် ၊ ရုံးအဆောက်အဦ ၁၃ ခုနဲ့ ရုံးသုံး ပရိဘောဂ အများအပြား ပျက်စီးတယ် ” လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

​ဖျက်ဆီးခံရတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးတွေကတော့ ပင်လည်ဘူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဖာပွန်ခရိုင် ကော်မရှင်အဖွဲ့ခွဲရုံးနှဲ့ ဖာပွန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၊ ကြားအင်းဆိပ်ကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဆားလင်းကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ၂၀၂၂ က ပုလောမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ထီးလင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၊ မင်းတပ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ကန်ပက်လက်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဒီမော့ ဆိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဖရူဆိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ထန်တလန်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနဲ့ တမူးခရိုင်နဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတို့ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #၂၀၂၂ခုနှစ် #ရွေးကော်ရုံး #ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW