ထီးချိုင့်-ကသာလမ်းမှာ ဘုရားဖူးယာဥ် တိမ်းမှောက်မှုဖြစ်ပွားပြီး လူ(၁၈)ဦး ထိခိုက်ဒဏ်ရာရ

ဇန်နဝါရီ ၂၃-၂၀၂၃
Voice Of Myanmar (VOM)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရင်ကွဲတောင်
အဆင်း၊ ကသာ-ထီးချိုင့်သွား ကားလမ်းမှာ ဒီနေ့မနက် ၁၁နာရီခန့် မန္တလေးကနေ ဘုရားဖူးလာတဲ့ ဒိုင်နာကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

​”ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေပါတယ်၊ ကသာ ထီးချိုင့် အမှတ် (၃)ခရိုင်ချင်းဆက် လမ်းအတိုင်းမောင်းနှင်းလာပြီး ထီးချိုင့်မြို့နယ်အဝင် ၄ မိုင်ခန့်အကွာမှာ ဒိုင်နာအဖြူရောင်တစ်စီး ရင်ကွဲတောင်အနီးအရောက် တောင်အတက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း ဝဲဘက်ကို တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်”လို့ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။

ယာဥ်တိမ်းမှောက်မှုကြောင့် ရဟန်း (၂) ပါး ၊သာမဏေ (၁)ပါး ၊သီလရှင် (၁)ပါး ၊အမျိုးသား (၂)ဦး ၊အမျိုးသမီး(၁၅)ဦးလိုက်ပါတဲ့အနက် (၁၈)ဦး ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသူ (၅)ဦး ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေထဲက စိုးရိမ်ရသူ အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး (၄)ဦးကို သပိတ်ကျင်းပြည်သူ့ဆေးရုံ ပို့ဆောင်ထားပြီး ကျန်တဲ့ ဒဏ်ရာရသူ(၁၄)ဦးကို ထီးချိုင့်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းဖြစ်သူ အသက်(၂၄)နှစ်အရွယ် အမျိုးသားကို အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ထီးချိုင့် #ယာဥ်တိမ်းမှောက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW