ပျဥ်းမနားမြို့မှာ ပင်စင်လာထုတ်သူတွေကို စတုဒီသာ ကျွေးမွေးခြင်းနဲ့ ထီလက်မှတ်တွေ လှူဒါန်း

ဇန်နဝါရီ ၂၃-၂၀၂၃
KT(VOM)

ပျဥ်းမနားမြို့၊ ရွှေချီ (၆)လမ်း၊မြန်မာ့စီးပွားရေးဘဏ်မှာ ဌာနဆိုင်ရာအသီးသီးက အငြိမ်းစားယူခဲ့ကြတဲ့ ပင်စင်စားတွေကို ပင်စင်ထုတ်ရက်ဖြစ်တဲ့ ဒီနေ့ ဇန်နဝါရီ ၂၃ရက်က စတုဒီသာ(မုန့်ဟင်းငါး)ကျွေးခြင်းနဲ့ ထီလက်မှတ် လှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို လှူဒါန်းခြင်းကို ‘ဆုလာဘ်ပိုင်’အိမ်ခြံမြေနှင့်အထွေထွေအကျိုးဆောင်ကုပ္မဏီ က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း စတုဒီသာကျွေးမွေးခြင်းဟာ (၇)ကြိမ်မြောက် ကျွေမွေးခြင်းဖြစ်ပြီး ပင်စင်လာထုတ်တဲ့ သက်ကြီးဘိုးဘွား ၂၀၀၀ ကျော်လာရောက်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

#voiceofmyanmar #VOM #ပျဥ်းမနား

Related posts

Leave a Comment

VOM News

FREE
VIEW