သိိန္နီ-ကွမ်းလုံလမ်းမှာ ကား ၁ စီးမီးလောင်ပြီး အမျိုးသမီး တဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

ဇန်နဝါရီ ၂၅-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ် ၊ သိိန္နီ-ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီးမှာ ကား ၁ စီးမီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၂ ယောက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

အဲ့ဒီကားဟာ မနေ့ ဇန်နဝါရီ ၂၄ ရက် ညပိုင်းက ၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာအုပ်စု၊ သိန္နီ- ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီးရဲ့ မိုင်တိုင်အမှတ် ၁၆/၇ အနီးမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။

”မနေ့ ညက ဖြစ်တာ သတင်းရရှိတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ဆောင်ရာမှာ ည ၉ နာရီ ၁၀ မိနစ်မှာ ပြီးခဲ့တယ်၊ မီးလောင်တဲ့ ယာဉ်ပေါ်မှာ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ ယောက် ပါလာတာ၊အမျိုးသား ၂ ယောက်က ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ် ၊အမျိုးသမီး ၁ ယောက်ကတော့သေဆုံးခဲ့တယ် ၊သေဆုံးသူကော ဒဏ်ရရှိတဲ့ သူတွေကော သိန္နီမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်။”လို့ သူကဆက် ပြောပါတယ်။

ကားမီးလောင်မှုမှာ ဒဏ်ရာရရှိခဲ့တဲ့ ၂ ယောက်ဟာ မစိုးရိမ်ရဘူးလို့သိရပြီး မီးလောင်မှု အကြောင်းအရင်းအသေးစိတ်ကို သက်ဆိုင်ရာက စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် ၊ သိန္နီ-ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီးမှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊(၁)နှစ်အတွင်းကလည်း ယာဉ်တိုက်မှုအကြိမ်ရေ ၂၃ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး လူ ၃၃ ဦးအထိ သေဆုံးခဲ့ရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အခု၂၀၂၃ခုနှစ် အဲ့ဒီ ရှမ်းပြည်နယ် ၊ သိန္နီ-ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီးမှာ ကားမီးလောင်မှုဖြစ်ပွားကာ လူ ၁ ယောက် သေဆုံးပြီး ၂ ယောက်ဒဏ်ရာတွေရရှိတဲ့ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်ပွားတာလို့လည်းသိရပါတယ်။

#voiceofmyanmar #VOM #သိန္နီ #ကားမီးလောင် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW