နှစ်ပေါင်း ၃၀ နီးပါး ရှောင်တိမ်းနေတဲ့ အီတလီရဲ့အလိုအရှိဆုံး မာဖီးယားခေါင်းဆောင် အဖမ်းခံရ

ရောမ၊ ဇန်နဝါရီ-၁၇-၂၀၂၃ မျိုးဆက်(VOM) အီတလီနိုင်ငံရဲ့ အလိုအရှိဆုံး မာဖီးယားခေါင်းဆောင် မက်တီယိုမက်ဆီနာဒီနာရိုဟာ နှစ်ပေါင်း ၃၀ နီးပါး တိမ်းရှောင်နေရာကနေ ဖမ်းဆီးခံလိုက်ရကြောင်း အီတလီတာ၀န်ရှိသူတွေက ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။ မာဖီးယားခေါင်းဆောင် မက်ဆီနာဒီနာရိုဟာ ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူနေတဲ့ စစ္စလီဒေသရဲ့မြို့တော် ပါလာမိုရှိ ပုဂ္ဂလိက ဆေးခန်းတခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ ကိုဆာနော့စ်ထရာ မာဖီးယားဂိုဏ်းရဲ့ ခေါင်းဆောင်အဖြစ် စွပ်စွဲခံရပြီး လူသတ်မှုပေါင်းများစွာကြောင့် ၂၀၀၂ ခုနှစ်မှာ မျက်ကွယ်ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သူ့ကိုလက်ရှိဖမ်းဆီးမှုမှာ လက်နက်ကိုင်တပ်ဖွဲ့၀င် ၁၀၀ ကျော်ပါ၀င်ခဲ့ပါတယ်။ သူဟာ ကင်ဆာရောဂါအတွက် ဓါတုကုထုံးခံယူဖို့ နာမည်အတုအသုံးပြုပြီး ဆေးခန်းကို လာရောက်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် တာ၀န်ရှိသူတွေက လျှို့ဝှက်နေရာသို့ ခေါ်ဆောင်သွားကြောင်း အီတလီသတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။ Ref:BBC #voiceofmyanmar #VOM #ရောမ…

Read More

ရန်ကုန်က KBZ ဘဏ်ခွဲတခု ဓားပြတိုက်ခံရ၊ ငွေရော လုယက်သူပါ ဖမ်းမိ

ဇန်နဝါရီ ၁၇ -၂၀၂၃ GG(VOM) ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်က KBZ Bank ခွဲမှာ ဒီနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းကဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဓားပြတိုက်သူ အမျိုးသားဟာ သေနတ်အတုနဲ့ ခြိမ်းခြောက်ကာ ဘဏ်ကောင်တာပေါ်က ငွေသား သိန်း ၂၀၀ နီးပါးကိုရယူပြီး လုယူထွက်ပြေးစဥ် ဘဏ်လုံခြုံရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တတယ်လို့ သိရပါတယ်။ ” ဘဏ်ခွဲ ၃၅ အခုမနက် ၁၁ နာရီ ခွဲလောက်မှာဖြစ်သွားတာ။ သေနတ်အတုနဲ့ ဓားပါတယ်။ ငွေတွေယူပြီးထွက်သွားတော့ ဘဏ်လုံခြုံရေးတွေက အရင်ဆုံး လုံးထွေးဖမ်းကြတာ၊ ဖြစ်ချင်တော့ ရဲတွေကလည်း အချုပ်ကားပို့ရင်း ရောက်လာတော့ ဖမ်းကြတာ”လို့ ကျောက်တံတားမြို့နယ် ဒေသခံတဦးကပြောပါတယ်။ ဘဏ်ကို ဝင်ရောက်လုယက်ခဲ့သူဟာ ဂျာနယ်ပို့တဲ့ အမျိုးသား တဦး ဖြစ်ပြီး သူဟာ ဒီဇင်ဘာလ တုန်းကလည်း…

Read More

မြစင်္ကြာမဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသ ပျံလွန်တော်မူ

စစ်ကိုင်း၊ ဇန်နဝါရီ – ၁၇- ၂၀၂၃ (Voice Of Myanmar) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ မြစင်္ကြာကျောင်းတိုက်ရဲ့ မဟာနာယကဆရာတော်ဖြစ်တဲ့ ဘဒ္ဒန္တဣန္ဒကာဘိဝံသ (သက်တော်(၅၈)၊ သိက္ခာတော် (၃၈)ဝါ)ဟာ မန္တလေးမြို့က ငြိမ်း အထူးကုဆေးရုံကြီးမှာ ဦးနှောက်ကျုံ့တဲ့ရောဂါအတွက် ဆေးကုသမှုခံယူနေရင်း ဒီကနေ့မနက်ပိုင်းမှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။ “ဆရာတော်ရဲ့အနားမှာ ကြောင်လေးတွေရှိတော့ သူတို့ရဲ့ အမွှေးအမျှင်တွေမှာ တွယ်ကပ်နေတဲ့ ကပ်ပါးကောင်လေးတွေက ဆရာတော်ရဲ့ အသက်ရှူလမ်းကြောင်းကတဆင့် ဦးနှောက်ထဲကို ကူးစက်ပြီး ဦးနှောက်ထဲမှာ ပိုးဝင်တယ်လို့တော့ ဘုန်းကြီးသိလိုက်ရတယ်လို့” မြစင်္ကြာဆရာ တော်ကြီးနဲ့ ရင်းနှီးမှုရှိတဲ့ စစ်ကိုင်းမြို့က တိုက်ဝါကြီးကျောင်းတိုက် ဆရာတော်က VOM ကို မိန့်တော်မူပါတယ်။ စစ်ကိုင်းမြို့က သုခကာရီ ကျန်းမာရေးနဲ့ လူမှုကူညီရေးအသင်းမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတဦးက “လော လောဆယ်တော့ ကားတစ်စီးလာဖို့ခေါ်လို့ ကျနော်တို့ သွားနေပါတယ်။ ဆရာတော်ကို ကျောင်းက…

Read More

သီပေါမှာ နေအိမ်မီးလောင်ပြီး အမျိုးသား တဦးသေဆုံးခဲ့

ဇန်နဝါရီ၊ ၁၆-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်မှာ ဒီနေ့ ဇန်နဝါရီ ၁၆ ရက် မနက် ၁၀ နာရီကျော်က နေအိမ်ဘုရားမီးပူဇော်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား တယောက် မီးလောင်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ”သီပေါမြို့နယ်၊ တောင်မြို့ရပ်ကွက် မန္တလေး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးဘေးက ဦးသိန်းဟန်မင်းရဲ့ ၂ ထပ်အိမ်က ဘုရားမီး ပူဇော်ထားတဲ့ မီးကနေစလောင်တာ ၊ ဖယောင်တိုင်ကနေ ဘုရားကျောင်း သစ်သားကို မီးစွဲပြီး လောင်တာ ၊မနက် နံနက် ၁၀နာရီ ၄၅ မိနစ်လောက်က စလောင်တာ ၊ မီးလောင်တဲ့အချိန် မပြေးနိုင်ဘဲ အိမ်ထဲမှာရှိတဲ့ လေဖြတ်ထားတဲ့ အမျိုးသား တယောက် မီးလောင် သေဆုံးခဲ့တာ။”လို့ ဒေသခံ ပရဟိတ အဖွဲ့ဝင် တယောက်ကပြောပါတယ် အဲ့ဒီ မီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ ၊ ပရဟိတအဖွဲ့ဝင်တွေ ၊ ဒေသခံတွေက…

Read More

မတူပီမြို့နယ်ထဲမှာ ရုပ်အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ဇန်နဝါရီ ၁၆ -၂၀၂၃ SP (VOM) ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ တလန်းကျေးရွာနားမှာ မနေ့ ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက လူသေရုပ်အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ တလန်းရွာခံတွေဆီက သိရပါတယ်။ “မနေ့က ရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ ၂ ဘက် ပစ်ကြတာ အချိန်အတော်ကြာတယ် ၊ အဲ့ဒီ တိုက်ပွဲ အပြီးမှာ ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းဆည်းရမိတာဖြစ်တယ်”လို့ တလန်းရွာခံတယောက်က ပြောပါတယ်။ တလန်းရွာ ထိတွေ့တိုက်ပွဲဖြစ်တာနဲ့ ပတ်သတ်ပြီး ချင်းပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” မတူပီမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းနေတာဖြစ်တယ် ၊ မနေ့က တလန်းရွာနားမှာ CDF အဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ် ၊ အမျိုးသား ၂ လောင်း ၊ အမ် ၄…

Read More

နီပေါလေယာဉ်ပျက်ကျမှု လိုက်ပါသူအားလုံး သေဆုံး၊ အလောင်း ၆၈ လောင်း ရှာဖွေတွေ့ရှိထား

ခတ္တမန္ဒူ ၊ ဇန်နဝါရီ-၁၆-၂၀၂၃ မျိုးဆက်(VOM) နီပေါနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးလေကြောင်းမတော်တဆမှုအဖြစ် လေယာဉ်တစင်းပျက်ကျခဲ့ရာ အသက်ရှင်ကျန်ရစ်သူမရှိနိုင်တော့ကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လိုက်ပါသွားတဲ့ ခရီးသည်တွေထဲက တယောက်ယောက်ကို အသက်ရှင်လျှက်နဲ့ ပြန်တွေ့ဖို့အခွင့်အလမ်းဟာ လွန်စွာနည်းပါးသွားပြီဖြစ်ကြောင်း ဒေသန္တရာတာ၀န်ရှိသူတဦးကပြောပါတယ်။ လက်ရှိမှာတော့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ ဘလက်ဘောက်စ်ကို တွေ့ရှိထားပါတယ်။ ခတ္တမန္ဒူကကနေ ခရီးသွားတွေအပန်းဖြေသွားရောက်လေ့ရှိတဲ့ ပိုခါရာမြို့ကို ပျံသန်းတဲ့ ရဲတီလေကြောင်းလိုင်းက လေယာဉ်ပေါ်မှာ ခရီးသည်နဲ့လေယာဉ်အမှုထမ်း ၇၂ ဦးလိုက်ပါသွားခဲ့ပြီး လက်ရှိချိန်ထိတော့ ပျက်ကျရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ လက်ရှိချိန်ထိ ရုပ်အလောင်း ၆၈ လောင်းကိုရှာဖွေတွေ့ရှိထားပြီး နောက်ထပ်ရုပ်အလောင်းလေးလောင်းကို ရှာဖွေနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ လေဆိပ်ကို ဆင်းသက်ဖို့ချဉ်းကပ်လာချိန်မှာ လေယာဉ်ဟာ သိသိသာသာအောက်ကို အလွန်နိမ့်ဆင်းလာပြီးနောက် ဆီတီမြစ်ကမ်းစပ်မှာ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ဆိုးနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၆ ရက်နေ့ကို နိုင်ငံရဲ့၀မ်းနည်းခြင်းနေ့အဖြစ် နီပေါ၀န်ကြီးချုပ်က ကြေညာထားပြီး…

Read More

မန့်ဝိန်းဂိတ် ကနေ ဝင်ထွက်မယ့် ယာဉ်မောင်းတွေကို နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် စတင်လုပ်ပေး

ဇန်နဝါရီ ၁၆၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ် မန့်ဝိန်းဂိတ်ကနေ တရုတ်ဘက် ဝင်/ထွက်မယ့် ယာဉ်မောင်းတွေကို နယ်စပ်ဖြတ်ကျော်ခွင့် BP စာအုပ် စတင်လုပ်ပေးနေပြီလို့ သက်ဆိုင်ရာဌာန နဲ့ ဆက်စပ်သူတွေဆီက သိရပါတယ်။ “စာအုပ်က လုပ်ပေးနေပြီ၊ ကားသမားတွေအတွက်ပဲ ၆ ဘီး ကားသမား။ မူဆယ်၊ နမ့်ခမ်း အိမ်ထောင်စုရှိတဲ့ ကားသမားပဲရမယ်။ ကားအဝင်အထွက်တော့ တစီးမှ မရှိသေးဘူး။” လို့ မန့်ဝိန်းပေါက် immigrationမှ တာဝန်ကျ ဝန်ထမ်းတဦးက ပြောပါတယ်။ Passport က Border Pass (BP) စာအုပ်အမျိုးအစားဖြစ်ပြီး မနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ကစ ၆ ဘီးကားသမားတွေအတွက်ပဲ မူဆယ်ခရိုင်ရုံးမှာ ပြုလုပ်ပေးနေတာဖြစ်တယ်လို့ ပြောပါတယ်။ မူဆယ်နဲ့ နမ့်ခမ်း အိမ်ထောင်စု မဟုတ်တဲ့သူတွေက ဘယ်လိုလုပ်ရမယ်…

Read More

ပြင်ဦးလွင်က ဝက်ဝံ X-ray စစ်ဆေးရေးဂိတ်မှာ ယာဉ်အစီးရေ ရာနဲ့ချီ ပိတ်မိနေ

ဇန်နဝါရီ ၁၆ – ၂၀၂၃ SN (VOM) ပြင်ဦးလွင်၊ ဝက်ဝံကျေးရွာက X-ray စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် ယာဉ်အစီးရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ကုန်တင်ယာဥ်မောင်းတွေဆီက သိရပါတယ်။ ကုန်ပစ္စည်းသယ်ယူမှုတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာဖြစ်ပြီး နောင်ချိုမြို့ဘက်က ဆင်းလာတဲ့ ကားအားလုံးကို စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။ “အိမ်စီးကားတွေရော၊ ကုန်တင်ယာဉ်တွေရော အစစ်ဆေးခံနေရတာပါ။ ကားတန်းသုံးထပ် အနေအထားနဲ့ ရာနဲ့ချီတန်းနေရပြီး ခြေမြစ်ပင်စာသင်ကျောင်းကျော်အထိ စောင့်ဆိုင်းနေကြရပါတယ်။ ဘာကြောင့်မှန်းတော့ မသိရသေးပါဘူး။ အတက်ကားတွေကတော့ ပုံမှန်သွားလာလို့ရနေပါတယ်”လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။ ဝက်ဝံ X ray စစ်ဆေးရေးဂိတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် မကြာခဏယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားလေ့ရှိပြီး အနည်းဆုံး ၄ နာရီကနေ ၈ နာရီအထိ ကြာတယ်လို့ သိရပါတယ်။ လက်ရှိမှာ နစကအနေနဲ့…

Read More

အာဖဂန်လွှတ်တော်အမတ်ဟောင်း အမျိုးသမီးတဦးနဲ့ သက်တော်စောင့် နေအိမ်မှာ ပစ်သတ်ခံရ

ကဘူးလ်၊ ဇန်နဝါရီ-၁၆-၂၀၂၃ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နိုင်ငံမှာ လွှတ်တော်အမတ်ဟောင်းတဦးနဲ့ သူ့ရဲ့သက်တော်စောင့်တဦးတို့ဟာ မြို့တော်ကဘူးလ်ရှိ နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။ အသက် ၃၂ နှစ်အရွယ် မာဆယ်လ်နာဘီဇာဒါဟာ ၂၀၂၁ ခုနှစ်သြဂုတ်လမှာ တာလီဘန်တွေ အာဏာရယူပြီးနောက်ပိုင်း ကဘူးလ်မြို့မှာ ဆက်လက်နေထိုင်တဲ့ အမျိုးသမီးအမတ်အနည်းငယ်ထဲမှ တဦးဖြစ်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း သူ့ရဲ့ အကိုဖြစ်သူနဲ့ အခြားလုံခြုံရေးတဦးလည်း ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ မစ္စနာဘီဇာဒါဟာ အာဖဂန်နစ္စတန်အတွက် ကြောက်ရွံ့မှုကင်းစွာ တာ၀န်ထမ်းဆာင်ခဲ့သူဖြစ်ပြီး နိုင်ငံမှထွက်ခွာပြီး အခြားမှာအခြေချနေထိုင်နိုင်တဲ့အခွင့်အရေးကို ပယ်ချခဲ့သူဖြစ်ကြောင်း လုပ်ဆောင်ကိုင်ဘက်တွေကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အာဖဂန်မှာ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တို့အာဏာပြန်ရခဲ့ပြီးနောက် လူမှုဘ၀နယ်ပယ်အားလုံးနီးပါးကနေ အမျိုးသမီးတွေရဲ့ပါ၀င်ဆောင်ရွက်မှုတွေကို ပိတ်ပင်ခံထားရပါတယ်။ Ref:BBC Photo:Getty Images #voiceofmyanmar #VOM…

Read More

ရန်ကုန်မှာ လူဦးရေစာရင်းကောက်နေချိန် ပစ်ခတ်ခံရလို့ သေဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရှိ

ဇန်နဝါရီ ၁၅-၂၀၂၃ KK(VOM) ၂၀၂၃ ရွေးကောက်ပွဲအတွက် ရန်ကုန်မှာ လူဦးရေစာရင်းကောက်ယူနေချိန် ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု့တွေ​ဖြစ်လို့ သေဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရှိတယ်လို့ မြို့ခံတွေဆီသိရပါတယ်။ ဒီကနေ့ မနက်ခြောက်နာရီက သာကေတမြို့နယ်၊ ၁၀/တောင် ၁၄ ရပ်ကွက်၊ သလ္လာဝတီ (၁)လမ်းမှာ ဆိုင်ကယ်စီးလာသူနှစ်ဦးက ပစ်ခတ်ခဲ့လို့ ရာအိမ်မှူးတဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက VOM ကိုပြောပါတယ်။ “မနက်အစောကြီးပစ်သွားတာ စစ်တပ်ရော ရဲရော လမ်းတွေပိတ်ပြီး ပစ်တဲ့သူကိုရှာတယ် မမိဘူး၊ အပစ်ခံရတာ ရာအိမ်မှူးပါ ဆေးရုံမပို့ခင်သေသွားတယ်”လို့ သူကရှင်းပြပါတယ်။ အလားတူ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းကလည်း တာမွေမြို့နယ်၊တာမွေ {ကခ}ရပ်ကွက်၊၁၆၂လမ်းမှာ လူဦးရေစာရင်းကောက်နေချိန် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတဦးက VOM ကိုပြောပါတယ်။ “ဗုံးပေါက်တာတော့ ကြားတယ် လူထိခိုက်မှု မရှိတော့ သတင်းက သိပ်ပြန့်မသွားဘူး ယ၊ ပစ်တာခတ်တာတွေနဲ့ဗုံးပေါက်တာတွေက ဖြစ်နေအုံးမှာပဲ “လို့ ရှင်းပြပါတယ်။ ရန်ကုန်မှာ လူဦးရေစာရင်းကောက်နေချိန် အင်းစိန်၊လှိုင်နဲ့စမ်းချောင်းမြို့နယ်မှာတော့…

Read More
VOM News

FREE
VIEW