ညောင်တုန်းမှာ စက်လှေမှောက်ပြီး ကလေး ၁ ဦးသေဆုံး၊ ၁ ဦးပျောက်ဆုံးနေ

ဇန်နဝါရီ၊ ၂၆-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း၊ မအူပင်ခရိုင် ၊ ညောင်တုန်းမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက စက်လှေတိမ်းမှောက်လို့ ကလေးတယောက် သေဆုံးကာ တယောက်ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ လူ ၉ ယောက် လိုက်လာတဲ့ စက်လှေ ၁ စီးဟာ ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ ညောင်တုန်းမြို့နယ်၊ ပုသိမ်-ရန်ကုန် အမြန်လမ်းမကြီးဘေးရှိ အမှတ် (၃) တူးမြောင်းမှာတိမ်းမှောက်သွားတာလို့ ရှာဖွေကယ်ဆယ် ရေးဆောင်ရွက်နေတဲ့ တာဝန်ရှိသူတယောက်ကပြောပါတယ်။ ”မနက် ၁၁ နာရီဝန်းကျင်မှာ တိမ်းမှောက်တာ ၊ လှေပေါ်မှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦးပါလာတာ၊ မောင်းလာရင်း မှောက်သွားတာလို့သိရတယ်၊ ၉ ဦးထဲက ကလေး ကျား ၁ ဦးနဲ့ မ…

Read More

ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက နိုင်ငံခြားသား စက်ရုံမှူးနဲ့ စကားပြန်ကို အမည်မသိအဖွဲ့က ခေါ်ဆောင်သွား

ဇန်နဝါရီ ၊ ၂၆ -၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာ ၊ မုံရွာ – ပခုက္ကူ ကားလမ်းနားက ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံကို ဒီကနေ့ မနက်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပြီး တရုတ်နိုင်ငံသား စက်ရုံမှူး အမျိုးသမီး ၁ ဦး အပါအဝင် လူ ၂ ဦး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အထည်ချုပ်လုပ်သား အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက်ပိုင်းက ဖြစ်တာပါ ၊ တရုတ်နိုင်ငံသား စက်ရုံမှူး အမျိုးသမီးတယောက်နဲ့ သူ့ရဲ့ စကားပြန် ကိုမျိုးဇင်ဝင်းတို့ကို ဖမ်းခေါ်သွားတယ် ၊ စက်ရုံကိုတော့ ဒီမနက် ၉ နာရီလောက်မှာ ပိတ်လိုက်ပြီး လုပ်သားတွေအားလုံး ပြန်ကြတယ် ” လို့ အဲ့ဒီ…

Read More

ပေါက်မြို့နယ်က ရွာ(၆)ရွာ မီးရှို့ခံရလို့ အိမ်(၁၀၀) နီးပါးပျက်စီး၊ဒေသခံတွေလည်း ထွက်ပြေးနေရ

ဇန်နဝါရီ ၂၆ -၂၀၂၃ GG(VOM) မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျေးရွာ ၆ ရွာကို ဇန်နဝါရီလ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေက၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခံရတာကြောင့် လူနေအိမ် တစ်ရာနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ဒါ့ကြောင့် ထောင်နဲ့ချီတဲ့ ကျေးရွာနေ ဒေသခံတွေဟာ ရိက္ခာတွေသယ်ယူပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ” တနေ့က တရက်တည်း ပန်းတော်ကန်ရွာအပါ ၃ ရွာ မီးရှို့ခံရတယ်။ မီးတွေရှို့ခံရတော့ ဒေသခံတွေက လည်း ထွက်ပြေးတိမ်းရှောင်နေကြတယ် ၊တိုက်ပွဲတွေတော့ ဖြစ်သံမကြားမိဘူး၊ဆိုတော့ ဘယ်သူရှို့လဲတော့ သေချာမသိပါဘူး ၊ ဇင်းရွေးခုံရွာဆို အိမ်၅၀ လောက်ရှိတယ်လို့ သိရတယ် “လို့ ပေါက်မြို့ ဒေသခံတဦးကပြောပါတယ်။ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ရွာတွေဟာ ပေါက်မြို့နယ် တောင်ပိုင်းက သီးခြောက်ရွာ၊ ပြစ်ထဲရွာ၊ စမ်းရေခုံရွာ၊ ပန်းတော်ကန်ရွာ၊ ဇင်ရွှေးခုံရွာနဲ့ ကျားပစ်ကန်ရွာတွေဖြစ်တယ်လို့…

Read More

စပိန်၀န်ကြီးချုပ်နဲ့ ထင်ရှားကျော်ကြားသူတွေထံ ပါဆယ်ဗုံးတွေ ပေးပို့ခဲ့တဲ့အမျိုးသား ဖမ်းဆီးခံရ

မက်ဒရစ်၊ ဇန်နဝါရီ-၂၆-၂၀၂၃ မျိုးဆက်(VOM) စပိန်၀န်ကြီးချုပ်အပါအ၀င် ထင်ရှားကျော်ကြားသူတွေကို ပစ်မှတ်ထားပြီး ပါဆယ်ဗုံးပေးပို့ခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် အမျိုးသားတဦးကို စပိန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အဲဒီအမျိုးသားကို စပိန်မြောက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ယခုသီတင်းပတ်နှောင်းပိုင်းမှာ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။ သူဟာ စပိန်၀န်ကြီးချုပ် ပက်ထရိုဆန်းချက်ဇ်ရဲ့ အိမ်တော်၊ အမေရိကန်နဲ့ ယူကရိန်းသံရုံးတွေအပါအ၀င် စပိန်နိုင်ငံတ၀န်းရှိ ထင်ရှားသူတွေကို လိပ်မူကာ ပါဆယ်ဗုံးတွေပေးပို့ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီပါဆယ်ဗုံးအများစုကို မပေါက်ကွဲအောင်ရှင်းလင်းနိုင်ခဲ့ပေမယ့် ယူကရိန်းသံရုံးမှ၀န်ထမ်းတဦး အနည်းငယ်ဒဏ်ရာရရှိသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ဗုံးတွေကို စပိန်ကာကွယ်ရေး၀န်ကြီးဌာ၊ လေတပ်အခြေစိုက်စခန်းနှင့် လက်နက်ထုတ်လုပ်ရေးဌာနတွေ ပေးပို့ခဲ့ပြီး ဒီဖြစ်စဉ်နဲ့ ဆက်နွယ်မှုတွေကို စုံစမ်းစစ်ဆေးနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #မက်ဒရစ်

Read More

တွံတေးမှာ ရွှေထည်နဲ့ပိုက်ဆံ သိန်းသုံးရာနီးပါး ဓားပြတိုက်ခံရပြီး အိမ်ရှင်လင်မယား ပစ်ခတ်ခံရ

ဇန်နဝါရီ ၊၂၆ -၂၀၂၃ SP (VOM) ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ်၊ လာကပုံကျေးရွာမှာ မနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက ဓားပြတိုက်ခံရတဲ့ အိမ်ရှင်လင်မယား သေနတ်နဲ့ပါ ပစ်ခံရပြီး ဒဏ်ရာရကာ ရွှေထည်ပစ္စည်းတွေအပြင် ပိုက်ဆံတွေ ပါသွားတယ်လို့ တွံတေးမြို့နယ်အုပ်ချုပ်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” သေနတ်သမားက နေအိမ်ထဲဝင်ပြီး လုရာကနေ ပစ်ခတ်မှုဖြစ်တာပါ “လို့ လာကပုံရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဓားပြမှုနဲ့ ပတ်သက်ပြီး တွံတေးမြို့နယ် ၊ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” လာကပုံကျေးရွာမှာနေတဲ့ ဦးအောင်အောင်ထွေး (၃၇) နှစ်နဲ့ သူ့မိန်းမ ဒေါ်ငြိမ်းသူအောင် (၃၆)နှစ်တို့ရဲ့နေအိမ်ကို သေနတ်သမားတယောက်က ဝင်ရောက်ပြီး ပစ်ခတ်လုယက်တယ် ၊ အဲ့ဒီ ပစ်ခတ်လုယက်မှုဖြစ်စဥ်ကြောင့် အိမ်ရှင်လင်မယား ကျည်ဖောက်ဝင် ဒဏ်ရာရတယ် ၊ နောက်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ…

Read More

လျှပ်စစ်ကားတွေ Taxiအဖြစ်ပြေးဆွဲမယ့်အပေါ် အငှားယာဥ်မောင်းသမားအချို့ ဘာတွေသုံးသပ်ကြလဲ

ဇန်နဝါရီ ၂၆ – ၂၀၂၃ GG(VOM) ပြည်ပကနေ တင်သွင်းလာတဲ့ တရုတ်မော်တော်ယာဉ်ကုမ္ပဏီ BYD Auto က ထုတ်လုပ်တဲ့ E2 အမျိုးအစား လျှပ်စစ်ကားအစီး ၄၀ ကို ရန်ကုန်နဲ့နေပြည်တော်မှာ Taxiအဖြစ် အစမ်းပြေးဆွဲသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ “အစီး ၄၀ လောက်နဲ့ဘာမှမဖြစ်သေးဘူး ၊ နောက်ပြီးစျေးက ၇၀၀ ဆိုတော့ ဝယ်ဖို့မလွယ်ဘူး ဒီမှာက သိန်း ၆၀၀ ကျော် ၇၀၀ နီးပါး ကားဝယ်စီးနိုင်တဲ့သူက အတော်အသင့် ချမ်းသာတဲ့ သူဌေးစာရင်းဝင်နေပြီ ။အဲ့ဒီ​တော့ သိန်း ၆၀၀ ကျော်နဲ့ ကားဝယ်နိုင်တဲ့လူက Taxi မောင်းမှာမဟုတ်သလို သိန်း ၆၀၀ ကျော်တန်ကားကို အုံနာ‌ကြေး ယူပြီး Taxi အဖြစ်ပေးထားမှာလည်း မဟုတ်ဘူး”လို့ အငှားယာဥ်မောင်းတဦးကပြောပါတယ်။ နောက်ထပ် အငှားယာဥ်မောင်တဦးကလည်း…

Read More

ပုဂံက မင်းအိုချမ်းသာဘုရားအပါအဝင် ဘုရားအချို့က ကြေးခေါင်းလောင်းတွေ အခိုးခံရ

ဇန်နဝါရီ ၂၆ – ၂၀၂၃ GG(VOM) ပုဂံရှေးဟောင်းယဥ်ကျေးမှုဇုန်ထဲက ဘုရား အချို့မှာ လှူဒါန်းထားတဲ့ ခေါင်းလောင်းတွေ ခိုးယူခံရမှုတွေ အခုရက်ပိုင်းတွေအတွင်း ဖြစ်ပွားနေတယ်လို့သိရပါတယ်။ ခေါင်းလောင်းတွေ အခိုးခံလိုက်ရတဲ့ ဘုရားတွေကတော့ မင်းအိုချမ်းသာဘုရား ၊ ရှေးဟောင်းရှင်ပင့်ပွင်းလင်းဘုရား၊ရွှေချမ်းသာ(ခ)ဆုတောင်ပြည့်ဘုရားနဲ့ သာယာဝတေးဘုရားတွေဖြစ်တယ်လို့သိရပါတယ်။ ” ခေါင်းလောင်းတွေ အခိုးခံရတာ ဟုတ်တယ်၊ကြေးချိန်နဲ့ရောင်းစားမလို့နေမှာ၊ဒီမှာက အဲ့ဒါတင်မကဘူး ကြိုးတွေ၊ထရမ်စဖော်မာဘောက်စ်တွေ ခိုးတယ်၊ခိုးလို့ရတဲ့အရာ အကုန်ခိုးနေတာ၊ ကျနော်ထင်တယ် သူတို့ကိုမိမှာပါ “လို့ ပုဂံရှေးသုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောပါတယ် ။ အခိုးခံလိုက်ရတဲ့ ကြေးခေါင်းလောင်းတွေဟာ အခုခေတ်လက်ရာတွေဖြစ်ကြောင်း၊ လှူဒါန်းထားတဲ့အလှူရှင်တွေကတော့ လက်ရှိမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့သိရပါတယ်။ ” ရှင်ပင်ပွင့်လင်းဘုရားက ခေါင်းလောင်းဆိုရင် ဇန်နဝါရီ ၂၄ရက် ညနေလောက်မှပျောက်သွားတာ ။ ခေါင်းလောင်းကို ဘယ်လိုများ ခိုးကြလဲမသိဘူး “လို့ ပုဂံ ဒေသခံတဦးပြောပါတယ်။ ပုဂံရှေးဟောင်းယဥ်ကျေးမှုဇုန်ထဲမှာ လုံခြုံရေးပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ ပတ္တရောင် လှည့်လည်စစ်ဆေးမှုသာရှိတာကြောင့်…

Read More

နက်မှောင် နိုင်လွန်ကတ္တရာမျက်နှာပြင်ပေါ်က အတိတ်ရောင်စုံပုံရိပ်

ဆူးငှက် ရှေးသရောအခါကာလက နိုင်ငံခြားသားများ ဤကဲ့သို့ တအံ့တသြ ရင်သပ်ရှုမောမြင်ရသည့် မန္တလေးမြို့မြင်ကွင်းကို ကြည့်ရှုခံစားရသောနေရာသည် နောင်သောအခါ ၂၆ဘီလမ်းမကြီးဟု ခေါ်တွင်ရမည့် မြေလမ်းမလေးပေါ်မှာပဲ ဖြစ်ပေလိမ့်မည်။ ဤမြေလမ်းသည် အရှေ့သို့ ဖြောင့်စင်းစွာ တိုးဝင်သွားပုံက ဟိုအဝေး ရှမ်းရိုးမညိုညိုအထိ ရောက်လေမလားအောက်မေ့ရ၏။ သို့သော် ထိုမြေသားလမ်းမသည် ကျုံးတော်မှ အရှေ့ဆီတွင်မူ မာန်အောင်ရတနာကျာင်းတိုက်ကြီး အဝင်ဝတွင် ဦးစိုက် ငုတ်လျှိုးသွားလေသည်။ ကျုံးတော်ကြီးမှ အနောက်ဘက်ဆီ မျှော်ကြည့်လျှင်မူ ဖြောင့်စင်းသော လမ်းမကြီးသည် တမျှော် တခေါ်ကြီး ဆင်းသက်သွားပြီးနောက် ဧရာဝတီမြစ်ကမ်းမှ မြေတာရိုးမြင့်ကြီးတွင် အဆုံးသတ်၏။ လေးထောင့်စပ်စပ် မြို့ပန္နက်ပုံရှိသာ မန္တလေးတွင် အရှေ့အနောက် ဖြောင့်စင်းသော လမ်းမကြီးများ ရှိ၏။ ထိုလမ်းမကြီးများကို ၁၈၈၇ ခုနှစ်တွင် ဖွဲ့စည်းသော မြူနီစီပယ်အဖွဲ့မှ ကျောက်လမ်းများ စတင်ခင်းသည်။ မြို့တွင်း လမ်းများ အပါအဝင် လမ်းမိုင်၆ဝကို စတင်ကာ ကျေက်လမ်းခင်းခြင်းဖြစ် သည်။…

Read More

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်

ဝါရှင်တန်၊ ဇန်နဝါရီ-၂၆-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး(UNODS) က ထုတ်ပြန်ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ဘိန်းစိုက်ပျိုးဧရိယာ ၃၃ ရာခိုင်နှုန်းတိုးလာပြီး ဧက ၉၉၀၀၀ ကျော်ရှိတယ်လို့ UNODS ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲပြီးနောက်မှာ စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပြသနာတွေကြောင့် အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ နယ်စပ်ဒေသရှိ ဝေးလံခေါင်သီတဲ့နေရာတွေက ဒေသခံတွေဟာ ဘိန်းကလွဲပြီး အခြားစိုက်ပျိုးသီးနှံ ရွေးချယ်စရာနည်းပါးသွားတယ်လို့ UNODS ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရမီဒေါက်ကလပ်စ်က ပြောပါတယ်။ မြန်မာနိုင်ငံကထွက်တဲ့ ဘိန်းထုတ်ကုန်တွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကနေ နှစ် ဘီလီယံထိရှိတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပြီး UNODS…

Read More

ရန်ကုန်တိုင်းက City Taxi စတစ်ကာသင်္ကေတတွေ မြို့နယ်အလိုက် ပြောင်းလဲအုံးမယ်

ဇန်နဝါရီ ၂၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်းအတွင်းက City Taxi မှတ်ပုံတင်ထားတဲ့ ယာဉ်တွေကို မြို့နယ်အလိုက် စတစ်ကာသင်္ကေတတွေ ပြောင်းလဲသတ်မှတ်ဖို့ စီစဉ်နေတယ်လို့ တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က သိရပါတယ်။ ကော်မတီအနေနဲ့ လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း ခရိုင် ၄ ခုကိုအခြေခံပြီး City Taxi နံပါတ်တွေကို E, W, S, N စတဲ့ သင်္ကေတတွေ သတ်မှတ် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ လက်ရှိ ပြောင်းလဲပြင်ဆင် သတ်မှတ်ထားတဲ့ ခရိုင် ၁၄ ခု ကိုယ်စားပြု မြို့နယ် ၄၅ မြို့နယ် အစဉ်အလိုက် YGN-1/0001 မှစတင်ကာ YGN-2/0002, YGN-3/0003, YGN -4/0004 အစရှိတဲ့…

Read More
VOM News

FREE
VIEW