ပုဂံက မင်းအိုချမ်းသာဘုရားအပါအဝင် ဘုရားအချို့က ကြေးခေါင်းလောင်းတွေ အခိုးခံရ

ဇန်နဝါရီ ၂၆ – ၂၀၂၃
GG(VOM)

ပုဂံရှေးဟောင်းယဥ်ကျေးမှုဇုန်ထဲက ဘုရား အချို့မှာ လှူဒါန်းထားတဲ့ ခေါင်းလောင်းတွေ ခိုးယူခံရမှုတွေ အခုရက်ပိုင်းတွေအတွင်း ဖြစ်ပွားနေတယ်လို့သိရပါတယ်။

ခေါင်းလောင်းတွေ အခိုးခံလိုက်ရတဲ့ ဘုရားတွေကတော့ မင်းအိုချမ်းသာဘုရား ၊ ရှေးဟောင်းရှင်ပင့်ပွင်းလင်းဘုရား၊ရွှေချမ်းသာ(ခ)ဆုတောင်ပြည့်ဘုရားနဲ့ သာယာဝတေးဘုရားတွေဖြစ်တယ်လို့သိရပါတယ်။

” ခေါင်းလောင်းတွေ အခိုးခံရတာ ဟုတ်တယ်၊ကြေးချိန်နဲ့ရောင်းစားမလို့နေမှာ၊ဒီမှာက အဲ့ဒါတင်မကဘူး ကြိုးတွေ၊ထရမ်စဖော်မာဘောက်စ်တွေ ခိုးတယ်၊ခိုးလို့ရတဲ့အရာ အကုန်ခိုးနေတာ၊ ကျနော်ထင်တယ် သူတို့ကိုမိမှာပါ “လို့ ပုဂံရှေးသုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောပါတယ် ။

အခိုးခံလိုက်ရတဲ့ ကြေးခေါင်းလောင်းတွေဟာ အခုခေတ်လက်ရာတွေဖြစ်ကြောင်း၊ လှူဒါန်းထားတဲ့အလှူရှင်တွေကတော့ လက်ရှိမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့သိရပါတယ်။

” ရှင်ပင်ပွင့်လင်းဘုရားက ခေါင်းလောင်းဆိုရင် ဇန်နဝါရီ ၂၄ရက် ညနေလောက်မှပျောက်သွားတာ ။ ခေါင်းလောင်းကို ဘယ်လိုများ ခိုးကြလဲမသိဘူး “လို့ ပုဂံ ဒေသခံတဦးပြောပါတယ်။

ပုဂံရှေးဟောင်းယဥ်ကျေးမှုဇုန်ထဲမှာ လုံခြုံရေးပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ ပတ္တရောင် လှည့်လည်စစ်ဆေးမှုသာရှိတာကြောင့် လုံခြုံရေးအားနည်းတဲ့အပေါ် အခွင့်ကောင်းယူကာ ခိုးယူနေကြတာဖြစ်တယ်လို့ သိရပါတယ်။

ပုဂံမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲတုန်းကလည်း ရှေးဟောင်းရုပ်ပွားတော်တွေနဲ့နံရံဆေးရေးပန်းချီတွေ အချပ်လိုက်ခွာပြီးခိုးယူတာတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ပုဂံ #ကြေးခေါင်းလောင်းတွေအခိုးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW