ပေါက်မြို့နယ်က ရွာ(၆)ရွာ မီးရှို့ခံရလို့ အိမ်(၁၀၀) နီးပါးပျက်စီး၊ဒေသခံတွေလည်း ထွက်ပြေးနေရ

ဇန်နဝါရီ ၂၆ -၂၀၂၃
GG(VOM)

မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျေးရွာ ၆ ရွာကို ဇန်နဝါရီလ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေက၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခံရတာကြောင့် လူနေအိမ် တစ်ရာနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ဒါ့ကြောင့် ထောင်နဲ့ချီတဲ့ ကျေးရွာနေ ဒေသခံတွေဟာ ရိက္ခာတွေသယ်ယူပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

” တနေ့က တရက်တည်း ပန်းတော်ကန်ရွာအပါ ၃ ရွာ မီးရှို့ခံရတယ်။ မီးတွေရှို့ခံရတော့ ဒေသခံတွေက လည်း ထွက်ပြေးတိမ်းရှောင်နေကြတယ် ၊တိုက်ပွဲတွေတော့ ဖြစ်သံမကြားမိဘူး၊ဆိုတော့ ဘယ်သူရှို့လဲတော့ သေချာမသိပါဘူး ၊ ဇင်းရွေးခုံရွာဆို အိမ်၅၀ လောက်ရှိတယ်လို့ သိရတယ် “လို့ ပေါက်မြို့ ဒေသခံတဦးကပြောပါတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ရွာတွေဟာ ပေါက်မြို့နယ် တောင်ပိုင်းက သီးခြောက်ရွာ၊ ပြစ်ထဲရွာ၊ စမ်းရေခုံရွာ၊ ပန်းတော်ကန်ရွာ၊ ဇင်ရွှေးခုံရွာနဲ့ ကျားပစ်ကန်ရွာတွေဖြစ်တယ်လို့ သိရပါတယ်။

အရင်ကလည်း ပေါက်မြို့နယ်တောင်ပိုင်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာပေါင်း ၄၀ နီးပါးရှိပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒေသခံရွာသား သောင်းနဲ့ချီရှိတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပေါက် #ရွာ၆ရွာမီးရှို့ခံရ #ဒေသခံတွေထွက်ပြေး

Related posts

Leave a Comment

VOM News

FREE
VIEW