ဇန်နဝါရီ ၂၃ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ နဲ့ ကလေးဝမြို့ကို ဆက်သွယ်ထားတဲ့ မဟာမြိုင်ကားလမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မုံရွာ ၊ ကလေးဝ ၊ ကလေး ၊ တမူး ကားတွေ ပိတ်မိနေတာ ဒီကနေ့အထိဖြစ်တယ်လို့ မုံရွာအခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မဟာမြိုင်တောထဲက သက္ကယ်ကျင်း ၊ ပျဥ်းကိုင်း ၊ ယုဇလယ် စတဲ့ရွာတွေဘက်မှာ နယ်မြေရှင်းလင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ် ၊ အဲ့ဒါကြောင့် မုံရွာ – မော်လိုက် – ဖောင်းပြင် – ဟုမ္မလင်း – ခန္တီး ကားတွေနဲ့ မုံရွာ – ကလေး – ကလေးဝ – တမူး ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတာ…
Read MoreMonth: January 2023
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း ရွေးကောက်ပွဲကော်မရှင်ရုံး ၁၃ ရုံး ပျက်စီးခဲ့
ဇန်နဝါရီ ၊ ၂၃ -၂၀၂၃ SP (VOM) ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီကနေ ဒီနှစ် ဇန်နဝါရီ အထိ တနိုင်ငံလုံး အတိုင်းအတာနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးပေါင်း ၁၃ ခု ပျက်စီးခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိုင်းအဝိုင်းဆီက သိရပါတယ် ။ ” ဖျက်ဆီးခံရတဲ့ အမျိုးအစားကတော့ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ဖျက်ဆီးတာပါသလို မီးရှို့ဖျက်ဆီးတာတွေ ပါတယ် ၊ ရုံးအဆောက်အဦ ၁၃ ခုနဲ့ ရုံးသုံး ပရိဘောဂ အများအပြား ပျက်စီးတယ် ” လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဖျက်ဆီးခံရတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးတွေကတော့ ပင်လည်ဘူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဖာပွန်ခရိုင် ကော်မရှင်အဖွဲ့ခွဲရုံးနှဲ့ ဖာပွန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၊ ကြားအင်းဆိပ်ကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ဆားလင်းကြီးမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ၂၀၂၂ က ပုလောမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ထီးလင်းမြို့နယ်…
Read Moreပျဥ်းမနားမြို့မှာ ပင်စင်လာထုတ်သူတွေကို စတုဒီသာ ကျွေးမွေးခြင်းနဲ့ ထီလက်မှတ်တွေ လှူဒါန်း
ဇန်နဝါရီ ၂၃-၂၀၂၃ KT(VOM) ပျဥ်းမနားမြို့၊ ရွှေချီ (၆)လမ်း၊မြန်မာ့စီးပွားရေးဘဏ်မှာ ဌာနဆိုင်ရာအသီးသီးက အငြိမ်းစားယူခဲ့ကြတဲ့ ပင်စင်စားတွေကို ပင်စင်ထုတ်ရက်ဖြစ်တဲ့ ဒီနေ့ ဇန်နဝါရီ ၂၃ရက်က စတုဒီသာ(မုန့်ဟင်းငါး)ကျွေးခြင်းနဲ့ ထီလက်မှတ် လှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလို လှူဒါန်းခြင်းကို ‘ဆုလာဘ်ပိုင်’အိမ်ခြံမြေနှင့်အထွေထွေအကျိုးဆောင်ကုပ္မဏီ က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း စတုဒီသာကျွေးမွေးခြင်းဟာ (၇)ကြိမ်မြောက် ကျွေမွေးခြင်းဖြစ်ပြီး ပင်စင်လာထုတ်တဲ့ သက်ကြီးဘိုးဘွား ၂၀၀၀ ကျော်လာရောက်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ #voiceofmyanmar #VOM #ပျဥ်းမနား
Read Moreအာရှနွယ်ဖွားအများစုနေထိုင်ရာ မွန်တာရီပါ့ခတ်မှာ သေနတ်ပစ်ခတ်မှု လူ ၁၀ ဦးသေဆုံး
ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ကယ်လီဖိုနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့အနီးရှိ အကသင်တန်းခန်းမတခုမှ လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ သေနတ်သမားကို ဗင်ကားအဖြူရောင်တစီးပေါ်မှာ သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။ အသက် ၇၂ နှစ်အရွယ် ဟူချန်ထရန် ဆိုသူသေနတ်သမားဟာ သူ့ကိုယ်သူသေနတ်နဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ အာရှဒေသမှလူအများစုနေထိုင်ရာ မွန်တာရီပါ့ခ်မှာ တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန် အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးဒဏ်ရာရရှိခဲ့ပြီး ခုနှစ်ဦးဟာ ဆေးရုံမှာ ကုသမှုခံယူနေရဆဲဖြစ်ပြီး အချို့ကတော့ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ သေဆုံးသူ ၁၀ ဦးကို မည်သူမည်ဖြစ်ကြောင်း ဖော်ထုတ်နေဆဲဖြစ်သော်လည်း အမျိုးသားငါးဦးနဲ့ အမျိုးသမီး ငါးဦးပါ၀င်ကာ သူတို့အားလုံးဟာ အာရှနွယ်ဖွားတွေဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။…
Read Moreထီးချိုင့်-ကသာလမ်းမှာ ဘုရားဖူးယာဥ် တိမ်းမှောက်မှုဖြစ်ပွားပြီး လူ(၁၈)ဦး ထိခိုက်ဒဏ်ရာရ
ဇန်နဝါရီ ၂၃-၂၀၂၃ Voice Of Myanmar (VOM) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရင်ကွဲတောင် အဆင်း၊ ကသာ-ထီးချိုင့်သွား ကားလမ်းမှာ ဒီနေ့မနက် ၁၁နာရီခန့် မန္တလေးကနေ ဘုရားဖူးလာတဲ့ ဒိုင်နာကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ”ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေပါတယ်၊ ကသာ ထီးချိုင့် အမှတ် (၃)ခရိုင်ချင်းဆက် လမ်းအတိုင်းမောင်းနှင်းလာပြီး ထီးချိုင့်မြို့နယ်အဝင် ၄ မိုင်ခန့်အကွာမှာ ဒိုင်နာအဖြူရောင်တစ်စီး ရင်ကွဲတောင်အနီးအရောက် တောင်အတက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း ဝဲဘက်ကို တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်”လို့ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။ ယာဥ်တိမ်းမှောက်မှုကြောင့် ရဟန်း (၂) ပါး ၊သာမဏေ (၁)ပါး ၊သီလရှင် (၁)ပါး ၊အမျိုးသား (၂)ဦး ၊အမျိုးသမီး(၁၅)ဦးလိုက်ပါတဲ့အနက် (၁၈)ဦး ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသူ (၅)ဦး ရှိတယ်လို့ သိရပါတယ်။…
Read Moreတောင်ကြီးမြို့မှာ တောင်ချွန်း တောင်တက်ခရီးသွားအဖွဲ့ ဖုန်းနဲ့ငွေသားတွေ ဓားပြတိုက်ခံရ
ဇန်နဝါရီ၊ ၂၃-၂၀၂၂ MM(VOM) ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့၊တောင်ချွန်း တောင်တက် ခရီးသွားအဖွဲ့ဟာ မနေ့ ဇန်နဝါရီ ၂၂ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ဖုန်းတွေနဲ့ ငွေသားတွေပါသွားတယ်လို့ ခရီးသွားအဖွဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ”ရှမ်းပြည်နယ် ၊အရှေ့ဘက် တောင်ချွန်းတောင်ပေါ်ကို လာတဲ့ တောင်တက်ခရီးသွားအဖွဲ့ တခု ဓားပြတိုက်ခံရတာဟုတ်ပါတယ် ၊မနေ့ ၂၂ ရက်ကတိုက်ခံရတာပါ ၊ ခရီးသွားတွေ အပြန်လမ်းခရီးတစ်နေရာ ဖြစ်တဲ့ ပတ္တမြားဂူအနီး တော အလယ်ကြားမှာဖြစ်တာ ၊ နေ့ခင်းကြောင်တောင်ကြီး မျက်နှာဖုံးစွပ်ထားတဲ့ ဓားပြ အမျိုးသား ၆ ယောက်က ဓားထောက်ပြီး ပါလာတာတွေ အကုန်တောင်းတာတဲ့ ၊ ဖုန်းတွေ နဲ့ ပိုက်ဆံတွေပါသွားတယ်လို့ သိရတာ။”လို့တောင်ကြီးမြို့ခံ ခရီးသွားလုပ်ငန်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူ တယောက်ကVOM ကိုပြောပါတယ်။ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်ပွားတဲ့ နေရာအနီးမှာရှိတဲ့သူ တယောက်က”ဓားပြတိုက်ခံရတာမှန်တယ် ၊ ခရီးသွားတွေရဲ့လည်ပင်းကို…
Read Moreတရုတ်မှာ တပတ်အတွင်း ကိုဗစ်ကြောင့် လူ ၁၂၀၀၀ ကျော်သေဆုံး
ပေကျင်း၊ ဇန်နဝါရီ-၂၃-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံတ၀န်းမှာ ဇန်နဝါရီ ၁၉ ရက်ထိ တပတ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၂၀၀၀ ကျော်သေဆုံးခဲ့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်ထိ နိုင်ငံတွင်းရှိ ဆေးဘက်ဆိုင်ရာဌာနတွေမှာ ကိုဗစ်လူနာ ၁၂၆၅၈ ဦးသေဆုံးခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ထုတ်ပြန်ထားပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာချို့ယွင်းမှုကြောင့် လူ ၆၈၁ ဦးသေဆုံးခဲ့ပြီး ၁၁၉၇၇ ဦးကတော့ နောက်ဆက်တွဲရောဂါတွေကြောင့် သေဆုံးခဲ့သည်ဟု အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး ကူးစက်မှုများ မြင့်တက်ပြီးနောက် တပတ်တာအတွက် သေဆုံးမှုကို ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ စနေ့နေ့မှာ စတင်ခဲ့တဲ့ နှစ်သစ်ကူးအားလပ်ရက်တွေအတွင်း ပြည်သူတွေဟာ ဇာတိရပ်ရွာတွေကို ခရီးသွားရောက်ကြခြင်းတွေကြောင့် ကျေးလက်ဒေသတွေမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အားလပ်ရက်မတိုင်မီနဲ့ အားလပ်ရက်အပြီး…
Read Moreဆွေးနွေးလေ့လာနိုင်သလေ အဖိုးတန်အမြူတေ မြန်မာမှုတွေ
ဆူးငှက် “မောင် .. ဝါသနာထုံတဲ့ ကဗျာ၊ စာပေ၊ ဂီတတွေ … အဖိုးတန်အမြုတေ မြန်မာမှုတွေ .. ထီးစဉ်နန်းဆက် .. မန်မာ့ယဉ်ကျေးမှုအမွေ၊ ဆွေးနွေးလေ့လာနိုင်သလေ … တစ်မြို့တစ်ဘာသာမတူတာတွေ … ဆရာအဆူဆူ သဘောဖြူ မိတ်ဟောင်းဆွေရင်းလို့ပဲ … ခင်မင်သူတွေ …” မန္တလေး တေးပြုစာဆိုကြီး ဦးဘသိန်း(မန္တလေး) က သူ့ “ဖိတ်ခေါ်သံ” သီချင်းတွင် အထက်ပါအတိုင်းရးစပ်သီကုံးခဲ့သည်။ ကျွန်တော်သည် ထိုသီချင်းကို သတိရလေတိုင်း ထိုအပိုဒ်ကို မြတ်မြတ်နိုးနိုး မြိန်မြိန်ယှက်ယှက် သီဆိုမိသည်ချည်းဖြစ်သည်။ တကယ်တမ်း မန္တလေးသားပညာရှင်ဆရာကြီးတစ်ယောက်၏ အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖူးလိုက်ပါမှ ထိုသီချင်းစာသားအဓိပ္ပာယ်လေးနက်မှုမှာ ပိုမိုသိသာထင်ရှားသွားတော့သည်။ ၂၆ ဘီ(အာဇာနည်လမ်း)ပေါ်က အမှတ် ၂၁ အ.ထ.က၏ အနောက်ဘက် ကပ်လျက် လမ်းကြားလေးအတိုင်း မြောက်ဘက်သို့ဝင်ပြီး အိမ်ဝင်း ၃၊ ၄ ဝင်းကျော်တာနှင့် ထိုပညာရှင်…
Read Moreနိုင်ငံကျော် ဓမ္မကထိက မြစင်္ကြာမဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသရဲ့ အန္တိမစျာပနအခမ်း အနားမြင်ကွင်း
စစ်ကိုင်း၊ ဇန်နဝါရီ- ၂၂- ၂၀၂၃ (Voice of Myanmar) နိုင်ငံကျော် ဓမ္မကထိက မြစင်္ကြာကျောင်းတိုက်များရဲ့ မဟာနာယကဆရာတော်ဖြစ်တဲ့ ဘဒ္ဒန္တဣန္ဒကာဘိဝံသ (သက်တော်(၅၈)၊ သိက္ခာတော် (၃၈)ဝါ)ရဲ့ ရုပ်ကလာပ်တော် ပြင်ဆင်ထားမှုမြင်ကွင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ မြစင်္ကြာကျောင်းတိုက်ရဲ့ မဟာနာယကဆရာတော်ဖြစ်တဲ့ ဘဒ္ဒန္တဣန္ဒကာဘိဝံသ(သက်တော်(၅၈)၊ သိက္ခာတော် (၃၈)ဝါ)ဟာ မန္တလေးမြို့က ငြိမ်း အထူးကုဆေးရုံကြီးမှာ ဦးနှောက်ကျုံ့တဲ့ရောဂါအတွက် ဆေးကုသမှုခံယူနေရင်း ဇန်နဝါရီ ၁၇ ရက်နေ့က ဘဝနတ်ထံပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ဒီကနေ့နေ့လည် ၂ နာရီအချိန် ကျောင်းတိုက်အတွင်းကနေ ကရဝိတ်ယာဥ်နဲ့ ပင့်ဆောင်ပြီး စစ်ကိုင်းမြို့ ကမ်းနားလမ်းမှာ မီးပူဇော်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ဘဒ္ဒန္တဣန္ဒကာဘိဝံသ ဆရာတော်ဟာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ၊ သိမ်တော်ရပ် ခမည်းတော် ဦးကျော့ရွှေ၊ မယ်တော် ဒေါ်မြစိန်တို့က ၁၃၂၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်၊…
Read Moreဟုမ္မလင်းမြို့မရဲစခန်းက ရဲအရာရှိတွေကို ဖမ်းဆီးချုပ်နှောင်ပြီး အကြမ်းဖက်မှုနဲ့ ဆက်နွယ်တယ်ဆိုကာ စစ်ဆေးခံနေရ
ဇန်နဝါရီ ၊ ၂၁ -၂၀၂၃ Voice Of Myanmar(VOM) စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ် ၊ ဟုမ္မလင်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတွေကို အကြမ်းဖက်မှုနဲ့ ဖမ်းဆီးချုပ်နှောင်းထားတဲ့ အချုပ်တရားခံတွေနဲ့ ဆက်နွယ်နေတယ်ဆိုကာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးချုပ်နှောင်လိုက်တယ်လို့ ဟုမ္မလင်းမြို့ခံတွေဆီက သိရပါတယ်။ ” အကြမ်းဖက်မှုနဲ့ ရဲစခန်း အချုပ်ခန်းမှာ တရားရင်ဆိုင်နေရတဲ့ အချုပ်တရားခံတွေရှိတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက အချုပ်ခန်းထဲကို သက်ဆိုင်ရာက ရှာဖွေ စစ်ဆေးတဲ့အခါ ၊ ကီးပက်ဖုန်း ၄ လုံး သိမ်းဆည်းရမိတယ် ၊ အဲ့ဒီလို အကြမ်းဖက်မှု အချုပ်တရားခံတွေဆီက ဖုန်းတွေ သိမ်းဆည်းရမိတယ်ဆိုတာ ၊ တာဝန်ကျရဲတွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီး ၊ ရဲစခန်းတာဝန်ကျ ရဲအရာရှိတွေကို ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်တယ်”လို့ ဟုမ္မလင်းမြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီ အခြေအနေနဲ့…
Read More