သမိုင်းဝင်ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ၁၅ ရက်ကြာ ကျင်းပဖို့ပြင်ဆင်နေ

ဖေဖော်ဝါရီ၊ ၁၂-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင် ၊ငပုတောမြို့နယ် ဟိုင်းကြီး ကျွန်းမြို့၊ တင်းချောင်းကျေးရွာက ပင်လယ် ကမ်းစပ်ရှိ မော်တင်အငူမှာ တည်ထားတဲ့ ဆံတော်ရှင်သမိုင်းဝင် မြတ်မော်တင်စွန်းစေတီတော်ကြီးရဲ့ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၅ ရက်အထိကျင်းပသွားဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘုရားပွဲတော်ကို ၁၃၈၄ ခုနှစ် တပေါင်းလဆန်း ၁ ရက်က နေတပေါင်းလပြည့်နေ့နဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကနေ မတ်လ ၅ ရက်အထိ ၁၅ ရက်အထိကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့် ဘုရားပွဲကျင်းပဖို့ လိုအပ်တာတွေကို စတင်ပြင်ဆင်နေပြီး ဘာသာရေးပွဲတော်ဖြစ်တာကြောင့် အဖျက်အမှောင့်လုပ်ရပ်တွေမရှိဘဲ ကျင်းပပြုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ဘုရား
ပွဲတော်ကျင်းပရေးတာဝန်ရှိသူတယောက်ကပြောပါတယ်။

”ဘုရားပွဲကို ၁၅ ရက်ကျင်းပဖို့ ပြင်ဆင်နေတယ်၊ မြတ်မော်တင်စွန်းစေတီက အားလုံးသိတဲ့အတိုင်း သမိုင်းဝင်စေတီတစ်ဆူပါ ၊ ဘုရားပွဲဆိုလည်း အရမ်းစည်ကားပါတယ် ၊ ခေတ်ကာလ မကောင်းတဲ့အခါကျတော့ ပြဿနာတစ်ခုခုတတ်မှာစိုးရိမ်တယ် ၊ ဒါပေမယ့် ဘာသာရေးပွဲဖြစ်လို့ အေးအေး ချမ်းချမ်းပဲကျင်းပနိုင်လိမ့်မယ်လို့ယုံကြည်တယ်၊ ဘယ်သူမှလည်း အဖျက်အမှောင့်လုပ်ရပ်တွေကို လုပ်လိမ့်မယ်လို့ မထင်ပါဘူး ၊ သက်ဆိုင်ရာကတော့ လိုအပ်တဲ့ လုပ်ခြုံရေး လုပ်ငန်းတွေကို လုပ်ပေးမယ်လို့ပြောထားတယ်။”လို့ သူကဆက်ပြောပါတယ်။

ဘုရားပွဲ ကျင်းပမယ့် ငပုတောမြို့နယ်မှာ ပြီးခဲ့တဲ့ ၂နှစ်က ဖောက်ခွဲ ၊ ဖျက်ဆီး ၊သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေရှိခဲ့ပြီး အခုနှစ် ဘုရားပွဲကာလမှာလည်း ဒေသမတည်မငြိမ်တွေ ဖြစ်မှာကို စိုးရိမ်နေကြတာကြောင့် သက်ဆိုင်ရာအနေနဲ့ လိုအပ်တဲ့အစီအမံတွေချမှတ်ဆောင်ရွက်စေလိုတယ်လို့ နှစ်စဉ် ဘုရားပွဲမှာဈေးရောင်းချသူ ဒေသခံတယောက်ပြောပါတယ်။

”ဒီဘုရားပွဲက ဧရာဝတီတိုင်းမှာ အစည်းအကားဆုံးပဲ ၊လူတွေလည်း အရမ်းလာတာ၊ အခုနိုင်ငံရေးကမကောင်းတာကြောင့် ဘုရားပွဲမှာ သွေးထွက် သန်ယိုဖြစ်စဉ်တွေ ဖြစ်လာမှာ စိုးရိမ်တယ် ၊ အခုအလို အချိန်မှာကျင်းပမှာ ဖြစ်လို့ သက်ဆိုင်ရာက အခြားမလပ် စနစ်တကျပြင်ဆင် မဆောင်ရွက်နိုင်မှာစိုးရိမ်တယ်၊ လုံခြုံရေးတွေကို အများအပြား ချထားမယ်လို့တော့ ကြားတယ်။”လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ ဘုရားပွဲတော်ကို စနစ်တကျကျင်းပပြုနိုင်ဖို့နဲ့ လုံခြုံရေးအတွက် ဘုရားအနီးမှာ ခြုံပင်တွေ၊ နွယ်ပင်တွေ မရှိစေဖို့ ဘုရားတောင်တော် ရှင်းလင်းတာ၊ ရေတွင်းရေကန်တွေ ရှင်းလင်းတာ၊ ဘုရားမုခ်ဦးရှင်းလင်းတာတွေကို စတင်လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။

ဘုရားပွဲတော်ကာလမှာ လုံခြုံရေးအတွက် နဲ့ ပတ်သက်လို့ သက်ဆိုင်ရာကဆောင်ရွက်ပေးဖို့ ပြင်ဆင်ထားပြီးခရီးသွားတွေအနေနဲ့ကလည်း သတိနဲ့သွားလာနေထိုင်ပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းတွေနဲ့ပူးပေါင်းမှ အဆင်ပြေမှာဖြစ်တယ်လို့ ခရီးသွား လုပ်ငန်းအသင်းတစ်ခုမှ တာဝန်ရှိသူတယောက်ပြောပါတယ်။

”ဘာလို့ ခရီးသွားတွေက သတိနဲ့ သွားလာရမှာ လည်းလို့ဆိုရင် သတ်ပြတ် ၊ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေမရှိရင်တောင် ၊ လုယက်တဲ့ ဖြစ်စဉ်တွေရှိမှာလေ၊ ဒါ့ကြောင့် သတိနဲ့သွားလာဖို့ ပြောတာပါ ၊ ဘုရားပွဲဖြစ်တာရယ် အများနဲ့သက်ဆိုင်တဲ့ ပွဲဖြစ်တာကြောင့် ပြဿနာတွေကကြီးကြီးမားမားတော့ မဖြစ်နိုင်ပါဘူး။”လို့ သူကဆက်ပြောပါတယ်။

ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်ကြီးဟာ ပင်လယ်ကမ်းစပ်နားမှာ မြတ်စွာဘုရားရဲ့ဆံတော်အစစ် ဌာပနာထည့်ပြီး နဂါးမင်းကတည်ထားခဲ့တာလို့ သမိုင်းရှိတာကြာင့် ဘုရားပွဲကျင်းပတဲ့နှစ်တိုင်း ဘုရားပွဲကျင်းပနေတဲ့အချိန်မှာ နဂါးတွေက စေတီတော်ကိုလာရောက်ဖူးမျှော်တာကိုတွေ့ရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ပြည့် နှစ်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလို့ မကျင်းပခဲ့ဘဲ၂၀၂၁ခုနှစ် မြတ်မော်တင်စွန်း စေတီတော်ရဲ့ဘုရားပွဲတော်ကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတာနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဘုရားပွဲကို အကျင်းရုံးကျင်းပခဲ့တာကြောင့် အရင်နှစ်တွေကလောက် မစည်ကားခဲ့ဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #မြတ်မော်တင်စွန်းဘုရားပွဲတော် #၁၅ရက်ကြာကျင်းပဖို့ပြင်ဆင်နေ

Related posts

Leave a Comment

VOM News

FREE
VIEW