စိဖိတ်သမုဒ္ဒရာဟာ ဒုံးကျည်ပစ်ကွင်းဖြစ်သွားမယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်

တိုကျို၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မှာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။

အဲဒီဒုံးကျည်တွေကို မြောက်ကိုရီးယားအနောက်ဘက်ကမ်းရိုးတန်းကနေ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပ ပင်လယ်ပြင်အတွင်းကျရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီမှာ  ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်ကလည်း အတည်ပြုထားပါတယ်။

အခုလို ဒုံးကျည်ပစ်ခတ်မှုကြောင့် ဒေသတွင်းမှာသင်္ဘောတွေနဲ့ အခြားထိခိုက်ပျက်စီးမှုမရှိကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ညီမဖြစ်သူ ကင်ယိုဂျုံဟာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို ဖေဖော်ဝါရီ ၂၀ ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး  အမေရိကန်ရဲ့ လုပ်ရပ်တွေအပေါ်မူတည်ပြီး မြောက်ကိုရီးယားဟာ ပစိဖိတ်သမုဒ္ဒရာကို ဒုံးကျည်ပစ်ကွင်းအဖြစ် အသုံးပြုနိုင်ကြောင်း သတိပေးပြောဆိုပါထားပါတယ်။

Ref: NHK

#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW