မလေးရှားကို တရားမ၀င်သွားမယ့် မြန်မာအလုပ်သမား ၁၀၀ ကျော် ထိုင်းမှာအဖမ်းခံရ

ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၃
မျိူးဆက်(VOM)

ထိုင်းနိုင်ငံ၊ ဟတ်ယိုင်ခရိုင်မှာ မလေးရှားကိုသွားရောက်မယ့် တရားမ၀င်မြန်မာလုပ်သား ၁၀၁ ဦးနဲ့ ထိုင်းပွဲစားနှစ်ဦးကို အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ လူ၀င်မှုကြီးကြပ်ရေးတာ၀န်ရှိသူတွေပူးပေါင်းအဖွဲ့ဟာ လယ်ကွင်းတခုနားမှာရပ်ထားတဲ့ ၁၀ ဘီးကားတစီးကို စစ်ဆေးရာကနေ မြန်မာလုပ်သားတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

တာ၀န်ရှိသူတွေဟာ ကားထဲမှာ တာပေါ်လင်တဲ့အုပ်ထားတဲ့အောက်ကနေ အမျိုးသား ၈၂ ဦးနဲ့ အမျိုးသမီး ၁၉ ဦးကို တွေ့ရှိခဲ့ပြီး အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းပွဲစားနှစ်ဦးကို စစ်ဆေးရာမှာတော့ သူတို့ဟာ မြန်မာနိုင်ငံသားတွေကို ပရာချော့ခီရီခန်းပြည်နယ်ကနေ ဟတ်ယိုင်ခရိုင်ကို ထရပ်ကားနဲ့ခေါ်ဆောင်လာတာဖြစ်ပြီး မလေးရှားကို ပို့ပေးမယ့်သူတွေကို စောင့်နေတာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

လက်ရှိမှာတော့ ဖမ်းမိသူတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး ဆက်နွယ်နေတဲ့ လူကုန်ကူးတဲ့ကွန်ရက်ကို စုံစမ်းဖော်ထုတ်သွားမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW