ဖေဖော်ဝါရီ ၁၀-၂၀၂၃ Voicd Of Myanmar(VOM) ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းအချိန်က စတင်ပြီး 92ဓါတ်ဆီ ရောင်းချပေးဖို့ မရှိတော့ဘူးလို့ စက်သုံးဆီ အရောင်းဆိုင်တွေဆီက သိရပါတယ်။ “95ဓါတ်ဆီက နှစ်ရက်စာလောက်တော့ ရောင်းဖို့ရှိသေးတယ်။အဲ့ဒီနောက်ပိုင်းကျရင်တော့ စက်သုံးဆီ ပြတ်တော့မှာပါ၊ ဒီနေ့ညနေပိုင်းက စတင်ကာ မော်တော်ဆိုင်ကယ်၊ကားတွေနဲ့ လာရောက်ဝယ်ယူသူတွေကိုသာ ရောင်းချပေးနေတယ် ၊တဆင့်ပြန်လည်ရောင်းမယ့် ပုံးခွံတွေနဲ့လာဝယ်သူတွေကို ရောင်းချမပေးတော့ဘူး “လို့ အမည်မဖော်လိုသူ စက်သုံးဆီ အရောင်းအဝယ်လုပ်သူတဦးက ပြောပါတယ်။ ဖားကန့်ဒေသရှိ စက်သုံးဆီဆိုင်တွေကို လစဥ် ဆီပေပါအလုံးရေ ၄၀၀ တင်သွင်းခွင့်ပါမစ်ဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချနေကြပေမယ့်လည်း အခုဖေဖော်ဝါရီလအတွင်း စက်သုံးဆီတင်ယာဥ်ကားတွေ လာရောက်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဖားကန့်ကိုလာမယ့် စက်သုံးဆီယာဥ်တွေဟာ ကာမိုင်းဒေသထိ ရောက်ရှိလာခဲ့ပေမယ့် ဘယ်လိုအကြောင်းပြချက်မှန်းမသိရှိရဘဲ ရှစ်မိုင်ဂိတ်အထိ နောက်ပြန်ဆုတ် မောင်းသွားခဲ့ရတယ်လို့ စက်သုံးဆီယာဥ်မောင်းတွေဆီက စုံစမ်းသိရှိရပါတယ်။ အဲ့ဒီ…
Read MoreMonth: February 2023
ကြံ (၁)တန်ကို (၁)သိန်းကျပ်အထိဖြစ်လာ
ဖေဖော်ဝါရီ ၁၀ – ၂၀၂၃ GG(VOM) အခုနှစ် ကြံစိုက်ရာသီမှာ ကြံ(၁)တန်ကို အမြင့်ဆုံးစျေး (၁)သိန်းကျပ်နဲ့ ဝယ်ယူသွားမယ်လို့ သကြားစက်ရုံအချို့က တောင်သူတွေကို အသိပေးလိုက်တယ်လို့သိရပါတယ်။ အဲ့ဒီနူန်းထားဟာ စက်ရုံအရောက်စျေးနူန်းဖြစ်ပြီး ပြည်တွင်း ကြံစိုက်ရာသီကာလသက်တမ်းတလျှောက်မှာ အမြင့်ဆုံးစံချိန်တင်နူန်းတခုဖြစ်ပြီး တောင်သူတွေအတွက်လည်း အဆင်ပြေတဲ့ စျေးတန်းဖြစ်တယ်လို့ သိရပါတယ်။ ” ကြုံဖူးသမျှထဲမှာတော့ အမြင့်ဆုံးပဲ။အမှန်က ဒီနှစ် သွင်းအားစုတွေက စျေးနည်းနည်းများလို့ပေါ့၊တော်တော်လေးအဆင်ပြေတဲ့နှစ်လို့ ပြောလို့ရပါတယ်။သွင်းအားစုတွေများတယ်၊ဒီဇယ်ဈေးတွေတက်တယ်ဆိုပြီး ပြောကြတယ်၊ဒါပေမယ့်လည်း သေချာစစ်စစ်စီစီတွက်မယ်ဆိုရင် တွက်ချေကိုက်ပါတယ်။” လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးဝင်းဌေးကပြောပါတယ်။ ကြံတစ်တန် (၁)သိန်း ကျပ်နဲ့ဝယ်ယူမယ့်အကြောင်းကို ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မြဘုရင် သကြားစက်ရုံက စတင်ကြေညာလိုက်တာဖြစ်ပြီး ကျန်တဲ့စက်ရုံတွေကတော့ ၉၅၀၀၀ ကျပ်နဲ့ ဝယ်ယူမှုရှိသလို ၊ ၉၀၀၀၀ ကျပ်နဲ့စျေးဖွင့်ထားတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ” ဆေးတွေက အကုန်အတက်ချည်းပဲ။တနေ့တခြားကိုတက်တာပါ။အဲဒီတော့ ကြံကလည်းထွက်မှ စျေးကလည်းကောင်းမှ တောင်သူတွေအကျိုးအမြတ်ရမယ်၊အဲ့ဒီလိုမဟုတ်ဘဲ အထွက်ကလျော့ရင် အရင်းလောက်ပဲရမယ်၊အထွကိကလျော့တဲ့အထဲစျေးကပါနည်းရင်းရှုံးမယ်။ဒီတော့…
Read Moreအမေရိကန်ပေါ်ဖြတ်ပျံနေတဲ့ အမျိုးအမည်မသိအရာ၀တ္ထုကို တိုက်လေယာဉ်နဲ့ပစ်ချ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ အလက်စကားကမ်းလွန်မှာ အမြင့်ကနေပျံသန်းနေတဲ့ အမျိုးအမည်မသိအရာ၀တ္တုတခုကို တိုက်လေယာဉ်ကနေ ပစ်ချဖို့ သမ္မတဂျိုးဘိုင်ဒင်က အမိန့်ပေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။ အမေရိကန်ကိုဖြတ်သန်းပျံသန်းနေတဲ့ တရုတ်ထောက်လှမ်းရေး မိုးပျံပူပေါင်းတစ်လုံးကို အမေရိကန်စစ်တပ်က ပစ်ချပြီးနောက် တပတ်အကြာမှာ အခုလိုအမည်မသိအရာ၀တ္ထုကိုပစ်ချခဲ့တာဖြစ်ပါတယ်။ အဲဒီအရာ၀တ္ထုဟာ အလက်စကားကိုဖြတ်ပြီး တနာရီ မိုင် ၂၀ မှ ၄၀ နှုန်းနဲ့ ပျံသန်းနေခဲ့ပြီး ဘယ်နေရာကလာပြီး ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ပျံသန်းလဲဆိုတာ ရှင်းလင်းစွာမသိရသေးကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂွန်ခရီဘီကပြောပါတယ်။ ပျံသန်းနေတဲ့ အရာ၀တ္ထုဟာ ကားငယ်တစီးအရွယ်ရှိပြီး အရပ်ဘက်လေယာဉ်တွေ ပျံသန်းမှုအတွက် ဘေးအန္တရာယ်ဖြစ်စေတာကြောင့် အခုလိုပစ်ချဖို့ သမ္မတကအမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သူကပြောပါတယ်။ ဖေဖော်ဝါရီ ၉ ရက်မှာ စတင်တွေ့ရှိခဲ့ပြီး မနေ့က ပစ်ချလိုက်တဲ့အရာ၀တ္ထုဟာ အစိုးရတရပ်ရပ်ပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင်ဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Ref: BBC #voiceofmyanmar #VOM…
Read Moreပုဏ္ဏားကျွန်းမှာ ဘုန်းကြီးကျောင်းဆောင်မီးလောင်လို့ သံဃာတော်တပါး ပျံလွန်တော်မူ
ဖေဖော်ဝါရီ၊၁၁-၂ဝ၂၃ MM(VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်က ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းမှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၇၂ နှစ်အရွယ် သံဃာတော်တပါး မီးထဲပါသွားပြီး ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုမှာ ဒီနေ့ ဖဖော်ဝါရီ ၁၁ ရက်၊ မနက် ၉ နာရီကျော်ကဖြစ်ပွားခဲ့ပြီး သံဃာဆောင်ထဲမှာ တပါးတည်းရှိနေချိန် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မီးထဲပါသွားကာ ပျံလွန်တော်မူသွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံ စေတနာ့ဝန်ထမ်းတဦးကပြောပါတယ်။ ”မနက်ပိုင်းမှာ မီးလောင်မှုကဖြစ်တာ၊ မီးလောင်မှုကြောင့် မီးထဲပါသွားတဲ့ ဆရာတော်က ခန္ဓာကိုယ် ညာဘက်တစ်ခြမ်း လေဖြန်းထားတာပါ ၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းဝင်းမှာ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း သံဃာဆောင်တစ်ခုမှာ နောက်ထပ် ရဟန်းတစ်ပါးနဲ့ အတူနေထိုင်တာ မီးလောင်တဲ့အချိန် အခြား ဆရာတော်မရှိဘူး၊မသွားမလာနိုင်ဘူးလေ ၊ မီးလောင်တော့လည်း ဘယ်ထပြေးနိုင်မလဲ၊ ဒါ့ကြောင့် အသက်ဆုံးရှုံးရတာပါ ၊ သက်တော်က ၇၂ နှစ်…
Read Moreနိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းကြောင့် မော်လ်ဒိုဗာ၀န်ကြီးချုပ်နဲ့အစိုးရအဖွဲ့ နှုတ်ထွက်
ချီဆင်နော့၊ ဖေဖော်ဝါရီ-၁၁-၂၀၂၃ မျိုးဆက်(VOM) မော်လ်ဒိုဗာနိုင်ငံမှာ အစိုးရပြိုလဲပြီးနောက် ၁၈ လအကြာမှာ နိုင်ငံရေးနဲ့စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားပြီးနောက် အီးယူလိုလားတဲ့ လက်ရှိ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ နှုတ်ထွက်သွားပါတယ်။ ဥရောပရဲ့အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ မော်လ်ဒိုဗာနိုင်ငံဟာ အကျပ်အတည်းများစွာဖြင့် ရုန်းကန်နေခဲ့ရကြောင်း နှုတ်ထွက်သွားတဲ့ ၀န်ကြီးချုပ်နာဆာလီယာဂါဘရီလီတာက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောပါတယ်။ အိမ်နီးချင်းယူကရိန်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် မော်လ်ဒိုဗာနိုင်ငံမှာလည်း ငွေကြေးဖောင်းပွမှု၊ စွမ်းအင်စျေးနှုန်းကြီးမြင့်မှု၊ ဒုက္ခသည်တွေ၀င်ရောက်လာမှုနဲ့ ရုရှားရဲ့ရန်စမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်မှာ ရာထူးမှနှုတ်ထွက်ကြောင်းကြေညာခဲ့တဲ့ မော်လ်ဒိုဗာ၀န်ကြီးချုပ်က သူ့ရဲ့အစိုးရဟာ ၂၀၂၁ ခုနှစ်ရွေးချယ်တင်မြောက်ခံရတဲ့အခါ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ခုလောက်ထိ ကိုင်တွယ်ဖြေရှင်းရမယ်လို့ ဘယ်သူမှ မျှော်လင့်မထားကြောင်း ပြောပါတယ်။ အကျပ်အတည်းများစွာနဲ့တိုင်းပြည်ကို ဦးဆောင်ဖို့ အနစ်နာခံကြိုးပမ်းခဲ့တာတွေအတွက် ၀န်ကြီးချုပ်ကိုကျေးဇူးတင်ကြောင်း မော်လ်ဒိုဗာသမ္မတ မိုင်ယာဆန်ဒူကပြောပါတယ်။ သမ္မတဟာ ၀န်ကြီးချုပ်သစ်အဖြစ်…
Read Moreဘုန်းကြီးနဲ့ သီလရှင်တွေ ဖေ့စ်ဘုတ်နဲ့ TikTok မှာ သီချင်းဆိုတာ၊ကခုန်တာတွေလုပ်ရင် လူဝတ်လဲ အရေးယူမယ်
ဖေဖော်ဝါရီ ၁၁ – ၂၀၂၃ GG(VOM) ဘုန်းကြီး ၊သီလရှင်တွေ Tik Tok နဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ကခုန်တာ၊သီချင်းဆိုတာတွေ လုပ်ရင် လူဝတ်လဲပြီး အရေးယူသွားမှာဖြစ်တယ်လို့ နိုင်ငံတော် သံဃမဟာနာယက (မဟန)အဖွဲ့က သတိပေးထားတယ်လို့ သိရပါတယ်။ သီလရှင် ၊ဘုန်းကြီးတွေအနေနဲ့ သီချင်းဆိုတာတွေ ကခုန်တာတွေမလုပ်ဖို့ သက်ဆိုင်ရာမြို့နယ် သံဃနာယကအဖွဲ့ကတဆင့် ကျောင်းထိုင်ဆရာတော်၊ ကျောင်းအုပ် ၊ ချောင်အုပ် ၊ ဇရပ်သီလရှင်ဆရာကြီးတွေဆီအသိပေးထားတယ်လို့သိရပါတယ်။ ” အခုနောက်ပိုင်း ဖေ့ဘုတ်စ်တွေ ၊ Tik Tok မှာ သီချင်းဆိုပြီး ကတဲ့ဗီဒီယိုတွေ၊ကနေတာတွေတင်တာ များလာတယ်။အဲ့ဒါတွေက လူပြောများလာပြီး ကဲ့ရဲ့စရာဖြစ်လာတယ်၊ဒါကြောင့် မဟန ဆရာတော်ကြီးတွေက အခုလိုသတိပေးလိုက်တာ”လို့ ကျောင်းထိုင်ဆရာတော်တပါးကမိန့်ပါတယ်။ ဇန်နဝါရီလ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲရဲ့ပဉ္စမအကြိမ် ဧကာဒသမအစည်းအဝေးမှာ ဆရာတော်ကြီးတွေက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အကယ်၍ သတိပေးတားမြစ်ချက်ကို…
Read Moreအမေရိကန် ချက်ဗရွန်ရေနံကုမ္ပဏီက အစုရှယ်ယာတွေရောင်းပြီး မြန်မာနိုင်ငံကထွက်တော့မည်
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်ရေနံကုမ္ပကြီးဖြစ်တဲ့ ချက်ဗရွန်ကော်ပိုရေရှင်းဟာ မြန်မာနိုင်ငံမှာလုပ်နေတဲ့ရေနံနဲ့သဘာ၀ဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်း အစုရှယ်ယာတွေကို ကနေဒါအခြေစိုက် အမ်တီအိုင်ကုမ္ပဏီကို ရောင်းချဖို့သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ချက်ဗရွန်နဲ့အခြားရေနံကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံကနေ ရုပ်ငန်းတွေရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပြီးနောက် ချက်ဗရွန်ကုမ္ပဏီက သူ့ရဲ့အစုရှယ်ယာတွေကို အပြီးသတ်ရောင်းချခဲ့တာဖြစ်ပါတယ်။ ချက်ဗရွန်ကုမ္ပဏီဟာ မြန်မာ့ကမ်းလွန်က ရတနာစီမံကိန်းက သူ့ရဲ့အစုရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းကို အမ်အိုင်တီရဲ့ လုပ်ငန်းခွဲတခုထံရောင်းချဖို့သဘောတူခဲ့ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်မှာ ချက်ဗရွန်ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ရတနာသဘာဓါတ်ငွေ့ထုတ်လုပ်ရေးစီမံကိန်းဟာ ပြည်တွင်းသုံးနဲ့ ထိုင်းနိုင်ငံအတွက် တင်ပို့မှုတွေ လုပ်ဆောင်နေတဲ့စီမံကိန်းဖြစ်ပြီး မြန်မာ့ အမ်အိုဂျီအီးနဲ့ ဖက်စပ်လုပ်ငန်းဖြစ်ပါတယ်။ ပြင်သစ်ရေနံကုမ္ပဏီ TotalEnergies ဟာလည်း အဲဒီစီမံကိန်းက သူ့ရဲ့အစုရှယ်ယာတွေကို ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။ Ref: CNA…
Read Moreမြစ်ခြေ မြင်းမွေးမြူးရေး တပ်စခန်း တိုက်ခိုက်ခံရ
ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၃ SP( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ မြစ်ခြေမြို့ ၊ သိမ်တော်ရပ်ကွက်မှာရှိတဲ့ မြင်းမွေးမြူရေး (ဒေသအခေါ် BBI)တပ်စခန်းဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်အစောပိုင်းက တိုက်ခိုက်ခံရတယ်လို့ မြစ်ခြေ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၇ နာရီဝန်းကျင်ကစလို့ မြင်းမွေးမြူရေး တပ်စခန်းဘက်မှာ ပစ်ခတ် တိုက်ခိုက်သံတွေကြားရတယ် ၊ အဲ့ဒီ ပစ်ခတ်သံတွေကြောင့် မြစ်ခြေမြို့ခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနက် ၉ နာရီဝန်းကျင်မှာ ရဟတ်ယာဥ်တွေရောက်လာတယ် ၊ ၂ ဘက် ဒဏ်ရာရ သေဆုံးတာတော့ အခုထိ မသိရ သေးဘူး”လို့ မြစ်ခြေ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ မြစ်ခြေမြို့မှာရှိတဲ့…
Read Moreတာချီလိတ်မှာ ၅ ထပ်တိုက်တလုံး မီးလောင်မှုဖြစ်ပြီး ကျပ်သိန်း ၅၀၀၀ ကျော်ဆုံးရှုံးခဲ့
ဖေဖော်ဝါရီ၊၁၁-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (က) ရပ်ကွက်၊ ပုံလို့လမ်းက လူနေငါးထပ်တိုက်တစ်လုံး ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၄ နာရီလောက်က မီးစတင်လောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီမီးလောင်မှုကြောင့် ၅ ထပ်တိုက် အဆောက်အဦးတခုလုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ ကျော်လောက်ဆုံးရှုံးခဲ့ကာ လူတွေတော့ထိခိုက်သေဆုံးတာမရှိခဲ့ဘူးလို့ ဒေသခံလူမှုကူညီရေးအသင်း တာဝန်ရှိသူ တယောက်ကပြောပါတယ်။ ”ဒီနေ့ မနက် စောစောပိုင်းမှာလောင်တာ ၊အရမ်းအေးပြီး နှင်းတွေကျနေတာကြောင့် အခြားအိမ်တွကို မကူးစက်တာ၊ မီးလောင်တဲ့ အဆောက်အဦက ၅ ထပ်ရှိတဲ့တိုက်ပါ ၊ လူထိခိုက်မှုတော့ မရှိပါဘူး၊ မီးလောင်တဲ့အချိန် လူတွေက အော်ဟစ်ထွက်ပြေးကုန်လို့ လွတ်သွားတာ ၊ ဘာကြောင့် လောင်တာလည်းတော့ မသိသေးဘူး ၊ မီးသတ်ကစစ်ဆေးနေတယ် ၊ လူချမ်းသာတွေနေတဲ့ တိုက်ဆိုတော့ ဆုံးရှုံးမှုများတာပေါ့။”လို့သူက ဆက်ပြောပါတယ်။ အဲ့ဒီ…
Read Moreရခိုင်မှာ တရက်တည်း မီးလောင်မှု(၂)ကြိမ်ဖြစ်ပြီး သံဃာတပါးပျံလွန်တော်မူ၊ အဘွားအိုတဦးသေဆုံး
ဖေဖော်ဝါရီ ၁၁- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်အတွင်း ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီကနေ့ အစောပိုင်းက မြောက်ဦးမြို့နယ်၊ မြောင်းဘွေစံပြကျေးရွာ၊ အရှေ့ရပ်ကွက်က ဒေါ်ယဉ်သာဖြူ အသက် (၈၈) နှစ်ဟာ သေဆုံးသွားတယ်လို့ သိရပါတယ်။ နောက်ပြီး ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းမှာ မီးလောင်မှုဖြစ်ပွားပြီး အသက် (၇၂) နှစ်အရွယ် သံဃာတော်တပါး ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်အစောပိုင်း မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာက မီးလောင်မှုမှာ အသက် (၈၈) နှစ်အရွယ် ဒေါ်ယဉ်သာဖြူဟာ ဆေးတံအမြဲသောက်တတ်ပြီး ဆေးတံနဲ့ မီးခြစ်ကို အမြဲဆောင်ထားလေ့ရှိကာ သူဟာ လမ်းလျှောက်လို့ မရတော့ဘဲ တဦးတည်းနေသူဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ အဲဒီ အဖွားအို သေဆုံးသွားတာနဲ့ ပတ်သက်ပြီး…
Read More