အမေရိကန် ချက်ဗရွန်ရေနံကုမ္ပဏီက အစုရှယ်ယာတွေရောင်းပြီး မြန်မာနိုင်ငံကထွက်တော့မည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၁-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်ရေနံကုမ္ပကြီးဖြစ်တဲ့ ချက်ဗရွန်ကော်ပိုရေရှင်းဟာ မြန်မာနိုင်ငံမှာလုပ်နေတဲ့ရေနံနဲ့သဘာ၀ဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်း အစုရှယ်ယာတွေကို ကနေဒါအခြေစိုက် အမ်တီအိုင်ကုမ္ပဏီကို ရောင်းချဖို့သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ချက်ဗရွန်နဲ့အခြားရေနံကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံကနေ ရုပ်ငန်းတွေရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပြီးနောက် ချက်ဗရွန်ကုမ္ပဏီက သူ့ရဲ့အစုရှယ်ယာတွေကို အပြီးသတ်ရောင်းချခဲ့တာဖြစ်ပါတယ်။

ချက်ဗရွန်ကုမ္ပဏီဟာ မြန်မာ့ကမ်းလွန်က ရတနာစီမံကိန်းက သူ့ရဲ့အစုရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းကို အမ်အိုင်တီရဲ့ လုပ်ငန်းခွဲတခုထံရောင်းချဖို့သဘောတူခဲ့ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်မှာ ချက်ဗရွန်ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ရတနာသဘာဓါတ်ငွေ့ထုတ်လုပ်ရေးစီမံကိန်းဟာ ပြည်တွင်းသုံးနဲ့ ထိုင်းနိုင်ငံအတွက် တင်ပို့မှုတွေ လုပ်ဆောင်နေတဲ့စီမံကိန်းဖြစ်ပြီး မြန်မာ့ အမ်အိုဂျီအီးနဲ့ ဖက်စပ်လုပ်ငန်းဖြစ်ပါတယ်။

ပြင်သစ်ရေနံကုမ္ပဏီ TotalEnergies ဟာလည်း အဲဒီစီမံကိန်းက သူ့ရဲ့အစုရှယ်ယာတွေကို ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။

Ref: CNA
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW