ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ-၂၂-၂၀၂၃ မျိုးဆက်(VOM) တူရကီတောင်ပိုင်းမှာ ယခုလအစောပိုင်းက လှုပ်ခတ်ခဲ့သောအင်အားပြင်း မြေငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတန်ချိန် ၁၁၆ သန်းကနေ သန်း ၂၁၀ ထိ ဖယ်ရှားရှင်းလင်းရဖွယ်ရှိကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။ လူပေါင်း ၁၇၀၀၀ ကျော်သေဆုံးခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ တူရကီငလျင်နောက်ပိုင်း ယခုငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေဟာ ယခင်ကဖြစ်ပေါ်ခဲ့တဲ့ တန်ချိန် ၁၃ သန်းထက် မဆမတန်ကျော်လွန်နေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (ယူအင်န်ဒီပီ)က ပြောပါတယ်။ အဲဒီခန့်မှန်းချက်ဟာ တူရကီအစိုးရရဲ့ စစ်တမ်းနဲ့ ငလျင်ဘေးသင့်ဒေသတွေရဲ့ ဂြိုဟ်တုဓါတ်ပုံတွေအပေါ် အခြေခံထားပြီး အဆောက်အဦ ၁၁၈၀၀၀ ခန့်ပြိုကျခြင်း သို့မဟုတ် ပြိုကျနိုင်ခြေရှိကြောင်း ဖော်ပြထားပါတယ်။ ငလျင်ကြောင့် တူရကီပြည်သူ ၁ ဒသမ ၅ သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နေအိမ်သစ်ငါးသိန်းထက်မနည်း ဆောက်လုပ်ဖို့ လိုအပ်ကြောင်း ယူအင်န်ဒီပီရဲ့ တူရကီဌာနေကိုယ်စားလှယ်…
Read MoreMonth: February 2023
မိသားစုနဲ့ ကားအောက်မှာအတူအိပ်နေရင်း ပျောက်ဆုံးသွားတဲ့ ၆နှစ်အရွယ် ကလေးကို သေဆုံးလျက်ပြန်တွေ့
ဖေဖော်ဝါရီ ၂၂ -၂၀၂၃ GG(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့က New Day ဆီဆိုင်မှာ ညဘက် ဆီချပြီးနောက် ကားအောက်မှာ ဖခင်အပါအဝင် မိသားစုလိုက်အတူအိပ်နေရာကနေ ပျောက်ဆုံးသွားတဲ့ အသက် ၆ နှစ်အရွယ် သားဖြစ်သူကို ဒီနေ့ဖေဖော်ဝါရီလ ၂၂ ရက် မနက်စောက သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ကလေးငယ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ၁၈ ရက် ညပိုင်းကတည်းက ပျောက်ဆုံးတာဖြစ်ပြီး ၄ ရက်အကြာမှာ အဲ့ဒီဆီဆိုင်နဲ့ကပ်လျက် အာဇာနည်ဗိမာန်ထဲက ရေကန်ထဲမှာ သေဆုံးနေတာတွေ့ရှိရတာဖြစ်တယ်လို့သိရပါတယ်။ ” အခုမနက်ပဲ ကလေးအဖေဖုန်းဆက်လာတာ၊ပြန်တွေ့ပြီပေါ့ ရေကန်ထဲမှာ၊ အဲ့ဒီရေကန်က ဆီဆိုင်နဲ့ကပ်လျက်ပဲလေ၊ကလေးက ယောင်ပြီးလျှောက်သွားမိလားမပြောတတ်ဘူး။ကလေးအဖေက မိသားစုကိုခေါ်လာတာ ပုဂံဘက်ဘုရားဖူးသွားကြမယ်ဆိုပြီးထင်ပါတယ်။ အိပ်တာကလည်း မိသားစုတွေအတူအိပ်နေရာကနေ ကလေးကပျောက်သွားတာ၊အိပ်နေကြတော့ဘယ်လိုထသွားလဲ မသိလိုက်ကြဘူးပေါ့ “လို့ ကူညီပေးခဲ့တဲ့ ပခုက္ကူမြို့ခံတဦးကပြောပါတယ်။ ကလေးငယ်ပျောက်ဆုံးပြီးကတည်းက မိသားစုလိုက် ပခုက္ကူကနေမပြန်ဘဲ ကလေးကိုလိုက်လံရှာဖွေခဲ့တာဖြစ်ကြောင်း၊ ကလေးမိသားစုဟာ ပဲခူးမြို့ကဖြစ်တယ်လို့ သိရပါတယ်။ ရေကန်ထဲကနေ…
Read Moreမြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားလာနေ
ပြုံးယမ်း၊ ဖေဖော်ဝါရီ-၂၂-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ဆိုးရွားတဲ့ စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ပိုမိုရင်ဆိုင်နေရကြောင်း ကျွမ်းကျင်သူတွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား ရင်ဆိုင်နေရတဲ့ ကာလရှည်ကြာ စားနပ်ရိက္ခာအကျပ်အတည်းဟာ မထူးဆန်းပေမယ့်လည်း နယ်စပ်ထိန်းချုပ်မှု၊ ရာသီဥတုညံ့ဖျင်းမှုနဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် မကြာသေးမီနှစ်တွေအတွင်း ပိုမိုဆိုရွားလာတယ်လို့ သူတို့ကပြောပါတယ်။ နိုင်ငံ၏စိုက်ပျိုးရေးမူဝါဒအတွက် အခြေခံကျတဲ့ အပြောင်းအလဲတရပ်ကိုဆွေးနွေးဖို့ ဖေဖော်ဝါရီလကုန်မှာ ထိပ်တန်းအရာရှိတွေ အစည်းအဝေးကျင်းပဖွယ်ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်မှာ စားနပ်ရိက္ခာတန်ချိန် ၁၈၀၀၀၀ ကျော်သာထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ပမာဏနည်းပါးကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတွေရဲ့ ဂြိုဟ်တုဓါတ်ပုံလေ့လာမှုမှာ ဖော်ပြထားပါတယ်။ နိုင်ငံတွင်းမှာ မိုးခေါင်းခြင်းနဲ့ ရေကြီးခြင်းကဲ့သို့သော ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် ဆောင်းနဲ့ နွေသီးနှံတွေ ထုတ်လုပ်မှု လျော့ကျနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က လွန်ခဲ့တဲ့နှစ်ဇွန်လမှာ သတိပေးထားပါတယ်။ Ref: BBC Photo: Getty Images…
Read Moreကုန်သွယ်လမ်းကြောင်းသွားမယ့် ကားတွေ QR Code ရဖို့ ရက်ချီ စောင့်ဆိုင်းနေရ
ဖေဖော်ဝါရီ ၂၂-၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သွယ်ရာ လမ်းကြောဘက်သွားမယ့် ကုန်တင်ကားတွေ အခုရက်ပိုင်းအတွင်း ကုန်သယ်ဆောင်ခွင့် QR Code ရဖို့ ရက်ချီ စောင့်ဆိုင်းနေရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ လက်ရှိ လားရှိုးရုံးက ထုတ်ပေးနေတဲ့ ကုန်သယ်ဆောင်ခွင့် QR Code ကို စောင့်ဆိုင်းနေတာ အချိန်အတော်ကြာနေတယ်လို့ ကျင်စန်းကျော့ဘက် ကုန်တင်ပို့မယ့် ယာဉ်မောင်း ၁ ဦး က ပြောပါတယ်။ “ဒီနေ့ဆို တစ်ည အိပ် နှစ်ရက် ဖြစ်ပြီလေ။ စနေ၊ တနင်္ဂနွေက လာတင်ထားတဲ့ ကားတွေလည်း ဒီမှာ လာပုံနေတယ်။ တနင်္လာနေ့ကလည်း ရုံးပိတ်တဲ့။ အင်္ဂါနေ့မှ လိုင်စင်ကျတော့ ကားတွေ အရမ်းပုံနေတာ။”လို့ သူက ပြောပါတယ်။ သက်ဆိုင်ရာဝန်ထမ်းတွေက ကားစာရင်းတွေ၊ ကားပုံတွေ ယူပြီး လားရှိုးရုံးကနေ နေပြည်တော််ကို လှမ်းတင်ကာ…
Read Moreစစ်ရှောင်နဲ့မီးဘေးသင့်တွေကို လိုအပ်မှုတွေကြားက ကူညီကယ်ဆယ်ပေးနေရတဲ့ မြိုင်နယ်က သားဖွားဆရာမတဦး
ဖေဖော်ဝါရီ ၂၂-၂၀၂၃ Voice Of Myanmar(VOM) မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်နေရသူတွေနဲ့ မီးဘေးသင့်နေတဲ့သူတွေကို လိုအပ်လျက်တွေများစွာရှိနေတဲ့ကြားက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရတဲ့ သားဖွားဆရာမတဦး ရှိနေပါတယ်။ သူကတော့ မြိုင်နယ်၊ ကျေးရွာတရွာက နိုင်ငံရေးမဖက် စစ်ရေးမစွက်တဲ့ ပရဟိတဆရာမလေး မသော်တာပါ။ ဆရာမလေးသော်တာဟာ သူရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့အခါ အချိန်ကာလရှည်ကြာလာတော့ အကူအညီအထောက်အပံ့မရှိတော့တဲ့အခြေအနေတွေနဲ့ ဆေးဝါးလိုအပ်မှုအခက်အခဲတွေကြုံလာခဲ့ပါတယ်။ ဒါကြောင့် သူအမြဲစီးနေတဲ့ဆိုင်ကယ်လေးကိုရောင်းချပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက်လုပ်ဆောင်ပေးနေပေမယ့် သူ့ကိုယ်ပိုင်ပိုက်ဆံမစိုက်ထုတ်နိုင်တဲ့တနေ့မှာ သူတတ်ထားတဲ့ ပညာနဲ့ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆက်လက်ဆောင်ရွက်မပေးနိုင်မှာကို တွေးပြီးစိုးရိမ်ပူပန်နေပါတယ်။ လက်ရှိအချိန်ထိ မြိုင်နယ်မှာ ဆရာမလေးသော်တာမွေးဖွားပေးခဲ့တဲ့ ကလေးငယ်ပေါင်း (၃၀) ကျော်အထိရှိနေပြီလို့ သိရပါတယ်။ အရင်တုန်းက စစ်ဘေးရှောင်နဲ့မီးဘေးသင့်ဒုက္ခဆိုတာတွေကို တိုင်ရင်းသားဒေသတွေမှာသာ ကြားဘူးပါတယ်ဆိုတဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲကအညာသူအညာသားတွေလည်း ကိုယ်တိုင်ကြုံတွေ့နေကြရပါပြီ။ အဲ့ဒီအထဲမှာဆိုရင် မြိုင်မြို့နယ်ထဲက သက်ကြီးရွယ်အိုနဲ့ကိုယ်ဝန်ဆောင်မိခင်တွေ မှာကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မြိုင် #သားဖွားဆရာမသော်တာ Youtube…
Read Moreဆောင်းယွန်းယိုင်နွေ
ဆူးငှက် “….စံဖီရွှေသွယ်၊ ပျံ့လှယ်ဝတ်မှုန်မွှေး လေပြေတသွေးသွေး၊ စုံမြိုင်ခြေကျေးနှင့် ပန်းသာထွေ… ဆောင်းယွန်းယိုင်နွေ၊ လဝန်းရစ်ခါစွေ ရွက်ဝါကြွေ…နွေမူးမူး မိန်ရာသီ၊ ခါမှီလသာခေါင် မြလွှာမှောင်…. တောင်ခိုးမြူး….” မန္ဆလေးမှာက ဆောင်းအကုန် နွေအကူး အခုလို ကာလလေးက လွမ်းစရာ့ ရသတစ်မျိုးကို ပေးသည်။မြဝတီမင်းကြီး ဦးစက ဒီရာသီကို “ဘုံပျံနေနန်း” ပတ်ပျိုးကြီး၌ “ဆောင်းယွန်းယိုင်နွေ” ဟူသော စကားလုံးဖြင့် သုံးနှုန်းခဲ့၏။ ဆောင်းကား ခွာလေပြီ…။နွေဘက်သို့ ယိုင်လုလု။ မနက်လင်းအားကြီးမှာတော့ ခွာစဆောင်း၏ ချမ်းမြမြ အအေးက အစွမ်းပြသေးသည်။ သို့သော် ဆောင်းမပီတော့။ဆောင်း၏ အဆောင်အယောင် နှင်းဝတ်ရုံကား တောင်လေညှင်းတွင် ဥသြငှက်အသံသဲ့သဲ့ ကြားမိကတည်းက ပရုပ်လုံးဖြင့် ထုပ်ပိုး သိမ်းဆည်း ပြီးလောက်ပြီ။ ထို့ကြောင့်လည်း နေထွက်ပြူပြီး မကြာမီမှာပင် “လေဝန်းရစ်ကာခွေ”လာသည်။ ရွက်ဝါတို့လည်း လေဟုန်စီးကြတော့၏။ ပတ်ဝန်းကျင်သည် နေ၏ ပွင့်လင်းမှုနှင့်အတူ ဆောင်းငွေ့၏ စိုထိုင်းမှုဖြင့် ကြည်ကြည်လင်လင်…
Read Moreပြည်ပပို့ကုန်ရငွေ ကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ရထားတဲ့ ဆန်၊ ဆန်ကွဲ ပို့ကုန်ရငွေ ၆၅ % ဗဟိုဘဏ်စျေးနဲ့လဲလှယ်ရမယ်လို့ သိရ
ဖေဖော်ဝါရီ ၂၁ – ၂၀၂၃ VG(VOM) ပြည်ပပို့ကုန်ရငွေ ကန့်သတ်ချက်တွေကနေ ကင်းလွတ်ခွင့်ရထားတဲ့ ဆန်နဲ့ ဆန်ကွဲ လည်း လာမယ့်မတ်လကစပြီး ပို့ကုန်ရငွေထဲက ၆၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ်စျေးနဲ့လဲလှယ်ရတော့မှာဖြစ်တယ်လို့သိရပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ ပို့ကုန် ရငွေ ၆၅ ရာခိုင်နူန်းကို တရက်အတွင်း ဗဟိုဘဏ်သတ်မှတ်နူန်းနဲ့လဲလှယ်ရမှာဖြစ်ပြီး ကျန် ၃၅ ရာခိုင်နူန်းကိုသာ ပြင်ပစျေးကွက် ပေါက်စျေးအတိုင်း လဲလှယ်ခွင့်ရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီစနစ်သာ တကယ်ကျင့်သုံးပါက ဆန်ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ဆန်တအိတ်ကို ငွေကျပ် သောင်းဂဏန်းဝန်းကျင်နစ်နာမှုရှိတယ်လို့ သိရပါတယ်။ “ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း မတ်လ ၁ ရက်နေ့ကစပြီး ဆန်နဲ့ဆန်ကွဲကိုလည်း တခြားကုန်ပစ္စည်းနည်းတူစနစ်နဲ့သွားမယ်လို့ကြားထားတယ်၊အတိအကျက သတင်းထုတ်ပြန်မှသိရမှာပဲ၊ဒါပေမယ့်တော်တော်လေးတော့သေချာသလောက်ဖြစ်နေပြီ၊ ၆၅ နဲ့ ၃၅ စနစ်နဲ့သွားရမယ်ဆိုရင် ဆန်တအိတ်ကို မြန်မာငွေ ၁၀၀၀၀ နစ်နာသွားနိုင်ပါတယ်”လို့ မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌဦးမင်းသိန်းကပြောပါတယ်။ ပို့ကုန်ရငွေ ကန့်သတ်ချက်ပြောင်းလဲမှုဟာ…
Read Moreဆောင်းအကုန် နွေအကူးကာလ ငွေနှင်းမှုန်ထူထပ်တဲ့ မြို့စစ်တွေ မနက်ခင်း
ဖေဖော်ဝါရီ ၂၁-၂၀၂၃ SW(VOM) အမှတ်မထင် နှင်းတွေထူထပ်စွာကျရောက်နေတဲ့ စစ်တွေမြို့ရဲ့ မနက်ခင်း စောစောပိုင်း ပတ်ဝန်းကျင်ကိုအလှဆင်ထားချိန် မြို့လူထုကို ငွေနှင်းမှုန်တွေက ဆီးကြိုနေပါတယ်။ စစ်တွေမြို့ရဲ့ မနက်စောစောအချိန်ဟာ ဆိုင်ကယ်၊ သုံးဘီး၊ အိန္ဒိယသုံးဘီးယာဥ်တွေနဲ့ မေယုလမ်းပေါ်က လမ်းသန့်ရှင်ရေးလုပ်နေတဲ့ မိမိတို့ရဲ့ တာဝန်တွေကိုယ်စီကို လုပ်ကိုင်နေကြရပါတယ်။ မြို့ပေါ် လမ်းတွေအားလုံး နှင်းမှုန်တွေနဲ့ အမြင်အာရုံ မရှင်းသလိုခံစားရပေမယ့် လမ်းသွားလမ်းလာ ယာဥ်တွေဆီကအလင်းရှိနေတာကြောင့် လှပတဲ့ မြင်ကွင်းတခု ဖြစ်လို့နေပါတယ်။ #voiceofmyanmar #VOM #ရခိုင်
Read Moreကျောက်ဆည်မြို့နယ်မှာ ပေါ့ဆမီးကြောင့် လူနေအိမ် ၂၅ လုံး မီးလောင်
ဖေဖော်ဝါရီ ၊ ၂၁ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့နယ် ၊ မြောင်းဦးကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် ၂၅ လုံး မီးလောင်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။ ” မနေ့က ညနေ ၃ နာရီခွဲလောက်မှာ ကိုချစ်သဲမောင်ဆိုသူ နေအိမ်ကနေ မီးစတင်လောင်တယ် ၊ ပေါ့ဆမီးကနေ အခြားဘေးအိမ်တွေကို ကူးစက်လောင်တယ် ၊ လူနေအိမ် ၂၅ လုံး လောင်တယ် ၊လူ ၊ တိရစ္ဆာန် သေဆုံးတာ မရှိဘူး ၊ ည ၁၁ နာရီဝန်းကျင်မှာ အပြီးသတ် မီးငြိမ်နိုင်ခဲ့တယ် “လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။ အဲ့ဒါကြောင့် မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်…
Read Moreမန္တလေးမြို့ရှိ ခရိုင်တရားရုံး နဲ့ တိုင်းလွှတ်တော်ရုံးအနီး ပေါက်မှုဖြစ်ပွါးခဲ့
ဖေဖော်ဝါရီ ၂၁-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၅ လမ်း၊ ၃၃x၃၄ လမ်းကြား၊ မဟာအောင်မြေခရိုင်တရားရုံး ကားပါကင်အုတ်တံတိုင်းအနီးမှာ ဒီကနေ့မနက် ၁၀နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ ” အသံမိုင်းလား ဗုံးလားမသိ ပေါက်တာ၊ ကျွန်တော်တို့ဆို ပြန်ပြေးလားရတာပဲ၊ ရုံးဖွင့်ချိန်ဆိုတော့ တချို့ကတော့မသိလိုက်ဘူး၊ ပေါက်ကွဲမှုဖြစ်တာကတော့ ဟုတယ်”လို့ တရာရုံးနဲ့နီးစပ်သူတဦးက VOMကိုပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုမှာ လူထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘဲ ကီးပတ်ဖုန်း အပိုင်းအစ၊ ဆင်းကတ်၊ ဖုန်းဘထ္ထရီအပိုင်းအစနဲ့ ယမ်းကြိုးအပိုင်းအစတွေ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒါ့အပြင် အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ တိုင်းလွှတ်တော်ရုံးမှာလည်း ပေါက်ကွဲမှူဖြစ်ပွါးခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာ အချို့မှာတင်ပြထားတာကိုလည်း တွေ့ရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ပေါက်ကွဲမှု
Read More