ဖေဖော်ဝါရီ ၂၁ – ၂၀၂၃ SN (VOM) ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ ဒီနေ့ ဖေဖေါ်ဝါရီ၂၁ ရက်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ နှလုံးဖောက်ခဲ့တဲ့အတွက် သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အသက် ၅၅ နှစ်အရွယ်ရှိ ဒါရိုက်တာမင်းသားသီဟတင်စိုးသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့က သင်္ဃန်းကျွန်းဆေးရုံမှာ ကွယ်လွန်အနိစ္စရောက်ကြောင်း သိရပါတယ်။ သရုပ်ဆောင်အကယ်ဒမီ သီဟတင်စိုးသည် ၂၀၀၀ ခုနှစ်က ငရဲသားဇာတ်ကားနဲ့ ဒါရိုက်တာနဲ့ အဓိကသရုပ်ဆောင် ထူးချွန်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင် သီဟတင်စိုး ကောင်းမွန်ရာဘုံဘဝရောက်ရှိပါစေ“ လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ မြန်မာ့ရုပ်ရှင်လောက၊ မြန်မာ့ဗွီဒီယိုဇာတ်ကားတွေမှာ…
Read MoreMonth: February 2023
အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ယူကရိန်းကို မကြေညာဘဲသွားရောက်၊ ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီထပ်ပေးမယ်လို့ ကတိပြု
ကိဗ်ယက်၊ ဖေဖော်ဝါရီ-၂၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ယူကရိန်းကို မပြောင်းမလဲထောက်ခံကြောင်းပြသတဲ့အနေနဲ့ သမ္မတဂျိုးဘိုင်ဒင်ဟာ ယူကရိန်းကို မကြေညာဘဲ ဖေဖော်ဝါရီ ၂၀ ရက်မှာ သွားရောက်ခဲ့ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု ပထမဆုံးနှစ်ပတ်လည်မတိုင်ခင်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အခုလိုသွားရောက်ခဲ့တာဖြစ်ပြီး ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမြောက်တွေအပါအ၀င် လက်နက်ခဲ့ယမ်းမီးကျောက် ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ယူကရိန်းထပ်ပေးမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။ ဒါ့အပြင် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့လည်း သူကပြောပါတယ်။ ဒီခရီးစဉ်ဟာ ယူကရိန်းရဲ့ ဒီမိုကရေစီ၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကို အမေရိကန်က မယိုင်းမယိုင်ထောက်ခံနေကြောင်း ပြသဖို့ဖြစ်တယ်လို့ သူကပြောပါတယ်။ သမ္မတရဲ့ မကြေညာတဲ့ယူကရိန်းခရီးစဉ်ကို တာ၀န်ရှိသူလက်ဖက်စာလောက်ကနေ လအတန်ကြာကတည်းက ကြိုတင်စီစဉ်နေတာဖြစ်ပြီး ဂျိုးဘိုင်ဒင်ဟာ ပိုလန်ကနေ ၁၀ နာရီကြာရထားစီးပြီး ယူကရိန်းကိုသွားခဲ့တာလို့ အိမ်ဖြူတော်တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: NHK #voiceofmyanmar #VOM #က်ိဗ်ယက်
Read Moreခရီးသည်တင်ကားပေါ်က အမျိုးသားဆီကနေ ၅၀၀၀ တန်အတု သိန်း၅၀ ဖိုး ဖမ်းမိ
ဖေဖော်ဝါရီလ ၂၁ -၂၀၂၃ GG(VOM) မကွေးတိုင်း၊ငဖဲမြို့နယ်က စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် အမျိုးသားတဦးဆီက ငွေစက္ကူအတု ၅၀၀၀ တန်ချည်း သိန်း ၅၀ ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ၂၀ ရက်နေ့ညပိုင်းက ရွှေပြည်သစ်ခရီးသည်တင်ကားပေါ်ကနေ ရှာဖွေဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ငွေစက္ကူအတုတွေကို ထိုးမုန့်ဗူးတွေနဲ့ထည့်ပြီး သယ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။ ” ကျနော်တို့သိတာတော့ ညက ၁၀ နာရီလောက် ပျဉ်းဝပူးပေါင်းစစ်ဆေးဂိတ်မှာစစ်ဆေးရင်းမိတာ၊ အမျိုးသားတဦးက ထိုးမုန့်ဗူး၇ဗူးထဲကိုပိုက်ဆံအတုတွေသယ်လာတာပေါ့။အကုန်လုံးက ၅၀၀၀ တန်ချည်းပဲ။”လို့ ငဖဲဒေသခံတဦးကပြောပါတယ်။ အဲ့ဒီကားဟာ ရန်ကုန်ကနေ စစ်တွေကို မောင်းနှင်လာတဲ့ ကားဖြစ်ကြောင်း၊ ငဖဲမြို့စစ်ဆေးရေးဂိတ်အရောက်မှာ ဂိတ်တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကားပေါ်ကို မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်ပစ္စည်းတွေ သယ်ဆောင်လာတာရှိမရှိ စစ်ဆေးချိန် ငွေအတုတွေကိုဖမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ငွေစက္ကူအတုတွေသယ်ဆောင်လာပြီး လက်ဝယ်အတူမိတဲ့ ဦးအောင်ကျော်ဆိုသူကို စစ်ဆေးမှုတွေလုပ်နေပြီး ဗဟိုဘဏ် ဥပဒေအရအရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းကလည်း…
Read Moreမိုင်းဆတ်မှာ သိန်းပေါင်း ၂၆၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ
ဖေဖော်ဝါရီ ၂၁ -၂၀၂၃ GG(VOM) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်ထဲက ရွာတရွာက နေအိမ်တအိမ်ကနေ ငွေကျပ် သိန်း ၂၆၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ၂၀ ရက်နေ့မှာ သတင်းပေးချက်အရ ပုံတပ်ကျေးရွာက ဦးအားချာ ဆိုသူနေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရာကနေ မူးယစ်ဆေးတွေနဲ့လက်နက်တွေဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” မိုင်းတွမ်တောင်ပေါ်ကျေးရွာအုပ်စု၊ ပါဟိုးကျေးရွာသွားလမ်းဘေးကအိမ်မှာ ဖမ်းမိတာလို့သိရတယ်၊သတင်းအတိအကျရလို့ ဝင်ဖမ်းတာပေါ့။သေနတ်တွေက ၇ လက်လို့ သိရတယ် ” လို့ မိုင်းဆတ်ဒေသခံတဦးကပြောပါတယ်။ ဖမ်းဆီးရမိတာတွေကတော့ စိတ်ကြွဆေးပြားပေါင်း ၆၅သိန်း၊လက်နက်တွေကတော့ ပွိုင့် ၂၂ သေနတ် ၄ လက်၊ M-16 သေနတ် ၁ လက်၊ ပြောင်းချော သေနတ် ၂ လက်၊ M-16 ကျည် ၂၂ တောင့်၊ ပွိုင့် ၂၂ ကျည်အိမ် ၃ ခု၊…
Read Moreငလျင်ကြောင့် လူသောင်းချီသေဆုံးခဲ့တဲ့ တူရကီမှာ နောက်ဆက်တွဲ အင်အားပြင်းမြေငလျင်နှစ်ကြိမ် လှုပ်ခတ်ပြန်
အန်ကာရာ၊ ဖေဖော်ဝါရီ-၂၁ မျိုးဆက်(VOM) အင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့တဲ့ တူရကီနိုင်ငံမှာ နောက်ထပ်ငလျင်နှစ်ခု ဖေဖော်ဝါရီ ၂၀ ရက်မှာ ထပ်မံလှုပ်ခတ်ခဲ့တာကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေမှုတွေ ပြုလုပ်နေရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်က အင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့တဲ့ ဆီးရီးယားနယ်စပ်အနီးရှိ တူရကီအရှေ့တောင်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၄ နဲ့ ၅ ဒသမ ၈ အဆင့်ရှိ နောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် ည ၈နာရီ ၄ မိနစ်မှာ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိငလျင်လှုပ်ခတ်ခဲံ့ပြီး သုံးမိနစ်အကြာမှာတော့ ပြင်းအား ၅ ဒသမ ၈ အဆင့်ရှိနောက်ဆက်တွဲငလျင် လှုပ်ခတ်ခဲ့ကြောင်း တူရကီသဘာဝဘေးစီမံခန့်မှုအေဂျင်စီက ပြောပါတယ်။ နောက်ဆက်တွဲငလျင်တွေကြောင့် လူ ၂၁၃ ဦးဒဏ်ရာရရှိသွားကြောင်း တူရကီပြည်ထဲရေး၀န်ကြီးကပြောပါတယ်။ ဆီးရီးယားမှာတော့…
Read Moreပလိပ်က မိုတယ်ဝန်ထမ်း ၁၈ နှစ်အရွယ်အမျိုးသား ရေဆင်းကူးရာကနေ ရေနစ်သေဆုံး
ဖေဖော်ဝါရီ ၂၁ – ၂၀၂၃ VOM (GG) မန္တလေးတိုင်း ၊ပလိပ်မြို့မှာ ဒီနေ့ဖေဖော်ဝါရီ၂၁ ရက် နေ့လယ်ပိုင်းက အသက် ၁၈ နှစ်အရွယ်အမျိုးသားတယောက် ဒုဌဝတီမြစ်ထဲမှာ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရေနစ်သေဆုံးသူဟာ ပလိပ်မြို့ မိုတယ်တခုက ဝန်ထမ်း ကိုအောင်ကို ဆိုသူပြီး ဝန်ထမ်းတွေရေဆင်းကူးရာကနေ ရေနစ်သေဆုံးတာဖြစ်တယ်လို့သိရပါတယ်။ ” ၁၂ နာရီကျော်ကျော်လောက်က ရေဆော့ရင်း ရေနစ်တာပေါ့။ပလိပ်မှာရှိတဲ့ မိုတယ်တစ်ခုက ဝန်ထမ်းပါ ၊ဟိုတယ်ရဲ့နောက်ဘက်မှာ ဒုဋ္ဌဝတီမြစ်ရှိပါတယ်၊အဲ့ဒီအထဲကို ရေဆင်းကူးရင်းကနေ နစ်တာ “လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ – တိုင်းရုံး) အဖွဲ့ဝင်တဦးကပြောပါတယ်။ သေဆုံးသူ အမျိုးသားကို ရေနစ်ပြီး ၂ နာရီကျော်လောက်အကြာမှာ အလောင်း ဆယ်ယူရရှိခဲ့ပြီး လက်ရှိမှာ ရုပ်အလောင်းကို ပလိပ်တိုက်နယ်ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ကေနစ်သေဆုံးအမျိုးသား ရုပ်အလောင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းက မှတ်တမ်းယူသွားတယ်လို့သိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ…
Read Moreအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ယူကရိန်းလျှို့ဝှက်ခရီးစဉ်
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃ မျိုးဆက်(VOM) ဒီခရီးစဉ်အကြောင်း ပြောရမယ်ဆိုရင်တော့ ဒါဟာအမေရိကန်သမ္မတ တယောက်အတွက် အရင်ကမကြားခဲ့ဖူးတဲ့ ရဲရင့်တဲ့ ခရီးစဉ်လို့ ပြောရမှာဖြစ်ပါတယ်။ ပုံမှန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ စစ်မြေပြင်တစ်နေရာကို လုံခြုံရေးနည်းပါးစွာနဲ့ မကြေညာဘဲ သွားရောက်မှုဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ ယူကရိန်းကို ဆက်လက်ထောက်ခံကြောင်း အတိအလင်း ဖော်ပြမှုလည်းဖြစ်ပါတယ်။ ယခင်က စစ်မက်ဖြစ်ပွားနေတဲ့ အီရတ်၊ အာဖဂန်နစ္စတန်တို့ကို အရင်ကအမေရိကန်သမ္မတတွေ သွားရောက်ခဲ့ချိန်တုန်းက စစ်ရေးအင်အားအပြည့်နဲ့ လုံခြုံရေးရယူခဲ့တာဖြစ်ပြီး ဂျိုးဘိုင်ဒင်ရဲ့ ယူကရိန်းခရီးစဉ်ကတော့ မှင်တက်အံ့သြစေခဲ့ပါတယ်။ သမ္မတဟာ ပိုလန်ကိုသွားမယ့်ခရီးစဉ်ကို အိမ်ဖြူတော်က ကြိုတင်ကြေညာထားပေမယ့် ယူကရိန်းကိုသွားမယ်လို့ ထင်မှတ်မထားကြပါဘူး။ အဲဒီနောက် ယူကရိန်းသမ္မတဇီလန်စကီးနဲ့အတူ လေကြောင်းတိုက်ခိုက်မှု သတိပေးသံတွေထွက်ပေါ်နေတဲ့ကြားက ကိဗ်ယက်မြို့လယ်ကောင်မှာ အတူထွက်ပေါ်လာခဲ့ပါတယ်။ ဒါဟာ အန္တရာယ်များတဲ့ခရီးစဉ်ဖြစ်ပေမယ့် ယူကရိန်းအတွက် အမေရိကန်ရဲ့ ကတိက၀တ်တွေပြုထားတဲ့အပေါ် ဘယ်သူမှ သံသယမရှိသင့်တော့ကြောင်း အိမ်ဖြူတော်တာ၀န်ရှိသူတဦးက ပြောပါတယ်။ မစ္စတာဘိုင်ဒင်ဟာ အမေရိကန်ကနေ ပိုလန်နိုင်ငံ ဝါဆောမြို့ကို ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းမှာ…
Read Moreစိဖိတ်သမုဒ္ဒရာဟာ ဒုံးကျည်ပစ်ကွင်းဖြစ်သွားမယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်
တိုကျို၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မှာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။ အဲဒီဒုံးကျည်တွေကို မြောက်ကိုရီးယားအနောက်ဘက်ကမ်းရိုးတန်းကနေ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပ ပင်လယ်ပြင်အတွင်းကျရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီမှာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်ကလည်း အတည်ပြုထားပါတယ်။ အခုလို ဒုံးကျည်ပစ်ခတ်မှုကြောင့် ဒေသတွင်းမှာသင်္ဘောတွေနဲ့ အခြားထိခိုက်ပျက်စီးမှုမရှိကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ညီမဖြစ်သူ ကင်ယိုဂျုံဟာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို ဖေဖော်ဝါရီ ၂၀ ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး အမေရိကန်ရဲ့ လုပ်ရပ်တွေအပေါ်မူတည်ပြီး မြောက်ကိုရီးယားဟာ ပစိဖိတ်သမုဒ္ဒရာကို ဒုံးကျည်ပစ်ကွင်းအဖြစ် အသုံးပြုနိုင်ကြောင်း သတိပေးပြောဆိုပါထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #တိုကျို
Read Moreတူရကီမှာ ငလျင်ကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အားလုံးနီးပါး အဆုံးသတ်
အန်ကာရာ၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃ မျိုးဆက်(VOM) တူရကီနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် နှစ်ပတ်နီးပါးအကြာမှည ပြည်နယ်နှစ်ခုကလွဲပြီး ကျန်ဒေသအားလုံးနီးပါးမှာ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုတွေကို အဆုံးသတ်လိုက်ကြောင်း တူရကီသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ဖေဖော်ဝါရီ ၁၉ရက်တွင် ထုတ်ပြန်ပါတယ်။ ခါရာမန်မာရက်စ်နဲ့ ဟာတေပြည်နယ်တို့မှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သဘာဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲက ပြောပါတယ်။ အပျက်အစီးတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတွေ့ရှိနိုင်မယ့် မျှော်လင့်ချက်တွေကတော့ မှေးမှိန်နေပြီဖြစ်ပါတယ်။ ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ တူရကီနိုင်ငံကို ရောက်ရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာသန်း ၁၀၀ ပေးအပ်မယ်လို့ ကြေညာပါတယ်။ တူရကီအရှေ့တောင်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းတို့မှာ ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် လက်ရှိချိန်ထိသေဆုံးသူဦးရေမှာ ၄၄၀၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ တူရကီမှာ တိုက်ခန်းပေါင်း ၃၄၅၀၀၀ ခန့်ပျက်စီးခဲ့ပြီး လူအများအပြားပျောက်ဆုံးနေဆဲဖြစ်ကာ သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC Photo:Reuters…
Read Moreပြည်ပခရီးသွားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းမှ ကိုဗစ်-၁၉ ကျန်းမာရေးအာမခံ ပါရှိဖို့လိုအပ်
ဖေဖော်ဝါရီ ၂၀ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမယ့် ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းမှ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံ ဝယ်ယူထားကြောင်း အထောက်အထားပါရှိဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားသံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက နိုင်ငံခြားသားဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ၊ မြန်မာနိုင်ငံအတွင်း ဝင်ထွက်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ကတော့ သက်ဆိုင်ရာနိုင်ငံ (ဒါမှမဟုတ်) နိုင်ငံတကာအသိအမှတ်ပြု အာမခံလုပ်ငန်းဆီက ကိုဗစ် – ၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံ အပါအဝင် အာမခံဝယ်ယူထားကြောင်း အထောက်အထားတင်ပြနိုင်ရင် မြန်မာ့အာမခံလုပ်ငန်းဆီက ကျန်းမာရေးအာမခံဝယ်ယူခြင်းကို ကင်းလွတ်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။ “အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးအသစ် (Covid-19 Omicron XBB Variant Coronavirus) ထွက်ပေါ်နေတဲ့အတွက် အခုလို အသိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံဝယ်ယူခြင်းနဲ့…
Read More