ရေနံချောင်းက ရေနစ်ပျောက်ဆုံးနေတဲ့ ကလေး ၄ယောက်အလောင်း ပြန်တွေ့၊လူသေခဲ့တဲ့ ညောင်လှချောင်းသာကို ပိတ်ဖို့စီစဥ်နေ

မတ် ၈ – ၂၀၂၃
GG(VOM)

မကွေးတိုင်း၊ရေနံချောင်းမြို့နယ်၊ ညောင်လှချောင်းသာမှာ ရေကစားရာကနေ နစ်မြုတ်ပျောက်ဆုံးခဲ့တဲ့ ကလေး ၄ ယောက်ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ပြီဖြစ််လို့သိရပါတယ်။

သေဆုံးတဲ့ကလေးတွေက အသက် ၁၅ နှစ်နဲ့
၁၃ နှစ်အရွယ် မိန်းကလေး ၂ ယောက်၊ အသက် ၅ နှစ်နဲ့ ၆ နှစ်အရွယ် ယောကျ်ားလေး ၂ ယောက်ဖြစ်ပြီး အားလုံးကို ဒီကနေ့ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။

” မနေ့က ၁၁ နာရီမှာ ၅ နှစ်ကလေးကို အရင်တွေ့တယ်၊နောက်တော့ ကျန်တဲ့ကလေး ၃ယောက်ကို ထပ်ရှာတွေ့တယ်။မနေ့ကတည်းက ရေနံချောင်းဆေးရုံက စစ်ချက်တွေယူပြီး ကလေးတွေကိုသုဿန်မှာထားတာ။ဒီနေ့အကုန်သဂြိုလ်မယ်။ ” လို့ ကူညီမှုလုပ်နေတဲ့ ဆရာတော်ကမိန့်ပါတယ်။

သေဆုံးကလေး၄ယောက်ထဲမှာ မောင်နှမတော်စပ်သူတွေလည်းပါဝင်ပြီး ရေနံချောင်းမြို့ပေါ် ဘေးမဲရပ်ကွက်က ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြို့နယ်တာဝန်ရှိသူတွေက လူသေဆုံးမှုတွေရှိခဲ့တဲ့ ညောင်လှချောင်းသာကို ရေကစားခွင့်ပိတ်ဖို့လုပ်နေကြတယ်လို့ သိရပါတယ်။

မတ်လ ၆ ရက်နေ့ညနေပိုင်းက ညောင်လှချောင်းသာမှာ မိသားစုတွေ ရေလာကစားရင်းကနေ လူကြီး၂ယောက်နဲ့ ကလေး ၇ယောက်ရေနစ်ခဲ့တာဖြစ်ပြီး အဲ့ဒီအထဲကမှ ကလေး၄ယောက်က ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရေနံချောင်း #ရေနစ်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW