နိုင်ငံကျော်အဆိုတော် တွံတေးစိုးအောင်ကွယ်လွန်

မတ် ၉ -၂၀၂၃
GG(VOM)

အဆိုတော် တွံတေးစိုးအောင် ဒီနေ့ မတ်လ ၉ ရက်နေ့ မနက်အစောပိုင်းက ဦးနှောက် သွေးကြောပြတ်ပြီး ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။

” ဒီနေ့မနက်ပေါ့ ၂နာရီ၃မိနစ်က ကျနော့်အဖေနိုင်ငံကျော်အဆိုတော်တွံတေးစိုးအောင် ကွယ်လွန်သွားပါပြီ၊အားပေးခဲ့ကြတဲ့ပုရိတ်သတ်တွေကိုလည်းကျေးဇူးတင်ပါတယ် ” လို့ သားဖြစ်သူ တွံတေးဟိန်းကျော်က ပြောပြပါတယ်။

တွံတေးစိုးအောင်ဟာ မယ်ဒလင်တလက်တည်းနဲ့ တေးသီချင်းပေါင်းရာကျော်ကို သီဆိုခဲ့တဲ့ အဆိုတော်တဦးဖြစ်ပြီး ကျေးရွာဒေသနေလူထုအမာခံပုရိတ်သတ်ရှိသလို မြို့ပေါ်နေပုရိတ်သတ်တွေရဲ့အားပေးမှုကိုလည်းရရှိခဲ့သူဖြစ်ပါတယ်။

တွံတေးစိုးအောင်ရဲ့ ပထမဆုံး တစ်ကိုယ်တော်စီးရီးက ” ကိုကိုလို့ခေါ်ပါ ” ဆိုတဲ့စီးရီးဖြစ် ပြီး၊ နောက်ပိုင်းမှာစီးရီးခွေတွေ ဆက်တိုက်ထွက်ရှိခဲ့ရာ တေးစီးရီးပေါင်း ၁၀၀ ကျော်လောက်ရှိခဲ့တယ်လို့သိရပါတယ်။

” ကျနော်တို့ ချစ်တဲ့ချစ်ကိုကြီးစိုး ကွယ်လွန်တာသိရလို့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်၊ဆေးရုံမှာဆုံးတာလို့သိရတယ်။တနိုင်ငံလုံးမှာ မယ်ဒလင်တလက်ထဲနဲ့ သီချင်းတွေကိုရေးသားဆိုနိုင်တဲ့ တကယ့်ပါရမီရှင်ပါဗျာ ၊ခုတော့ကြွေလွင့်သွားရှာပြီ။သူ့ကို သီချင်းဆိုဖို့ပွဲငှားထားသူတွေကို ရှိထားတာပါ ” လို့ တွံတေးစိုးအောင် ရဲ့ ဂီတမိတ်ဆွေတဦးကပြောပါတယ်။

တွံတေးစိုးအောင်ဟာ လက်ရှိသေဆုံးချိန် အသက် ၆၁ နှစ်ရှိပြီဖြစ်ပြီး လာမယ့် စနေနေ့ လှိုင်သာယာ၊ ထိန်ပင်သုဿန်မှာ သဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့ကညနေ မူးတယ်ဆိုပြီးပြောလို့ဆေးရုံတင်လိုက်တာ ဆေးရုံကျဆေးတွေဘာတွေသွင်းပေမယ့် သတိပြန်မလည်လာတော့တာပေါ့။အခုအလောင်းကို လိူင်သာယာကိုသယ်နေတာပါ။ စနေနေ့မှာကို သီချင်းရိုက်ဖို့ရှိတာပါ ” လို့ တွံတေးစိုးအောင်နဲ့အလုပ်အတူလပ်နေတဲ့ သူကပြောပြပါတယ်။

တွံတေးစိုးအောင်ကိုတော့ တွံတေးမြို့ ကျုံးကြီး ရပ်ကွက်မှာ မွေးဖွားခဲ့တာ​ဖြစ် ပြီး မိဘတွေက အနုပညာမျိုးရိုးမရှိဘဲ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းသူတွေဖြစ်တယ်လို့သိရပါတယ်။

တွံတေးစိုးအောင် ကွယ်လွန်သွားတဲ့အပေါ် ပရိတ်သတ်တွေနဲ့ မယ်ဒလင်ပညာရှင်တွေ၊မြန်မာသံတေးသီချင်းဆိုသူတွေ၊အဆိုတော်တွေက ဝမ်းနည်းကြောင်း ထုတ်ဖော်ရေးသားထားကြပါတယ်။

#voiceofmyanmar #VOM #တွံတေးစိုးအောင်ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW