ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးတာကြောင့် လုပ်သား(၅)သိန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေ

မတ်လ၊၉-၂၀၂၃
MM [ VOM]

နိုင်ငံတဝှမ်း ပုဂ္ဂလိကဆောက်လုပ်ရေလုပ်ငန်းတွေ ရာနှုန်းပြည့်မလည်ပတ်နိုင်သေးတာကြောင့် လုပ်သား (၅)သိန်းဝန်းကျင်အထိ အလုပ်လက်မဲ့ဖြစ်နေရတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ရဲ့စာရင်းတွေအရ သိရပါတယ်။

ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင်လို့ လုပ်သားပေါင်း ၁ ဒသမ ၂ သန်းခန့်ကို အလုပ်အကိုင်အခွင့်အလမ်းတွေရရှိခဲ့ပြီး လက်ရှိ ၂၀၂၃ ခုနှစ်အထိ လုပ်ငန်းတွေ ၆၀ ရာခိုင်နှုန်းအထိသာလည်ပတ်နေရတဲ့အတွက် ကျန် ၄၀ ရာခိုင်နှုန်းမှာရှိတဲ့ လုပ်သားဦးရေ ၄၈၀၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်နေတယ်လို့ သိရပါတယ်။

”လက်ရှိ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးတာက ပြည်တွင်းနိုင်ငံရေး အကျပ်အတည်း ဖြစ်နေတာ ၊ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတက်လာတာနဲ့ လက်ရှိ ၆၀ ရာခိုင်နှုန်းအထိလောက်သာဘလည်ပတ်နိုင်သေးပါတယ်၊ ဆောက်လုပ်စရိတ်နဲ့ ကုန်စရိတ်တွေအရမ်းတက်နေတာနဲ့ အကျိုးအမြတ်တွေ ကွာဟမှုတွေရှိတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ကျဆင်းနေတာဖြစ်တယ်၊ ဒါ့ကြောင့်လည်း လုပ်သားပျှမ်းမျှ ၅ သိန်း နီးပါး အလုပ်လက်မဲ့ဖြစ်နေတာပါ။”လို့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးကွက်တွေမှာလည်း ၂၀၂၁ခုနှစ်ကနေ လက်ရှိ ၂၀၂၃ခုနှစ် နှစ်စပိုင်းအထိ အရောင်းဝယ် ၇၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းနေဆဲဖြစ်တယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

”အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်ဖြစ်ဖို့မပြောနဲ့ ငုတ်တုတ်ကို မေ့နေတာ၊ အရင်နှစ်တွေနဲ့ ဘာမှမဆိုင်ဘူး၊ ဆောက်လုပ်ရေးလုပ်ငန်း ဆက်စပ်နေတဲ့ အိမ်ခြံဈေးကွက်မှ မကောင်းတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ဘယ်အဆင်ပြေပါ့မလည်း၊ လုံးဝ ရပ်မသွားတာကဘဲ ကံကောင်းနေတယ်လို့ပြောရမှာ။ ”လို့ အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အဓိကကုန်ကြမ်းဖြစ်တဲ့ သုတ်ဆေး၊ သွပ် ၊ သံ ၊ ရေချိုးခန်းသုံး ပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူ စတဲ့နိုင်ငံတွေက တင်သွင်းနေရတာဖြစ်ပြီး လက်ရှိ ပြည်တွင်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချလာတဲ့အတွက် ရာနှုန်းပြည့် တင်သွင်းနိုင်တဲ့အခြေအနေမရှိဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်တွင်းဆောက်လုပ်ရေးကဏ္ဍ #လုပ်သားအလုပ်လက်မဲ့

Related posts

Leave a Comment

VOM News

FREE
VIEW